ဆန်းစခါနွေ
ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။
နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊
ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။
ခါနွေဦးသို့တည်....။
ဒေ၀ီဆောင်းသခင် မာန်လျော့လေထင့်
နွေမင်းသားနှင့် မပြိုင်လို
အားလျော့ကာ ခိုဝင်ပုန်းကာဖြင့်
ဆန်းစခါနွေ လတပေါင်းကို
တိုးတိတ်ကာ ချီးကျူး.....။
တိမ်ညိုမေလာ၊ တိမ်စူကာနှင့်
တိမ်ရောင်ပေါင်းစု ယဉ်အထုမှာ
တပေါင်းသာခေါင် လများနောင်သို့....။
1 comments:
ကဗျာလေးက မြန်မာဆန်တယ်နော်။ဒီကဗျာလေးကိုဖတ်ပြီး
မြန်မာ့အလှနဲ့ရာသီဥတုကို ပြန်လည်တမ်းတမိတယ်။
Post a Comment