အိုဘယ့်သားငယ်
သင့်အားပိုက်ထွေး
ကြိုဆိုပေးသည့်
ချစ်စွာလောက
ဤဌာန၀ယ်…….
ပွေလီရှုပ်ထွေး
ကူဖော်ကင်းလည်း
ငါ၏ခန္ဓာ ငါ့ဝန်တာဟု
သင်ကား..သတ်မှတ်နေရမည်……..
အိုဘယ့်သားငယ်
အားမငယ်လင့်.
ကံဆိုးခဲ့ဘိ “ဖ” မရှိဟု
သီခါငိုကြွေး အားငယ်နေလည်း
ဆုံးရှုံးခြင်းငှာ မတတ်သာဟု
သင်ကား သတ်မှတ်နေရမည်…………
ရှုသွင်းအသက် ငါ့လက်နက်ဟု
မှတ်ပါသတိ မြဲစွာငြိလျက်
ရှေ့သို့သာပင် ခရီးဆက်လော့…………………
0 comments:
Post a Comment