တစ်နေ့ တစ်နေ့ သွားရ လာရ… အလုပ်လုပ်နေရပြီး… ကိုယ်ပိုင်ကားမစီးနိုင်တဲ့ အလုပ်သမားတွေရဲ့ ဘ၀က သနားစရာပါ။……
အချိန်မှီရောက်အောင် ပြေးရ လွှားရ..နဲ့…မောနေတာပါပဲ…..
သူဇာလဲ အလုပ်သမားပေမို့…. တစ်နေ့တစ်နေ့ လိုင်းကားစီးရတဲ့ ဒုက္ခတွေကိုတော့ စာမဖွဲ့ချင်တော့ပါဘူး…
ခုလဲကြည့်လေ… သူဇာစီးနေကျ ကားကို.. မှတ်တိုင်မှာ စောင့်နေတာ ကြာလှပေါ့…..
ဒီနေ့ အိမ်က ထွက်တာ နဲနဲနောက်ကျတယ်…..မိုးတွင်းဆိုတော့ ပိုဆိုးတာပေါ့… အဲ့ဒါနဲ့ မှတ်တိုင်က အမိုးလေးအောက်မှာ စီးနေကျ ကားအလာကို စောင့်နေမိတာတယ်……
ဟော….လာပီ……ကျွန်မ ၀မ်းသာသွားတယ်. …….
အဝေးကတည်းက လာနေတဲ့ကားကို ကျွန်မ လှမ်းမြင်ရပါတယ်.. ဒါပေမယ့် မှတ်တိုင် အမိုးအောက်လေးထဲက မထွက်ပဲ စောင့်နေမိတယ်
မိုးက ရွာနေတာဆိုတော့ အနားရောက်မှပဲ ထီးပိတ်ပြီး တက်လိုက်မယ်ပေါ့………
ဟာ…..ကားစုတ်……….ရပ်လဲမရပ်ဘူး……..ဟာ..သွားပါပြီ….
နောက်ကျနေပါတယ်ဆိုနေမှ……….( ကျွန်မ ဘာကိုမှ မတက်နိုင်တော့ပါ..) စောင့်ပေဦးပေါ့……..နောက်တစ်စီးပေါ့………..
ဒီတစ်ခါတော့ လမ်းမအပေါ်ကနေ စောင့်နေလိုက်တယ်….
15 မိနစ်အကြာမှာ နောက်တစ်စီးရောက်လာတော့..
လက်ပါတားပြီး …..အပြေးအလွှားကိုတက်လိုက်ရပါတော့တယ်။…….
ဟူး………..တော်ပါသေးရဲ့………..
မှတ်တိုင်တစ်ခုရောက်တိုင်း ဆင်းစရာလူမရှိဘူးဆိုရင် စပယ်ယာတွေပြောတဲ စကားက ..ဘာတဲ့…
“ လှုပ်ရင် “မ” မယ် ဆရာရေ တဲ့ ” .. ဆိုလိုတာကို ကျွန်မ သဘောပေါက်လိုက်ပါပြီ…..
ပထမကားတုံးက သူဇာလေး မလှုပ်မိခဲ့လို့ပေါ့နော်…..
ကဲ…အဲ့ဒါကြောင့်… မောင်နှမ တွေအားလုံးလဲ…လိုင်းကားစီးကြမယ်ဆိုရင်တော့..
မလှုပ်ပဲ မနေမိကြစေဖို့ သတိပေးလိုက်ရပါတယ်နော်……
0 comments:
Post a Comment