လတန်ဆောင်
ကြယ်ရောင်လင်း
ဝန်းပ ပြည့်ဖြိုးတဲ့စေတနာ
သာအတိ ပီတိဖုံးလို့
ွှရွှင်ပြုံးတဲ့ချိန်ခါ
မမေ့ပါ
နှစ်တစ်ခါ ရောက်လာလို့
စုပေါင်းကြ ပဒေသာပင်
ပျော်ရွှင်ကာ တူဆင်နွှဲ
လ တန်ဆောင်တိုင်ပွဲ........................
သီတင်းကျွတ်လ
မိုးလကင်းလွတ် သီတင်းကျွတ်
ပျော်ရွှင်ပါစေ တို့တတွေ။
လူကြီးလူငယ်များလှတယ်..
နေရာအစုံမှာကွယ် ။
ပိုင်းခြားဝေဖန် ဆန်းသစ်တော့
ပျော်လို့ရွှင်လို့ပေါ့.။
မြန်ပြည်တစ်ခွင်သာယာတယ်
ဒီလိုချိန်မှာကွယ်။
မြတ်စွာဇိနော် စိန္တေရော်.
မီးပုံးများဖြင့် တို့ပူဇော်.. ။
ဖယောင်းဆီမီး ပြည့်စုံတယ်
ထွန်းညှိကြရာဝယ်။
ရောင်စုံမီးပုံးတရုန်းရုန်း
ဘယ်သူအလှဆုံး..။
ဘိုးဘိုးဘွားဘွား ကန်တော့မယ်.
ဝန်ချတောင်းပန်မယ်...။
ဖေဖေမေမေ ရှေ့ကထား...
ဦးဆောင်ပါစေလား.။
ဆရာများလည်းရှိသေးတယ်.
မမေ့ကြဖို့ကွယ်..။
ဒီလိုချိန်မှာသတိရှိ
နှစ်စဉ်လုပ်ပါ၏။
(သူဇာလေးနှင့် ကလေးများမှ စုပေါင်းစပ်ဆိုသည်)
သီတင်းကျွတ်လ
မိုးလကင်းလွတ် သီတင်းကျွတ်
ပျော်ရွှင်ပါစေ တို့တတွေ။
လူကြီးလူငယ်များလှတယ်..
နေရာအစုံမှာကွယ် ။
ပိုင်းခြားဝေဖန် ဆန်းသစ်တော့
ပျော်လို့ရွှင်လို့ပေါ့.။
မြန်ပြည်တစ်ခွင်သာယာတယ်
ဒီလိုချိန်မှာကွယ်။
မြတ်စွာဇိနော် စိန္တေရော်.
မီးပုံးများဖြင့် တို့ပူဇော်.. ။
ဖယောင်းဆီမီး ပြည့်စုံတယ်
ထွန်းညှိကြရာဝယ်။
ရောင်စုံမီးပုံးတရုန်းရုန်း
ဘယ်သူအလှဆုံး..။
ဘိုးဘိုးဘွားဘွား ကန်တော့မယ်.
ဝန်ချတောင်းပန်မယ်...။
ဖေဖေမေမေ ရှေ့ကထား...
ဦးဆောင်ပါစေလား.။
ဆရာများလည်းရှိသေးတယ်.
မမေ့ကြဖို့ကွယ်..။
ဒီလိုချိန်မှာသတိရှိ
နှစ်စဉ်လုပ်ပါ၏။
(သူဇာလေးနှင့် ကလေးများမှ စုပေါင်းစပ်ဆိုသည်)
အိုဘယ့်သားငယ်
သင့်အားပိုက်ထွေး
ကြိုဆိုပေးသည့်
ချစ်စွာလောက
ဤဌာန၀ယ်…….
ပွေလီရှုပ်ထွေး
ကူဖော်ကင်းလည်း
ငါ၏ခန္ဓာ ငါ့ဝန်တာဟု
သင်ကား..သတ်မှတ်နေရမည်……..
အိုဘယ့်သားငယ်
အားမငယ်လင့်.
ကံဆိုးခဲ့ဘိ “ဖ” မရှိဟု
သီခါငိုကြွေး အားငယ်နေလည်း
ဆုံးရှုံးခြင်းငှာ မတတ်သာဟု
သင်ကား သတ်မှတ်နေရမည်…………
ရှုသွင်းအသက် ငါ့လက်နက်ဟု
မှတ်ပါသတိ မြဲစွာငြိလျက်
ရှေ့သို့သာပင် ခရီးဆက်လော့…………………
အိုဘယ့်သားငယ်
သင့်အားပိုက်ထွေး
ကြိုဆိုပေးသည့်
ချစ်စွာလောက
ဤဌာန၀ယ်…….
ပွေလီရှုပ်ထွေး
ကူဖော်ကင်းလည်း
ငါ၏ခန္ဓာ ငါ့ဝန်တာဟု
သင်ကား..သတ်မှတ်နေရမည်……..
အိုဘယ့်သားငယ်
အားမငယ်လင့်.
ကံဆိုးခဲ့ဘိ “ဖ” မရှိဟု
သီခါငိုကြွေး အားငယ်နေလည်း
ဆုံးရှုံးခြင်းငှာ မတတ်သာဟု
သင်ကား သတ်မှတ်နေရမည်…………
ရှုသွင်းအသက် ငါ့လက်နက်ဟု
မှတ်ပါသတိ မြဲစွာငြိလျက်
ရှေ့သို့သာပင် ခရီးဆက်လော့…………………
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "