Friday, September 2, 2011

ပီတိစားရင် အားရှိပါတယ်နော်

“တီချယ်….တီချယ်…..”

အားရပါးရခေါ်သံနဲ့အတူ အိမ်ပေါ်လှမ်းတက်လာတဲ့ ချစ်ဝိုင်းတစ်ယောက် မျက်နှာမှာ ပျားရည်လောင်းသလား ထင်ရလောက်အောင် ချိုပြုံးလို့နေပါတယ်……..



“ ဟဲ့ …ဟဲ့……… ဘယ်လိုဖြစ်လာတာလဲ…ဖြေးဖြေး….”

“ တီချယ်..သားလေ….သား.. မြို့နယ်ပြိုင်ပွဲမှာ ဒုတိယရတယ်…….”

“ ဟယ်….ဟုတ်လား… တီချယ် ၀မ်းသာလိုက်တာ…” “ ဒါနဲ့ သားကို ဘယ်သူပြောတာလဲ”

“ဆရာမကြီးလေ..ခုပဲ လမ်းမှာတွေ့လာတာ…”

“သား အမေကော သိပြီးပလား ”

“ ဟင့်အင်း…”

“ အေးအေး…………..သွား…….အိမ်ပြန်လိုက်ဦး………သားအမေ့ကိုဝမ်းသာရအောင် ပြောလိုက်ဦးနော်..”

“ ဟုတ်ကဲ့ တီချယ်…..ဒါဆို သား ..ပြန်လိုက်ဦးမယ်နော်.”



ကျွန်မတို့ စကားပြောနေတာကို နားထောင်နေတဲ့ အမေလဲ ပြုံးပြီး ကြည့်နေပါတယ်….



ခြံပြင်ကို လျှင်မြန်စွာ ရောက်သွားတဲ့ (7)တန်းကျောင်းသားလေး ချစ်ဝိုင်း ကိုကြည့်ပြီး…ကျွန်မရင်ထဲမှာ ဖော်မပြတတ်လောက်အောင် ၀မ်းသာစွာ ခံစားလိုက်ရပါတော့တယ်……..



ပညာရေးနဲ့စီးပွါးရေး ချို့တဲ့ရှာတဲ့ ကျွန်မတို့ရပ်ကွက်လေးမှာ ပညာတော်လေးတွေက ရွက်ပုန်းသီးလေးတွေပါ။ ကျောင်းကပညာရေးကိုသာ အလေးထားနေရတဲ့ တချို့သော ကလေးတွေက ပညာကို ဒိထက်ပိုလိုချင်ကြပါတယ်…



ကျူရှင်ဆိုတာကို ငွေကြေးတက်နိုင်သူအနည်းငယ်သာ တက်ရောက်နိုင်ကြတာလေ…….. ကျွန်မလဲ ဒီလိုဘ၀က လွန်မြောက်လာသူဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေကို စာနာမိပါတယ်……



ဒါ့ကြောင့်လဲ အလုပ်တဖက်နဲ့ ပညာဒါနကုသိုလ်လေးယူနေခဲ့တာ ခုဆို 3 နှစ် ရှိနေပီလေ.. ကျောင်းသားဦးရေက သိပ်တော့မများပေမယ့်… အတန်းစုံမို့ … မသိမသာ ပင်ပန်းပါတယ်………..



ကျန်းမာရေးမကောင်းတဲ့ ကျွန်မကို အမေတို့က တားပါသေးတယ်..ကျွန်မလုပ်တဲ့အလုပ်က နားရက်မရှိတဲ့ အလုပ်ဖြစ်နေတာပဲ ပါပါတယ်..



အလုပ်မှာပင်ပန်းပြီး ကားစီးရတာ အရမ်းကျပ်တဲ့နေ့မျိုးဆိုရင် ကျွန်မ အရမ်းကို ပင်ပန်းရပါတယ်.. ကားမှတ်တိုင်နဲ့ အိမ်ကို မိနစ် 20 လောက်လမ်းလျောက်ရသေးတော့…… .နွမ်းလျနေတဲ့ကျွန်မဟာ………ကျောင်းသားတွေကိုမြင်လိုက်ရရင်…….အမောတွေပြေရပါတယ်…..



ပေါင် 90 သာရှိတဲ့ ကျွန်မဟာ တစ်ကယ်တော့ ကျန်းမာရေးလဲ ချို့တဲ့ပါတယ်. .. ကိုယ့်မိသားစုအပြင် ခု ကျောင်းသားလေးတွေပါ ကျွန်မကိုပဲ မှီခိုနေကြရပီဆိုတော့.ကျွန်မကိုယ်ကျွန်မ မလဲအောင်တော့ ထိန်းနေရပါတယ်………..



…..ကျွန်မကျောင်းသားလေးတွေ အတန်းထဲမှာ စာရတယ်လို့ကြားရရင် ကျွန်မ ၀မ်းသာရတာပေါ့နော်… တစ်နှစ်ပြီးလို့ ဆုပေးပွဲကို သူတို့မိဘတွေနဲ့အတူ တက်ရောက်ရတာကိုလဲ ကျွန်မ ဂုဏ်ယူမဆုံးပါဘူး………….



ခုချိန်ထိလဲ စာသင်နေရတုံးပါ………ပင်ပန်းဆဲပါ…. ည 7နာရီကနေ 10 နာရီထိ ကျွန်မရဲ့စာသင်ဝိုင်းလေးက စာကျက်သံတွေဟာ ကျွန်မရဲ့ပီတိလေးတွေပါ……… ဘယ်လောက်ပဲ ပင်ပန်းပြီး ဖျားနေပါစေ… ကျွန်မရဲ့ပီတိလေးကြောင့် ကျွန်မအမြဲလန်းဆန်းနေပါတယ်…….



အားဆေးဝယ်မသောက်နိုင်လို့ ၀မ်းမနည်းမိပါဘူး…. ဘာလို့လဲဆိုတော့ ပီတိစားရင် အားရှိလို့ပါ……နော်….



ကြိုးစားပါဦးမည်။

1 comments:

တီချယ်လေးကတော်တော့.....တပည့်လေးတွေလည်းတော်တာပေါ့နော်...ဂုဏ်ယူစရာပါ။
အားဆေးဝယ်မသောက်နိုင်လို့ ၀မ်းမနည်းမိပါဘူး…. ဘာလို့လဲဆိုတော့ ပီတိစားရင် အားရှိလို့ပါ……နော်…

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More