Showing posts with label ကျန်းမာရေး. Show all posts

Saturday, December 17, 2011

လူထုကျန်းမာရေး(သွားကျဉ်ခြင်းအတွက် ကုသမှု )

**Public Health**

သင့်သွားတွေကို ဖြတ်ပြီး လေကို စုပ်လိုက်ရုံ ဒါမှမဟုတ်ပူတဲ့၊ အေးတဲ့ အစာတွေကို ကိုက်လိုက်ရုံနဲ့ ရုတ်တရက် စူးစူးရှရှ နာကျင် သွားပါသလား။ သွားကျဉ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုက မကြာရှည်ပါဘူး။ ချက်ချင်းဖြစ် ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြန်ပျောက် သွားပါတယ်။
ဒါပေမဲ့ ခံစားရတဲ့ စက္ကန့်အနည်းငယ်အတွင်း မှာတော့ အလွန်ပြင်းပြင်းထန်ထန်ကို ခံစား ရပါတယ်။ သွားကျဉ်တာကို ခံစားနေရရင် ဘဝဟာ စိတ်မချမ်းမြေ့စရာဖြစ်နေတတ် ပါတယ်။

**ဘာကြောင့်သွားကျဉ်တာလဲ**
သင့်သွားတွေမှာ ဘာမှထူးထူးခြားခြား ထိခိုက်မှုဖြစ်တာ မမြင်ရဘဲနဲ့ ရုတ်တရက် ကျဉ် သွားတတ်တာ ဒါမှမဟုတ် စူးစူးရှရှ နာကျင်တာဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။ သွား တွေမှာ နူးညံ့တဲ့ ဆင်စွယ်နှစ်လွှာနဲ့ အာရုံကြောတွေကို အပေါ်ယံက မာကျောတဲ့ ကြွေသွားလွှာနဲ့ အုပ်ထားပါတယ်။
ဒီကြွေသွားလွှာဟာ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း ဒါမှမဟုတ် အလွန်ပူတဲ့ ဒါမှ မဟုတ် အလွန်အေးတဲ့ အစာကို ကိုက်ဝါးခြင်းစတဲ့ အကြောင်းတွေကြောင့် ပွန်းပဲ့ ထိခိုက် နိုင်ပါတယ်။ တစ်ခါတစ်ရံ သွားကို မိုက်ခရိုစကုပ်နဲ့ ကြည့်မှသာ မြင်နိုင်တဲ့ အက်ရာလေး ကနေတော် အပူနဲ့အအေးတွေဟာ အာရုံကြောဆီကို ဖြတ်သန်းရောက်ရှိသွားပြီး စူးစူးရှရှ နာကျင်မှုကို ခံစားရစေပါတယ်။

**ကုသမှု**
သွားကျဉ်တာက ပြင်းထန်ရင်တော့ အကြောထုတ်ကုသမှုကို လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ မပြင်းထန်တဲ့ ပြဿနာအတွက်တော့ အောက်ပါအကြံပြုချက်တွေက ကူညီနိုင်ပါလိမ့်မယ်။ အစာကို တစ်ကိုက်လေး ကိုက်ဝါးဖို့တောင် ကြောက်လန့်နေရင် အောက်ပါအိမ်တွင်းကုသမှု နည်းလမ်းတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။
• သွားကျဉ်တာအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး (Desensitizing toothpaste) တွေကိုသာ အမြဲသုံးပါ။ ဒီသွားတိုက်ဆေးတွေက သွားမှာဖြစ်နေတဲ့ ဆက်ကြောင်းလေးတွေကို ဖြည့်ပေးပြီး အာရုံခံစားမှုကို ထိထိရောက်ရောက် လျော့နည်း စေပါတယ်။

• ညအိပ်ရာမဝင်ခင် သွားတိုက်ဆေး အနည်းငယ်ကို လက်ချောင်းထိပ်မှာ တင်ပြီး သွား ကျဉ် နေတဲ့ နေရာမှာ ဖြန့်ပြီး သုတ်လိမ်းပေးပါ။ ပြီးရင် သွားတိုက်ဆေးကို ရေနဲ့ ပလုတ် ကျင်းမပစ်ဘဲ ဒီအတိုင်းသာထွေးထုတ်ပါ။ သွားကျင်တာ သက်သာသွားတဲ့အထိ ရက်သတ္တပတ်အနည်းငယ်ကြာအောင် လုပ်ပါ။

• သွားချေးလွှာတွေရှိရင် သွားကျဉ်တာကို ပိုဆိုးစေပါတယ်။ သွားချေးလွှာက သွားကို ထိခိုက်စေမယ့် အက်စစ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်း ဆုံး နှစ်ကြိမ် သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သွားချေးလွှာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ မနက်တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်ပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးပြီးတော့လည်း သွားတွေကို သန့်စင်ပေးပါ။
• သွားကျဉ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အလွန်ကြမ်းကြမ်းတမ်းတမ်း သွားတိုက်တာကြောင့်ပါ။ ဒါမှမဟုတ်ရင်လည်း ကြမ်းတမ်းတဲ့ သွားတိုက်တံ အမျှင်တွေနဲ့ သွားတိုက်တာကြောင့် သွားရဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ သွားတိုက်တံ (Soft) ကိုသာ အမြဲသုံးပြီး ညင်ညင်သာသာ သွားတိုက်ပေးပါ။
• ကွမ်းစားခြင်းက သွားဖုံးတွေကို ယုတ်လျော့ပျက်စီးစေပြီး သွားကျဉ်တာကို ဖြစ်စေနိုင်တဲ့ အတွက် ကွမ်းမစားပါနဲ့။
• အလွန်ပူတဲ့ ဒါမှမဟုတ် အလွန်အေးတဲ့ အစာတွေကို မစားပါနဲ့။ ပူတဲ့အစာနဲ့ အေးတဲ့ အစာ တွေဟာ သွားတွေကို ပြန့်ကားလာတာနဲ့ ကျုံ့တာတွေ ဖြစ်စေပြီး အက်ရာသေး သေးလေးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် သွားကျဉ်လာနိုင်ပါတယ်။
• ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးတွေကို မသုံးပါနဲ့။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေနဲ့ သွားချေးကျောက်တွေကို ထိန်းချုပ်ပေးတဲ့ သွားတိုက်ဆေးတွေမှာ ဒီလိုပစ္စည်းတွေ ပါဝင်တတ်ပါတယ်။
• အက်စစ်ပါတဲ့ အစာတွေကို ရှောင်ပါ။ အချိုရည်တွေကို မကြာခဏသောက်ခြင်းက သွားကျဉ်စေနိုင်ပါတယ်။
• သွားတိုက်တဲ့အခါ သွားကို ဒေါင်လိုက်ရွှေ့လျားမှုနဲ့ တိုက်တာ ပိုကောင်းတယ်။ စက်ဝိုင်းပုံလှည့်ပတ်ပြီး တိုက်တာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဘေးတိုက်ဆွဲပြီး မတိုက်ပါနဲ့။ ကြွေသွားလွှာကို ထိခိုက်စေပြီး သွားဖုံးတွေကိုလည်း ယုတ်လျော့စေ နိုင်တာကြောင့်ပါ။

Ref : Good Health

မေမွန်ကျော်

ဒူးနာခြင်းအကြောင်း.....

ဒူးဟာ ခန္ဓာကိုယ်အလေးချိန်ကို သယ် ဆောင်ပေးထားရတဲ့ ကြီးမားတဲ့ အဆစ် တစ်ခု ဖြစ်ပါတယ်။

ဒူးအဆစ်ဟာ ခန္ဓာကိုယ် မှာရှိတဲ့ တခြားအဆစ်အများစုထက်ပိုပြီး အကန့်အသတ်နဲ့သာ လှုပ်ရှားနိုင်ပါတယ်။
ခြေထောက်တွေကို တည်တည်ငြိမ်ငြိမ် ထောက်ပံ့ ထားနိုင်ဖို့အတွက် ဒူးကို အဖြောင့် ဆန့်ထားနိုင်ပါတယ်။ ပြီးရင် ဒူးကိုကွေးတဲ့ အခါ ထောင့်မှန်ထက်ပိုပြီး အများကြီးကွေး နိုင်ပါတယ်။ ခန့်မှန်းခြေ ၁၂၀ ဒီဂရီအထိ ဒူးကိုကွေးနိုင်ပါတယ်။
ဒါပေမဲ့ ဒူးကို ဒီလိုကွေးတာနဲ့ ဆန့်တာအပြင် တခြားဦးတည်ချက်နဲ့တော့ ရွှေ့လို့မရပါဘူး။ ဘေးဘက်ကို လိမ်တာ၊ ကောက်တာတွေ လုပ်လို့မရပါဘူး။ ဒီလိုလှုပ်ရှားမှုကို ကန့်သတ် ထားခြင်းကြောင့် ဒူးအဆစ်ဟာ ပိုပြီးသန်မာတာဖြစ်ပါတယ်။

**ဒူးနာရခြင်း အကြောင်းရင်းများ **

ဒူးမှာ အရိုးနုအကန့်နှစ်ခုပါဝင်ပါတယ်။ အရိုးနုဟာ ညီညီညာညာ စုတ်ပြဲနေရင် ခြေထောက် ဟာ အတွင်းဘက် ဒါမှမဟုတ် အပြင်ဘက်ကို ညွတ်နေနိုင်ပါတယ်။ မွေးရာပါခြေထောက် လိမ်ဖည်နေသူတွေမှာ ဒဏ်ဖြစ်တဲ့အတွက် အရိုးနုတွေကို ပိုပြီး မြန်မြန်ပျက်စီးစေနိုင် ပါတယ်။
ကိုယ်အလေးချိန်များပြီး အဝလွန်နေသူတွေမှာလည်း ဒူးနာတဲ့ ပြဿနာပိုဖြစ်တတ်ပါတယ်။ ဒူးအဆစ်ဟာတည်ငြိမ်နေရမှာ ဖြစ်ပြီး ခြေထောက်ဖြောင့်နေဖို့အတွက် ဒူးကိုအပြည့်အဝ ဆန့်နိုင်ရမှာ ဖြစ်ပါတယ်။ ဒူးကို အပြည့်အဝ မဆန့်နိုင်ရင် ကြွက်သားတွေက ခန္ဓာကိုယ်ကို တစ်ချိန်လုံးထောက်ပံ့နေရပြီး ဒဏ်ဖြစ်လာပါမယ်။
ဒူးဟာဖြောင့်ဖြောင့်မဆန့်နိုင်ဘဲ ဘေးဘက်က အရွတ်တွေပေါ်မှာ ဖိအားအလွန်များနေပြီး ပြဿနာဟာ တဖြည်းဖြည်းချင်း ပိုဆိုးလာပါလိမ့်မယ်။

**ကုသမှု **

ဒူးဟာ မတည်ငြိမ်ဘဲ ယိုင်နဲ့နေရင် ဒါမှမဟုတ် ဖြောင့်ဖြောင့်မဆန့်နိုင်ရင် ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။ ဂေါက်ရောဂါ ဒါမှမဟုတ် ရောဂါပိုးကူးစက်မှုတွေရှိနိုင်ရင်တော့ သမားတော်နဲ့ ပြဖို့လိုပါတယ်။ ဒူးအဆစ်ဟာ ဒီပြဿနာတွေကြောင့် မကြာခဏ စိတ် အနှောင့်အယှက် ဖြစ်ရတဲ့ အဆစ်ဖြစ်ပါတယ်။
ဒူးနာတာအပြင် ဒူးအောက်က ခြေသလုံးကြွက်သားတွေမှာ နာကျင်နေမယ်

ဒါမှမဟုတ် ရောင်ရမ်းနေမယ်ဆိုရင် သွေးခဲပိတ်ဆို့မှုရှိနိုင်သလို အရည်အိတ်တွေရှိနေတာလည်း ဖြစ် နိုင်ပါတယ်။ ဒီအရည်အိတ်တွေက ရောင်ရမ်းနေတဲ့ ဒူးထဲမှာ စတင်ဖြစ်ပေါ်ပြီး ခြေသလုံး ကြွက်သားအထိ ကြီးသွားနိုင်ပါတယ်။
ဒူးအောက်နေရာတစ်လျှောက်ကိုလည်း ရောင်ရမ်းစေနိုင်ပါတယ်။ ဒီပြဿနာဖြစ်ရင်လည်း ဆရာဝန်ပြပါ။ ဒူးနာနေစဉ် ဒါမှမဟုတ် နောက်တစ်နေ့အထိ နာကျင်မှုကို ပိုဆိုးစေနိုင်တဲ့ အရာတွေကို မလုပ်ပါနဲ့။ တုတ်ကောက်သုံးပြီး လမ်းလျှောက်တာက အကူအညီဖြစ်ပါတယ်။
ညမှာပဲဖြစ်ဖြစ် တခြားအချိန်မှာပဲဖြစ်ဖြစ် ဒူးအောက်မှာ ခေါင်းအုံးခံမထားပါနဲ့။ဒူးကို တောင့် တင်းနေစေပြီး ဖြောင့်ဖြောင့်ဆန့်မထားနိုင်တဲ့အနေအထားဖြစ်စေပါတယ်။ ဒူးကို အနားယူ နေစဉ်မှာ ဖြောင့်ဖြောင့်ဆန့်ထားနိုင်ဖို့လိုအပ်ပါတယ်။

ဆံပင်အကြောင်းသိကောင်းစရာ..

၁။ ဆံပင်အဖျားတွေ တိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။

မဟုတ်ပါဘူး။ ဆံပင် အဖျား တိတိ၊ မတိတိ ဆံပင်အရှည် တစ်လကို လက်မဝက် လောက် ပိုတိုး လာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့ ရှည်လာတာ မဟုတ်ပါဘူး။ ဟော် မုန်း တွေကြောင့်ပါ။ ဆံပင် တိပေးခြင်းအားဖြင့် ဆံပင် နှစ်ခွဖြစ်တာ ကိုသာ ဖယ်ရှားပေးပြီး ဆံပင် ကျန်းမာ လှပစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုက ဆံပင် ပိုကျွတ်စေနိုင်သလား။

ဆံပင်တွေဟာ အချိန်တိုင်း လိုလို ကျွတ်နေတတ်ပြီး ပုံမှန်အနေနဲ့ တစ်နေ့ကို ဆံပင်ပေါင်း ၅၀မှ ၁၂၀ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။ သင့်ဘဝအတွက် ကြီးကျယ်တဲ့ ပြောင်းလဲမှုတွေ (ဥပမာ-အိမ်ထောင်ပျို ကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်း) တို့ကြောင့်အလွန်အ မင်း စိတ်ဖိစီးမှု ခံနေရပါက ဆံပင် ပိုကျွတ်လာနိုင်ပါတယ်။ ဆံပင်ကျွတ်ရ ခြင်းရဲ့တခြားအကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုး သတ်ဆေးတို့ကြောင့်ပဲ ဖြစ်ပါတယ်။

၃။ ခေါင်းလျှောက်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပိုကျန်းမာ သန်စွမ်းလာနိုင်သလား။

ဆံပင်ရှည်တွေကတော့ ခေါင်းလျှောက်ရည်တွေကို ဒီနေ့ တစ်မျိုး၊ နောက်နေ့တစ်မျိုး ခဏခဏ ပြောင်းသုံးတာကို အားမပေးပါဘူး။ သင် သုံးနေတဲ့ ခေါင်းလျှော်ရည်နဲ့ အဆင်မပြေတာတွေ (ဥပမာ-ဆံပင်ကျွတ် ခြင်း၊ ဗောက်ထခြင်း)ဖြစ်မှ တံဆိပ် ပြောင်းသုံးသင့်ပါတယ်။ ဗောက်ထ တတ်တဲ့ သူဆိုရင်လည်း ဗောက် ပျောက်တဲ့ ခေါင်းလျှော်ရည်ကို တစ်ပတ် တစ်ခါ၊ နှစ်ပတ် တစ်ခါလောက်တော့ ပြောင်းသုံးသင့်ပါတယ်။ ပုံမှန်အနေ နဲ့တော့ ကိုယ်နဲ့ အဆင်ပြေတဲ့ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ စွဲစွဲ မြဲမြဲ သုံးသင့်ပါတယ်။

၎။ ဆံပင်ဖြူတစ်ချောင်း နှုတ်ရင် နောက်ထပ်ဆံပင်ဖြူ နှစ်ချောင်း သုံးချောင်း အစားထိုး ပေါက်လာတတ်သလား။

မဟုတ်ဘူးဆိုပေမယ့် ဆံပင်အဖြူကိုဆွဲနုတ်တာ မကောင်းတဲ့အ ကျင့်ပါ။ ဆံပင်အမြစ်တွေကိုဖျက်ဆီးလိုက်သလိုဖြစ်ပြီး ရောဂါပိုးတွေ ဝင်လာနိုင်ကာ အမာရွတ်ကျန်စေနိုင်ပါတယ်။

၅။ ဆံလုံး သေးပြီးပါးတဲ့ ဆံပင်ကို ဆံပင် အုံထူအောင် လုပ်လို့ ရ သလား။

အမြင် အားဖြင့်တော့ အုံထူတဲ့ ပုံစံဖြစ်အောင်တော့ အုံထူတဲ့ ပုံစံ ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဆံပင်အလိပ်နဲ့ အပူပေးကာ ဖွလိုက်ရင် ငါးမိနစ်အတွင်း ဆံပင်အုံထူထူလေး ဖြစ်လာနိုင်ပါတယ်။

၆။ သန့််ရှင်းစင်ကြယ်တဲ့ ဆံပင်ရဖို့ ခေါင်းလျှော်ရာမှာ နှစ်ခါပြန် လျှော်သင့်သလား။

မလိုပါဘူး။ ဆံပင်အနှံ့ ခေါင်းလျှော်ရည် ထည့်ကာ အသေအချာ ခေါင်းလျှော်လိုက်ရင် တစ်ခါတည်းနဲ့ သန့်ရှင်းသွားပါလိမ့်မယ်။

၇။ ခေါင်းလျှော်ပြီး အရမ်းအေးတဲ့ ရေနဲ့ ဆေးချလိုက်ရင် ဆံပင် သားတောက်ပြောင်သွားနိုင်ပါသလား။

သင့်အနေနဲ့ အိပ်ချင်တော့ ပြေသွားပေမယ့် ရေခဲရေနဲ့ ဆံပင်သား တောက်ပြောင်တာ အဆက်အစပ် မရှိဘူးလို့သာ ဆိုပါရစေ။

၈။ ဆံပင် နှစ်ခွကွဲတာ ပျောက်ဆေး ရှိလား။

ဆံပင်နှစ်ခွကွဲတာ မမြင်ချင်ရင် ညှပ်ပစ်ဖို့ပဲ ရှိပါတယ်။ ဆံပင် နှစ်ခွ ကွဲပြီးသားကို ပျောက်အောင် လုပ်ဖို့ မဖြစ်နိုင်ပေမယ့် နှစ်ခွ မကွဲအောင် ကာကွယ်လို့ ရပါတယ်။ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသာ ရွေးသုံးသင့်ပါတယ်။

၉။ ဆံပင် အရောင် ဆိုးခြင်းဟာ ဆံပင်ကို ပျက်စီး စေတဲ့ အဓိက အကြောင်းအရင်းလား။

အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆံပင် ဆိုးဆေးတွေဟာ သိပ်မပြင်း တော့တဲ့အတွက် ဆံပင်အသားကို ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဆိုးဆေး အကောင်းစားကို ရွေးသုံးဖို့တော့ လိုပါတယ်။ ဆံပင်ဆေးဆိုး တာထက်စာရင် ဖြောင့်တာတို့၊ ကောက်တာတို့ လုပ်တာက ဆံပင်ကို ပို ပျက်စီးစေပါတယ်။

၁၀။ နေ့စဉ်အကြိမ် တစ်ရာလောက် ခေါင်းဖြီးလျှင် ဆံပင် သန်စေ နိုင်သလား။

မဟုတ်ပါဘူး။ ဆံပင် သပ်ရပ်နေအောင် ခေါင်းဖြီးသင့်ပါတယ်။ ဆံပင်သန်တာနဲ့ ဘာမှ မဆိုင်ပါဘူး။ ခေါင်း အရမ်း ဖြီးလွန်းမှ ဆံပင်တွေကို အမြစ်ကနေ ဆွဲလိုက်သလို ဖြစ်ပြီး ဆံပင်အားတောင် နည်းသွားစေနိုင် ပါတယ်။

ဆံပင်ကျန်မာရေးနဲ့အလှအပကို မိန်းကလေးအများစုဂရုစိုက်ကြပါတယ်... ဆံပင်အလှအပကိုစိတ်ဝင်စားသူများအတွက်ပါ။ လှပသောဆံကေသာများပိုင်ဆိုင်ကြပါစေ...။

Tuesday, December 6, 2011

ဝမ်းသွားနေသူများအတွက် ဆေးနည်းတစ်လက်

ကိုယ်တွေ့လေးတွေ၊ လက်တွေ့လေးတွေ သိလာရတာနဲ့ စာဖတ်သူတွေကို ပြန်လည်မျှဝေစေချင်လို့ပါ... ဒါကလည်း မသိသေးသူများတွက်ပါ.. သိပြိးသားသူများကလည်း ဒီ နည်းလေးကို ကောင်းတဲ့အကြောင်းလေးကို ထပ်လောင်း ပြောပြစေချင်ပါတယ်...

ကျွန်မရဲ့ 10 တန်းကျောင်းသားလေးပါ.. ၀မ်းသွားနေလို့ဆိုပြီး ကျူရှင်တောင်မသွားနိုင်တာ 2 ရက်ရှိပြီလေ..။

နဂိုပိန်ဖြစ်တဲ့ ဒီကောင်လေးကတော့ ခုဆို မျက်တွင်းတွေပါချောင်ကျနေပေါ့....

သူနေမကောင်းတော့ ကျွန်မ စာသင်ချိန် နားရပေမယ့်လည်း ကိုယ့်တပည့်လေးဒီလိုဖြစ်နေတော့ မနေနိုင်ဘူးလေ... အင်္ဂလိပ်ဆေးလဲ သောက်ထားပေမယ့် သိပ်မသက်သာသေးလို့ပါ...

နေမကောင်းတော့လဲ ဒိနေ့တော့ စာကျက်တာကိုနားလိုက်ဦးဆိုပြီး ကျွန်မလည်း တခြား ကလေးတွေကို စာသင်ဖို့ ထွက်လာလိုက်ပါတယ်... မြန်မာဆေးနည်းလေးများ သိရင် သိပ်ကောင်းမှာပဲဆိုပြီး.. တွေးနေမိတာ...

“တီချယ် .. 10 တန်းကောင်လေး ၀မ်းသွားလို့ဆို..”
“ဟုတ်တယ်..အန်တီ... အဲ့ဒါ ကြောင့် ဒီကို ခပ်စောစောရောက်နေတာ”

“ဟုတ်လား..ဒါဆို ကျွန်မလက်တွေ့ပျောက်တဲ့နည်းလေးပြောပြမယ်..” ဆိုပြီး သူသက်သာသွားတဲ့နည်းလေးကို ပြောပြတော့ ကျွန်မလဲ ကလေးတွေကို စာသင်တာခဏနားပြီး
10 တန်းကောင်လေးအိမ်ကို ပြေးရပြန်ပါတယ်..

ကဲပါ ကဲပါ.. ဆေးနည်းလေးပဲပြောတော့မယ်..

( သကြားရည်ပါ... သကြားကိုသာရေနည်းနည်းနဲ့ဖျော်ပြီးတိုက်ပါ.. ခပ်ပျစ်ပျစ်ဆို ပိုကောင်းပါတယ်တဲ့
ချောကလက် (ဒါမှမဟုတ်) ချောကလက်ပါတဲ့ မုန့်တခုခုပါ ရောစားလိုက်ပါ.. )

အော်... ဒါလေးများဆိုပြီးတော့ အထင်တော့ မသေးကြနဲ့နော်...

ဒီနည်းက လက်တွေ့ပျောက်နေတာ... 3 ယောက်နော်..

အားလုံးပဲ အဆင်ပြေကြပါစေ

Monday, October 10, 2011

ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန် (2)

၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင်ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော်နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင်ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။

၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥနှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်ကောင်းပါသည် ။

၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ
ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။

၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော်မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။

၂၀. ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာတရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်းထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။

၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။

၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂)ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။

၂၃. မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း (C.T. Scan )လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။ နှစ်စဉ်ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး
အကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာအနားယူပါ ။

၂၄. အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ
အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။

၂၅. နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင်စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည်မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့်ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။

၂၆. သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်
ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်
ဖြစ်ပေါ်လာခြင်းဖြစ်သည် ။

၂၇. ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊
(ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို
သန်မာစေသည် ။

၂၈. မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။

၂၉. အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်
နှလုံးအတွက်ကောင်း၏ ။ အ၀ါရောင် ရှိသော အသီးအရွက်များသည်
အစာချေခြင်းအတွက်ကောင်း၏ ။

၃၀. သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။

၃၁. မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ
အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။

၃၂. နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်
အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှ
အောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်
လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။

၃၃. ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင်
ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။

၃၄. မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ်
အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်
အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။

၃၅. ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့်
ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။

ကျန်းမာရေးအတွက် အာယုဒါန ပြုပါသည် ။ ေ၀ေနယ် သတၱ၀ါ အားလံုး
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။

သူငယ်ချင်းရဲ့ မျှဝေခြင်းကို ပြန်လည်မျှဝေပါသည်။

ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်

၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင် ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း တစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း ထိခိုက်နိုင်သည် ။

၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။

၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။ ထို့ပြင်ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။

၎. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီစားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။

၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို
အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည် ။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊ အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။

၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ညအိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။

၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။

၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သောငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။

၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုက ရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။

၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက် မကောင်းပါ ။

တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို

ဖျက်ဆီးသည် ။

၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့်စဉ်းစားဥာဏ် ကို အားနည်းစေသည် ။

၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁)နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကိုကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။

၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူး
စားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။

၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာအောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘ၀၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကိုဖြစ်ပေါ်ခံစားရသည် ။

၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို

စွန့်ပစ်ခြင်းပင် ဖြစ်သည် ။လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး

မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့်ဆီးသွားခြင်းများသည် အသည်း

အတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More