Saturday, September 10, 2011

ရင်ကိုအေးမြရစေသား…..

တောင်………တောင်…………တောင်………

နာရီသံချောင်း 3 ချက်သံနှင့်အတူ ကျွန်မ အိပ်ယာကနေ အသာ ထ လိုက်ပါတယ်….. ဘေးနားမှာ အိပ်ပျော်နေတဲ့ သားကြီးနဲ့ သမီးငယ်ကို နေရာလေးတွေပြင်ပေးရင်း…အသားဖွဖွလေး နမ်းလိုက်ပါတယ်…..

ဖယောင်းတိုင်လေးကိုအသာမီးညှိုလိုက်ပါတယ်.… လျှပ်စစ်မီး မရှိတဲ့ဒီရပ်ကွက်လေးမှာတော့ ဖယောင်းတိုင်ဟာ အလင်းပိုင်ရှင်ပါပဲ….

10 ပေလောက်သာကျယ်တဲ့ ဒီအခန်းကျဉ်းလေးက ကျွန်မတို့ မိသားစုလေးအတွက်တော့ ကျယ်လို့နေပါသေးတယ်………..

မျက်နှာသစ်၊ အကျီလဲ ကိစ္စများကို တစ်ထိုင်ထဲနဲ့ ကိစ္စပြီးစေတာမို့.. ဒီအခန်းကျဉ်းလေးကိုပဲ ကျွန်မ ကျေးဇူးတင်နေမိပါတယ်…..

နံနက် 3 နာရီခွဲ ဟာ ဈေးကြိုသွားမည့်သူအတွက့်  မစောလွန်းလှပါဘူး…

ကျွန်မလဲ ဆွဲခြင်းတစ်လုံးနဲ့ စုရပ်စီကို လျောက်လာမိတော့တယ်……..သိရိမင်္ဂလာဈေးက အသစ်ပြောင်းသွားတော့ လိုင်းကားနဲ့ သိပ်အဆင်မပြေတော့ဘူးလေ……အရင်ကဆို DYNA တွေက မနက် 2 နာရီခွဲလောက်ဆို လာနေကျပါ…… ခုတော့ အားလုံးစုပြီးငှားတော့ သက်လဲသက်တာတာပေါ့…

ကျွန်မကိုအားလုံးက ငဲ့ညှာပါတယ်.. သူများတွေထက် လျော့ပြီးယူတယ်လေ…..

“ မချိုလာပြီ”

ကျွန်မကိုမြင်တော့ ကားစပယ်ယာက လှမ်းအော်ပါတယ်..

“ကဲ လူစုံပြီလား ….စုံရင်ထွက်မယ်နော်……..”

“မောင်း …………ဆရာရေ့”

ကျွန်မတို့ ကားလေးက သိရီမင်္ဂလာဈေးသစ်ဆီသို့ ဦးတည်လိုက်ပါတော့တယ်…….

************** **********

ဆူညံစွာလှုပ်ရှားသက်ဝင်နေတဲ့ သိရီမင်္ဂလာဈေးကတော့ နေ့နဲ့ညနဲ့ ခွဲခြားမ၇လောက်အောင် လင်းထိန်လို့နေပါတယ်….

သူ့အတန်းနဲ့သူ အစီအရီရှိနေတဲ့ ဈေးတန်းကြီးတွေကလည်း အလကားပေးနေသယောင်ပါ။………..ကျွန်မက သစ်သီးဝယ်ရမှာမို့ တခြားဘက်ကို ထွက်လာရပါတယ်…..

အရင်းအနှီးသိပ်မတက်နိုင်တာမို့ ကျွန်မရဲ့ ပစ္စည်းလေးတွေက ခပ်နည်းနည်းရယ်ပါ။….. ကားက မနက် 6 နာရီဆို ပြန်ထွက်တာမို့….ကျွန်မ ခပ်မြန်မြန်ပဲလှုပ်ရှားလိုက်ပါတယ်…

********* ***** *****

“ မချို…………ဘာတွေရခဲ့လဲ…”

မျက်မှန်းတန်းမိနေကျ ကောင်မလေးက လှမ်းမေးတော့ ကျွန်မလဲ ပြုံးပြနှုတ်ဆက်ရင်း……… “ သရက်သီးနဲ့ နာနတ်သီးပဲရခဲ့တယ် …. ဒီနေ့ သစ်သီးတွေက ဈေးကြီးလိုက်တာဟာ…..ကိုယ်က ရပ်ကွက်ထဲမှာ ဈေးတင်လို့မရဘူးလေ…”

“ ဟုတ်တယ်နော် အမ ”

”ဒါနဲ့နင်ရော …ဘာမှမ၀ယ်ဘူးလား ”

“ကျွန်မက အကြွေးလာပေးတာအမရ..နောက်နှစ်ရက်လောက်မှ ထွက်နိုင်မယ်လေ..”

“အော်………အေးအေး ဒါဆို အမသွားတော့မယ်နော်…….”

“ဟုတ် အမ”

ဈေးဝယ်တဲ့သူအားလုံးလဲ စုံရော.. ကားလေးက သာကေတဆီသို့ ဦးတည်လိုက်ပါတော့တယ်….

************** ******* **********

ကျွန်မတို့ကားလေး စုရပ်နေရာကိုပြန်ရောက်တော့ မနက် 6 နာရီခွဲပဲ ရှိပါသေးတယ်… ကျွန်မရဲ့ဈေးဆိုင်လေးက ကျွန်မတို့ လမ်းးထိပ်နားမှာမို့ ကျွန်မပစ္စည်းလေးတွေကို ဆိုက်ကားနဲ့သယ်လာလိုက်ပါတယ်…. ပစ္စည်းတွေကို လူစောင့်နဲ့ခဏထားခဲ့ပြီး ဆိုင်ခင်းမဲ့ ခုံလေးတွေကိုသယ်ဖို့ …အိမ်ကိုတစ်ခေါက်ပြန်လိုက်ရပါတယ်….

ကျွန်မရဲ့အမောပြေလေးတွေက ချစ်သားနဲ့သမီးလေးပေါ့… အပြစ်ကင်းစွာအိပ်နေတဲ့ သားနဲ့သမီးကို ကျွန်မ ဂရုဏာသက်စွာကြည့်လိုက်ပီး….. နာရီလေးကို 7 နာရီခွဲ သံပတ်ပေးထားခဲ့ပြီး… ဆိုင်ခင်းဖို့ကိစ္စကို လုပ်ဆောင်လိုက်ရပါတယ်……

အသက် 8 နှစ်သာရှိသေးတဲ့ သားကြီးက အရွယ်နဲ့မမျှအောင်သိတတ်ပါတယ်… 7 နာရီခွဲလို့ နာရီသံပတ်သံကြားရင် ညီမလေးကိုနှိုးပြီး မျက်နှာသစ်ပေး ၊သနပ်ခါးလိမ်းပေးပြီး အကျီလေးပါ..လဲပေးရပါတယ်.. သူလဲ ကျောင်းသွားဖို့ပြင်ဆင်ပြီးမှ ကျွန်မဆီကိုရောက်လာရတာပါ…..

နံနက်စာကို ကျွန်မဆိုင်လေးမှာဘဲ သားအမိသုံးယောက်စားသောက်ကြပြီး သားကြီးကကျောင်းသွား သမီးလေးက ကျွန်မနဲ့နေ…. ဒီလိုနဲ့လည်ပတ်လာတာ…အတော်တောင်ကြာပေါ့…..

***** ***** ***** ***** *****

ဟော…ပြောရင်းဆိုရင်း… ကလေးတွေတောင်ရောက်လာပြီ…

“ မေမေ ..မီး ဗိုက်ဆာတယ်..”

“စားရမှာပေါ့သမီးရဲ့ ….ဒီမှာ . မေမေ ၀ယ်ထားတယ်လေ..”

“သား…. မုန့်စားပြီးရင်. ကျောင်းသွားတော့နော်… အိမ်စာတွေပြီးတယ်မို့လား”

“ဟုတ် ..မေမေ”

“ ဒါဆို သား သွားတော့မယ်နော် …”

“အေးအေး”သားလေး

“ညီမလေးတာ့တာ …မေမေးတာ့တာ”

“တာ့တာ”

ကျောင်းသို့တရွေ့ရွေ့ ထွက်ခွါသွားတဲ့ သားလေးကိုကြည့်ရင်း ကျွန်မရင်ထဲ ပီတိအပျော်လေးခပ်နွေးနွေး လေးစီးဆင်းလို့သွားပါတယ်...ရင်ခွင်ထဲမှာထိုင်နေတဲ့ သမီးလေးရော၊ သားလေးရောက ကျွန်မရဲ့အားထားရာလေးတွေပါပဲ။… ဒီသားသမီးလေးတွေကြောင့်သာ ကျွန်မဘ၀ စိုပြေစေခဲ့ရတာမလား………. ကျွန်မရင်ကိုအေးမြစေခဲ့ရတာ……

ဒီသားသမီးတွေနဲ့ ကာလအတော်ကြာ ကျွန်မနေရဦးမှာပါ။ တစ်နှစ်ပြီးတစ်နှစ်ပေါ့…. ကလေးတွေလူလားမြောက်တဲ့အထိ ကျွန်မဒီလိုပဲ နေရဦးမှာ.. ကျွန်မဘယ်လောက်ပဲပင်ပန်းပါစေ.. ကျွန်မသားသမီးလေးတွေက ကျွန်မရင်ကို အေးမြအောင်တော့ စွမ်းဆောင်ပေးနိုင်တယ်လေ..

သူတို့လေးတွေ လူလားမြောက်လာလေ…ကျွန်မပိုပြီး ပန်ပန်းလေဖြစ်ရမှာပါ… သားတို့ရုပ်ရည်..သီတာမည်သား… ဆိုတာအမှန်ပဲလေ… ကျွန်မအမောလေးတွေက ကျွန်မသားနဲ့သမီးရဲ့ အနာဂတ်ရည်မှန်းချက်တွေတော့ အရာမ၀င်ခဲ့ပါဘူး…. ခု မူလတန်း..အလယ်တန်း…အထက်တန်း…

အော်..တစ်နှစ်ပြီးတစ်နှစ်ပေါ့…..

ခုချန်မှာ ပင်ပန်းနေတာက နောင်တစ်ချိန်အေးချမ်းဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကျွန်မ အသက်ရှင်နေရတာ…. မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ်ဆိုတာ ကျွန်မကိုပြောတာ ထင်ပါရဲ့….. ငါ့သားသမီးလေးတွေ ကြီးလာရင်….ဆိုပြီး…ကျွန်မ အားတင်းပြီး လုပ်ဆောင်နေခဲ့ရတာ…..

အော်……..ကျွန်မရင်ကို အေးမြခွင့်လေးတော့………သူတို့လေးတွေ… စွမ်းဆောင်နိုင်ပါစေလို့……………………….

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More