Showing posts with label ဘာသာရေးစာပေများ. Show all posts

Wednesday, November 30, 2011

38 ဖြာမင်္ဂလာ

သုံးဆယ့်ရှစ်ဖြာမင်္ဂလာ
.

၁။ လူဆိုး လူမိုက်တို့ကို မမှီဝဲ မပေါင်းသင်းခြင်း။
1. Not to associate with fools.

၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းခြင်း။
To associate with wise.

၃။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း။
3. To honour those-worthy of honour.

၎။ သင့်လျော်သော အရပ် နေခြင်း။
4. To live in suitable region.

၅။ ရှေး ပြုဖူးသော ကောင်းမှုအထူး ရှိခြင်း။
5. To have accumulated on oneself.

၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
6. To be rightly concentrated on oneself.

၇။ အကြား အမြင် များခြင်း။
7. To have immensity of knowledge.

၈။ စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း။
8. To acquire skill in sciences.

၉။ လူ့ကျင့်ဝတ်ကို ကောင်းစွာ သင်ကြား နားလည်ခြင်း။
9. To be well-trained in discipline.

၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
10. To have pleasant speech.

၁၁။ အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း။
11. To serve one’s actions.

၁၂။ ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း။
12. To look after one’s family.

၁၃။ ရှုပ်ထွေးမှု ကင်းလျက် စနစ်တကျ ကြိုးစား စူးစိုက် လုပ်ကိုင်ခြင်း။
13. To be peaceful in one’s action.

၁၄။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။
14. To donate generously.

၁၅။ ကောင်းသော အကျင့်တရားကို ကျင့်ခြင်း။
15. To live the life of Dhamma.

၁၆။ ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း။
16. To help one’s relations.

၁၇။ အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
17. To abstain from immoral livelihood.

၁၈။ မကောင်းမှုကို စိတ်ဖြင့် ရှောင်ခြင်း။
18. To abstain from evil (mental).

၁၉။ မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ခြင်း။
19. To abstain from evil (physical).

၂၀။ မူးယစ်သေစာ မသောက်စားခြင်း။
20. To abstain from intoxicants.

၂၁။ ကုသိုလ်တရားတို့ မမေ့မလျော့ခြင်း။
21. To practice Dhamma deligently.

၂၂။ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း။
22. To be respectful.

၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း။
23. To be humble.

၂၄။ တင်းတိမ်ရောင့်ရဲခြင်း။
24. To be content.

၂၅။ သူ့ကျေးဇူးကို သိခြင်း။
25. To be grateful.

၂၆။ သင့်လျော်သောအခါ တရားနာခြင်း။
26. To listen Dhamma at appropriate time.

၂၇။ သည်းခံခြင်း။
27. To be tolerant.

၂၈။ ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း။
28. To be obedient.

၂၉။ ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း။
29. To see saintly people.

၃၀။ သင့်လျော်သောအခါ တရားစကားဆွေးနွေးမေးမြန်းခြင်း။
30. To discuss Dhamma at appropriate times.

၃၁။ ခြိုးခြံသော အကျင့်ကို ကျင့်ခြင်း။
31. To have ascetic practices.

၃၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
32. To observe celibacy.

၃၃။ သစ္စာလေးပါး တရားကို သိမြင်ခြင်း။
33. To brserve Noble Truths.

၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
34. To realize Nibbana.

၃၅။ လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း။
35. To remain equanimous while coming in contact with visicitudes of life.

၃၆။ ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခ ဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်း။
36. To remain free from sorrow.

၃၇။ လိုချင်တပ်မက်ခြင်း၊ ရာဂ စသော မြူအညစ်အကြေး မရှိခြင်း။
37. To remain free from impurity.

၃၈။ စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း။
38. To remain free from insecurity.

Thursday, November 3, 2011

ငွေရတု အလှူ

ကထိန်ရာသီရောက်တော့ ကထိန်အလှူကို နေရာတိုင်းမှာ တွေ့နေရတယ်လေ....

သူဇာတို့ကလည်း မင်္ဂလာဈေး ဗုဒ္ဓဝေယျာဝစ္စ အသင်းဝင်တွေဆိုတော့... ဒီနေ့ ( 3.11.2011 ) ကြာသပတေးနေ့ က မင်္ဂလာဈေးဓမ္မာရုံရဲ့ ( 25 ) ကြိမ်မြောက် ငွေရတု အလှူအခမ်းအနား ကို လုပ်အားပေး ကြရပြန်ပါတယ်...............

အသင်းသားအနေနဲ့ အသင်းဝင်လာတာ 5 နှစ်မြောက်ပေါ့... ခုလို ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့ ပွဲမျိုးကို တစ်နှစ်မှ တစ်ခါသာ ကြုံရတာမို့ ကျွန်မတို့အတွက်တော့ ပျော်မဆုံးပါပဲ.......

မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးက တစ်နိုင်ငံလုံးကို ကုန်ပစ္စည်းတွေ ဖြန့်ဝေပေးနေတဲ့ ဈေးကြီးပေါ့.. မြေညီ၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယ၊ ဆေးထပ်၊ အလှကုန်နဲ့ ခေါင်မိုးထပ်က စားသောက်ဆိုင်များပါမကျန်.. စည်ကားစွာနဲ့ သက်ဝင်လှုပ်ရှားနေတာ........ ခုဆို နှစ်တွေက ကြာနေပြီလေ......

ဝါတွင်း ၀ါပ ဆွမ်းလောင်းလှူပွဲတွေအပြင် အခု တန်ဆောင်မုန်းလကတော့ ကထိန်အလှူကို ပေးလှူကြတဲ့ လ ဖြစ်ပါတယ်....................

ဉတ်မကြီး ပဒေသာပင်အပါအ၀င် ပဒေသာပင်ပေါင်း စုစုပေါင်း 42 ပင်ကို မဲနှိုက်ပြီး ကပ်လှူကြတာမို့.. ရင်တုန်စရာ၊ စိတ်ဝင်စားစရာ ကောင်းလောက်အောင်ကို ပျော်ရပါတယ်..........

ဉက်မကြီး ပဒေသာပင်ကို သိန်း 50 ကျော်နဲ့ စတင်ပြီး.... စုစုပေါင်း တန်ဖိုး သိန်းပေါင်း 491 သိန်းကျော်ဖိုးကို ဘုန်းကြီးကျောင်း 42 ကျောင်းကို မဲနှိုက်ပြီး လှူကြရတာပါ။.....

ဉက်မကြီးပဒေသာပင်ကို ကံစမ်းမဲပေါက်သွားတဲ့ကျောင်းက သူဇာတို့ သာကေတမြို့ရဲ့ ပါဋ္ဌိကာရီ စာသင်တိုက်ပေါ့.......။

ဆရာတော်ဘုရားကြီးအပါအ၀င် နောက်ထပ် အရံကိုယ်တော် ၄ ပါး အလှူခံခွင့်ရတာမို့... ပါဋ္ဌိကာရီ စာသင်တိုက်က စုစုပေါင်း ပဒေသာပင် ၅ ပင် လက်ခံရရှိတာဖြစ်ပါတယ်...

သူဇာတို့က သာကေတ နယ်သူဆိုတော့ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်းက ခုလို မဲပေါက်တယ်ဆိုတော့ အရမ်းပဲ ပီတိဖြစ်ရတာပေါ့နော်.....................

နံပါတ်စဉ် 1 က သိန်း 40 ကျော်
နံပါတ်စဉ် 2 က သိန်း 30 ကျော်နဲ့
နံပါတ်စဉ် 3 က သိန်း 30 ကျော်

နောက်ဆုံး နံပါတ်စဉ် 42 က ငွေသား သုံးသိန်းကျပ် အထိပါ.....

အလှူကို အစီအစဉ်နှစ်မျိုးနဲ့ ပြုလုပ်ကြပါတယ်

1.
နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားဖွင့်ကြပါတယ်။
ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ဘုရားရဲ့  ကထိန်အလှူတရားကို နာကြားကြရပါတယ်................။

ဓမ္မာရုံရဲ့ ဒုဥက္ကဌမှ မင်္ဂလာဈေးဓမ္မာရုံရဲ့ နှစ်စဉ် ပြုလုပ်နေတဲ့ ကောင်းမှု အလှူများ၊ ဆွမ်းလောင်းလှူပွဲများနဲ့၊ ကျိုက်ထီးရိုးဘုရားသို့ နှစ်စည် ငွေကျပ် သိန်း 100 လှူဒါန်းနေမှု များ ၊ ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်မှာရှိတဲ့ သံဃာတော် အပါး 380 ကျော်ကိုလည်း နှစ်စဉ် ဆွမ်းလောင်းလှူမှု၊ အစုစုတို့ကို တင်ပြလျောက်ထားပါတယ်။

ဒီနေ့ ကျင်းပတဲ့ ကထိန်အလှူကိုလဲ ပုဂ္ဂိုလ် ဆွဲ မရှိဘဲ မဲနှိုက်ပြီးသာ ကံစမ်းကြပါတယ်...ဆိုတဲ့အကြောင်းကို တင်ပြလျောက်ထားပါတယ်...................။

ကြွရောက်လာတဲ့ ဘုန်းဘုန်းများကို ဆွမ်းများဆက်ကပ်လှူဒါန်းကြပါတယ်
ဘုန်းဘုန်းများ ဆွမ်းစားပြီးတဲ့နောက်ကိုတော့ ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခြင်းပါ။

2. ပဒေသာပင်များ မဲနှိုက်၍ လှူဒါန်းခြင်း

သာကေတမြို့နယ် ပါဋ္ဌိကာရီ ဆရာတော်ဘုရားမှ ပထမဆုံးသော ဆရာတော် အမည်စာရင်းကို မဲနှိုက်ရွေးချယ်ပေးရပါတယ်။

ပြီးနောက်တော့ ထိုဆရာတော်က ပဒေသာပင်နံပါတ်ကို မိမိကိုယ်တိုင် နှိုက်ယူရပါတယ်..

အမှတ်စဉ် 3 ကျတဲ့အတွက်.... စုစုပေါင်းတန်ဖိုး သိန်း 30 ကျော် ကို ပထမဆုံးအနေနဲ့ ကံစမ်းသွားပါတယ်..

ခုလို မင်္ဂလာဈေးဓမ္မာရုံကို ကြွရောက်လာရတဲ့ ဆရာတော်ဘုရားများကို ဈေးသူဈေးသားများမှ ကံစမ်းမဲ စာစောင်များနဲ့ ကျောင်းတိုက်နာမည်များကို ရေးပြီး ကံစမ်းထားပြီးမှသာ မဲပေါက်၍ ရောက်လာရခြင်းပါ..........

ကြွရောက်လာတဲ့ ဆရာတော်များကို ပဒေသာပင်များအားလုံးကပ်ပြီး.... သူဇာလေးတို့လဲ ထမင်းစားပြီးတော့ နေ့လည် 2 နာရီ ထိုးနေပါပြီ.........

ပိတ်ရက်မရှိတဲ့အလုပ်ကို လုပ်နေရတဲ့ ကျွန်မကတော့..အလုပ်ကို အပြေးအလွှားပဲ ပြေးလာလိုက်ပါတယ်...

အလုပ်ရောက်တော့ ကိုယ်လုပ်အားပေးခဲ့တဲ့ အလုပ်ကို သာဓုခေါ်ရအောင် အားလုံးသော အပေါင်းအသင်းတွေကို ပြောပြတော့တာပေါ့.......

ပြီးတာနဲ့ ဆိုဒ်ပေါ်တင်.....

အင်း...စာဖတ်သူတွေလဲ.... ကြည်ညိုသဒ္ဒါ ပွားနိုင်ကြပါစေ......

နောက်များကြရင်တော့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေပါ ထည့်သွင်းနိုင်အောင် ကြိုးစားပါ့မယ်

ကတိနော် ကတိ။

Saturday, October 15, 2011

လပြည့်ကုသိုလ်

လပြည့်ကုသိုလ်

ဒီနေ့က အဖိတ်နေ့ဆိုတော့ ကျွန်မ ဓမ္မာရုံကိုသွားရပြန်ပါတယ်..… ဓမ္မာရုံဆိုတာ မင်္ဂလာဈေးဓမ္မာရုံပေါ့.. ရွှေတီဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးရှေ့ကလေ……

တစ်ပတ်တစ်ခါရောက်နေတဲ့ ဒီနေရာကို ညည်းငွေ့သွားတယ်လို့ကိုမရှိတာ….

ညလုံးပေါက် အိပ်ရေးပျက်လဲ.. လာမြဲပဲ….။

အလုပ်တွေအရမ်းများလို့ ပင်ပန်းလဲ. လာမြဲပဲ…

မင်္ဂလာဈေးဓမ္မာရုံမှာ ကျွန်မတို့လို အမာခံအသင်းသားအနေနဲ့ 60 ကျော်ရှိတယ်လေ.. အရံတွေကလည်း20 ကျော်တယ်… တခြား အရန်တောင်မဖြစ်သေးဘဲ အသင်းဝင်ဖြစ်ချင်နေတဲ့ သူတွေလည်း များနေတာပဲ….များပြားလှတဲ့ တာဝန်တွေကို ကိုယ်စီခွဲယူရင်း.. ခုဆို မင်္ဂလာဈေး သွေးလှူရှင်အသင်းပါ ဖွဲ့စည်းထားလိုက်သေးတယ်လေ..

အပတ်စဉ်လောင်းလှူနေကြပေမယ့် ဒီတစ်ပတ်က ၀ါတွင်းရဲ့နောက်ဆုံးဆွမ်းပတ်ဖြစ်နေတယ်လေ. ပြီးတော့ ဆီမီးတွေလဲ ထွန်းညှိပူဇော်ကြမှာမို့.. အားလုံကပျော်ရွှင်နေကြတာ… ညဘက်ကြီး ပျော်ရွှင်စွာကစားရတဲ့ အခွင့်အရေးကလည်း တစ်နှစ်လုံးမှာမှ ဒီနေ့ပဲရတော့ ကစားဖို့တောင် အစီအစဉ်တွေက ဆွဲနေကြပြီလေ……

ည 8 နာရီဆို အားလုံးဘုရားရှိခိုးကြ… နာရီဝက်တရားထိုင်… မေတ္တာပို့ ဒါတွေကိုတော့ ပုံမှန်လုပ်ရပါတယ်.. ညီညီတန်းထားပြီး တူညီဝတ်စုံဝတ်ထားတာမို့ အဝေးကကြည့်ရင်တောင် ကြည့်ကောင်းပါတယ်.. ညီညာစွာနဲ့ ကျွန်မတို့ရဲ့ဘုရားရှိခိုးနေတဲ့ အချိန်လေးဟာ တစ်ကယ့်ကို ပီတိပါပဲ…..

ဘုရားရှိခိုးပြီးတော့ အားလုံးပဲဓမ္မာရုံအောက်ကိုဆင်းလာကြတယ်လေ….

ဗုဒ္ဓဝေယျဝစ္စ နှင့်

သွေးလှူရှင် အသင်း

မင်္ဂလာဈေး

အဲ့လိုရေးထားတဲ့ ဆီမီးခွက်တွေမှာ ဆီဖြည့်၊ လောင်စာကြိုးလေးတွေထည့်ပြီးတော့… မီးတွေ လိုက်တို့ကြတာပေါ့….

အဲ့ဒိနောက်တော့ ဓမ္မာရုံကလူကြီးတွေကော အတွင်းရေးမှူးကော၊ အသင်းသူအသင်းသားတွေကော၊ ဧည့်သည်တွေကော အားလုံးက..

“နမောတဿ သုံးကြိမ်ရွတ်ပြီး မြတ်စွာဘုရားကိုရည်မှန်းကာ ဆီမီးများနဲ့ ထွန်းညှိပူဇော်ကြပါတယ် ” လို့ တညီတညာတည်း ရွတ်ဆိုကြတာပေါ့..

ပြီးတော့

“ လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ.. ဥပါသ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ…..” လို့ သုံးကြိမ်ဆိုကြရပါတယ်…

သီတင်းကျွတ်လပြည့်နေ့ရဲ့ အဖိတ်နေ့ညကလေးကတော့ ကျွန်မတွက်တော့ မမေ့နိုင်စရာ အဖြစ် တိုးလာရပါတော့တယ်…..

Friday, October 14, 2011

အသုဘ ပို့ခြင်း

အသုဘပို့ခြင်း

ယပ်တောင် ဖျပ်ဖျပ်
တခတ်ခတ်နဲ့
ပါးစပ်လှုပ်လှုပ် အတင်းတုပ်
ထိုအုပ်ထဲမှာ
အသင်ပါသလား။

တဟားဟားနဲ့
အားရရယ်မော တသောသော
တောပြောတောင်ဆို တဟိုဟို
ထိုလူစုမှာ
အသင်ပါသလား။

လူအထင်ကြီး ဂုဏ်ယူပြီး
ဖြီးဖြန်းဗေဒ အနိစ္စဟု
စိတ်ကမပါ ဟောင်ဖွာဖွာနဲ့
နှုတ်အာကျယ်လောင်
စကားဖောင်ဖွဲ့
လူပြောင်ထဲမှာ
အသင်ပါသလား။

ဇာတိဇရာ
ဗျာဓိမရဏ
သဗ္ဗေသတ္တာ သင်္ခါရာဟု
ပညာဉာဏ်ယှဉ် သမ္ပဇဉ်ဖြင့်
(သူလျှင်ရှေ့က သွားနှင့်ရလည်း
နောက်ကတို့တွေ လိုက်ရပေအံ့
မသေမဦး ငါဉာဏ်ဦးမှ)
စိတ်ကူးဖြောင့်မတ်
ဖြစ်ပျက်မှတ်ကာ
ပို့တတ်ပါစ အသုဘ

ဖေ့ဘုတ်ကနေပြည်လည်ကူးယူပါသည်။

အသုဘ ပို့ခြင်း

အသုဘပို့ခြင်း

ယပ်တောင် ဖျပ်ဖျပ်
တခတ်ခတ်နဲ့
ပါးစပ်လှုပ်လှုပ် အတင်းတုပ်
ထိုအုပ်ထဲမှာ
အသင်ပါသလား။

တဟားဟားနဲ့
အားရရယ်မော တသောသော
တောပြောတောင်ဆို တဟိုဟို
ထိုလူစုမှာ
အသင်ပါသလား။

လူအထင်ကြီး ဂုဏ်ယူပြီး
ဖြီးဖြန်းဗေဒ အနိစ္စဟု
စိတ်ကမပါ ဟောင်ဖွာဖွာနဲ့
နှုတ်အာကျယ်လောင်
စကားဖောင်ဖွဲ့
လူပြောင်ထဲမှာ
အသင်ပါသလား။

ဇာတိဇရာ
ဗျာဓိမရဏ
သဗ္ဗေသတ္တာ သင်္ခါရာဟု
ပညာဉာဏ်ယှဉ် သမ္ပဇဉ်ဖြင့်
(သူလျှင်ရှေ့က သွားနှင့်ရလည်း
နောက်ကတို့တွေ လိုက်ရပေအံ့
မသေမဦး ငါဉာဏ်ဦးမှ)
စိတ်ကူးဖြောင့်မတ်
ဖြစ်ပျက်မှတ်ကာ
ပို့တတ်ပါစ အသုဘ

ဖေ့ဘုတ်ကနေပြည်လည်ကူးယူပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More