Friday, September 2, 2011

တွဲသောလက်များမြဲစေချင်

လူးလွန့်စွာနိုးထလာတဲ့ လှပသောနံနက်ခင်းလေးတစ်ခုမှာတော…… ကျွန်မ….. ထုံးစံအတိုင်း အလုပ်သွားဖို့ တက်ကြွတဲ့ခြေလှမ်းများနဲ့ ကားမှတ်တိုင်ဆီကို လျောက်လာမိပါတယ်……..



ထွက်ပြုစ နေမင်းနဲ့အတူ နံနက် 6 နာရီဟာ ရန်ကုန်မြို့တော်က အလုပ်သမားများ အများစုအတွက်တော့ အလုပ်ချိန် စောလွန်းပါသေးတယ်……



ခပ်စောစောမို့ ကားမှတ်တိုင်မှာ လူရှင်းနေတယ်လေ………..

ကျွန်မ ကားစီးနေကြအချိန်ဆိုတော့ ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့သူတွေက မျက်မှန်းတန်းနေကြပါပြီ။



တစ်ကားတည်းစီးတဲ့သူတွေလဲ ပါတာပေါ့………….

ခပ်ဝေးဝေးကတည်းကမြင်နေရတဲ့ ကားစောင့်နေသူတွေထဲမှာ အဖိုးတို့စုံတွဲကတော့ ပုံမှန်ပါပဲ…. အသက် 70 ပတ်ဝန်းကျင်ရှိတဲ့ အဖိုးနဲ့အဖွားကို ရင်းနှီးလာတာ ကျွန်မလုပ်သက်4 နှစ်ကျော်ရှိနေပါပြီ။……



အမြဲတန်းပြုံးရွှင်ပြီး သွက်သွက်လက်လက်ဖြစ်နေတဲ့ အဖိုးတို့ကိုကြည့်ရတာ စိတ်ချမ်းသာစရာကောင်းလိုက်တာ…..လိုက်ဖက်ညီတဲ့ အတွဲလို့လဲ ထင်မိပါတယ်……



ဘေးလွယ်အိတ်ကိုလွယ်ထားတဲ့ အဖိုးက ဦးထုပ်လေးတစ်လုံးကိုလည်း ဆောင်းထားပါသေးတယ်………..

အနွေးထည့် အမဲလေးနဲ့ အညိုလေးကိုတလှည့်စီဝတ်တတ်တဲ့အဖွားကတော့ နေ့လည့်စာထည့်ထားတဲ့ ဆွဲခြင်းကလေးနဲ့ပါ။…………



သနပ်ခါးကိုညီနေအောင် လိမ်းထားတဲ့ အဖွားက ငယ်ငယ်တုံးက အလှတွေ ရှိနေပါသေးတယ်….



လိုင်းကားများလာလို့ကတော့ စပယ်ယာတွေ ငြိုငြင်မှုမရှိအောင် သွက်လက်စွာနဲ့ ကားပေါ်ကို နှစ်ယောက်သား တက်နိုင်သေးတယ်လေ….



ဘာလုပ်တယ်ဆိုတာ မသိပေမယ့်.. မြို့ထဲက 27 လမ်း (ကုန်ဈေးတန်း) မှတ်တိုင်ရောက်ရင် ဆင်းနေကျဆိုတာ ကျွန်မအပြင် ကားစပယ်ယာတွေတောင် သိနေကြပြီလေ………….



တိုးတိုးတိတ်တိတ် ချီးကျူးအားကျတဲ့ စကားသံလေးတွေကို အဖွားက အပြုံးလေးနဲ့ တုံ့ပြန်တတ်ပါတယ်…

အော်…………… အားကျလိုက်တာနော်………ခု အသက်အရွယ်ထိ မခွဲမကွာ ရှိနေတာ.. ကုသိုလ်တစ်မျိုးပါလားလို့……………..



“ ဘယ်ခါကွဲကွဲ မကွဲပဲမို့

ခိုင်မြဲသောလက် မဖြုတ်ကြေးနော် “

ဆိုတာ ဒီအဖိုးတို့ကိုပြောတာ ထင်ပါရဲ့နော်…………



ခုခေတ်လူငယ်တွေနဲ့များ ကွာလိုက်တာနော်… အရွယ်ရောက်လို့ ဘ၀တစ်ခုကို နှစ်ယောက်ပေါင်း တည်ထောင်ကြတော့မယ်လို့ ဆုံးဖြတ်တဲ့အခါမှာ သေချာဖို့လိုပါတယ်…….

အခက်အခဲတွေကို လက်တွဲမဖြုတ်တမ်း ကျော်လွှားနိုင်မှာသာ……………အိုအောင်မင်းအောင် ပေါင်းသင်းကြရမှာပါ………



ရှေးခေတ်က လူကြီးချင်းပေးစားလို့တောင်မှ အသက်ကြီးထိ မြဲနေကြသေးတာပဲ…………….. ငယ်ရွယ်ပြီး ခေတ်ပညာတတ်လူငယ်တွေရဲ့ အတွေးတွေက တခါတလေ လွဲချော်နေတတ်ကြသည်လေ…………



ခုမြင်၊ ခုကြိုက်၊ ခုလိုက်၊ ခုပြေး ၊ ခုကွဲ………….ဒါမျိုးတွေက ခေတ်မီလှတဲ့ ယနေ့ခေတ်မှာ ခေတ်မှီကုန်ကြပါပီ………….



မျက်စိရှေ့မှာမြင်နေရတဲ့ အဖိုးအဖွား များကိုကြည့်ခြင်းဖြင့် ……မိမိတို့ တွဲထားသော လက်များ ခိုင်မြဲကြပါစေလို့

ဆုတောင်းလိုက်ရပါတယ်နော်…………….



ကြိုးစားပါဦးမည်……..

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More