Tuesday, September 13, 2011

ကန်စွန်းရွက်နဲ့ ကိုယ်အလေးချိန် လျော့ချင်ပါသလား

ဒီတစ်ခါကတော့ ကိုယ်တွေ့မဟုတ်ဘူးနော်… လက်တွေ့….. လက်တွေ့..

ကျွန်မတို့အလုပ်က ပိုင်ရှင်ပါ။ အသက်76နှစ် အဖိုးတစ်ယောက်ပါ။ မိသားစုတွေက နိုင်ငံခြားမှာဖြစ်လို့ အဖိုးက ရန်ကုန်မှာ ကျွန်မတို့ကို ပဲ မိသားစုလိုသဘောထားပြီး နေ နေရတာလေ…..

ဘဘက အရပ်မြင့်ပါတယ်… ကိုယ်လေးချိန်က 165 ဆိုတော့ အရမ်းကြီး ၀ တယ်လို့မထင်ရပါဘူး…

ဒါပေမယ့် ဘဘက ပေါင်ချိန်တွေချချင်တယ်လို့ပြောတော့… ကျွန်မတို့ပဲ ဘယ်ဆေးတွေသောက်မလဲဆိုပြီး ဆေးတွေရှာရသေးတယ်…

အသက်လဲကြီးနေတော့ တခြားဆေးတွေနဲ့ မဖြစ်ပါဘူးဆိုပြီး ဘဘ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ နည်းကိုပဲ ပြန်လုပ်မယ်ပြောပါတယ်….

အဲ့ဒါနဲ့ ကန်စွန်းရွက်ကို ပြုတ်ပေးရပါတယ်… ပီးရင် ကတ်ကြေးလေးနဲ့ အနေတော်လောက် ညှပ်ပေးပြီး ထမင်းအစား စားရတာပါ…

ကန်စွန်းရွက်ကို ထမင်းနေရာမှာ အစားထိုးပြီး ကျန်တဲ့ ဟင်းနဲ့ စားလာတာ ခုဆို 3 လ လောက်ရှိနေပါပြီ။။

ပေါက် 142 ပေါင်ပဲရှိပါတော့တယ်။ ဒီနေ့ ( 22.8.2011) ထိပါ။

ဒီနည်းက အတိုးအလျော့ လုပ်ရတာ လွယ်တယ်လို့ ဆိုပါတယ်… ကိုယ်က ပေါင်ချိန်ပြန်တိုးချင်ရင် ထမင်းကိုပြန်စားလိုက်ပေါ့နော်..

မယုံမရှိနဲ့နော်… နောက်တစ်ယောက်လဲ လုပ်ဖူးတယ်……သူက အသက် 40 ကျော်ဦးလေးတစ်ယောက်ပါ။

အားလုံး အဆင်ပြေကြပါစေနော်….

1 comments:

မဆိုးဘူးနော်နည်းလေးက...လွယ်ကူတယ်လေ၀ိတ်လျှော့ရတာ...အခုလိုသိခွင့်ရတာကျေးဇူးနော်....ခိခိ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More