Tuesday, September 13, 2011

ဝသောသူများကို ကိုယ်ချင်းစာပါ

“ဟဲ့ သမီး ထထ …. ထတော့…. ကျောင်းနောက်ကျတော့မှာဘဲ”

“အင်း………..”

အပျင်းကြော တစ်ချက်ဆန့်လိုက်ရင်း ..ဟိုဘက်ကိုတစ်ချက်ပြန်လှည့်ကာ ပြန်လည်အိပ်ပျော်သွားတဲ့ သမီးဖြစ်သူကို ကြည့်ပြီး ဒေါ်မြတင်တစ်ယောက် သက်ပြင်းသာ ချမိပါတော့တယ်။

မနက် 8 နာရီထိုးခါနီးထိတိုင်အောင် အိပ်ရာမှမထသေးတဲ့ သမီးဖြစ်သူကို နှိုးရတာ နေ့စဉ်နီးပါးပင်။ အအိပ်မက်သလောက်လဲ အစားကမက်သေးသည်။

ငယ်ငယ်ကတည်းက ဘယ်သူနဲ့မတူဘဲ ၀က်ပုတ်ကလေးလို လုံးလုံးလေးဖြစ်နေတဲ့ သမီးငယ်က ချစ်စရာလေးပါ။ 6 တန်းကျောင်းသူပေမယ့် ပေါင်ချိန်တွေက များနေတဲ့အတွက် အတန်းဖော်သူငယ်ချင်းများရဲ့ စ ၊ နောက် ခြင်းကို ခံနေရသော်လည်း ခပ်ပြုံးပြုံးလေးနဲ့သာ တုံ့ပြန်တတ်ပါတယ်။

နေ့လည်နေ့ခင်းများဆို သူများတွေ ကစားနေတာကိုကြည့်ပြီး မေသူလေး မကစားနိုင်ဘူးလေ။ သူက ၀နေတော့ သူများတန်းတူ မကစားနိုင်လို့ပါ။ အဲ့ဒိတော့ အိမ်ထဲကနေပဲ ထိုင်ကြည့်နေရုံပေါ့….တစ်ခါတလေ များကျတော့လဲ…သူ….ကစားချင်စိတ်ကို မထိန်းနိုင်ဘူးလေ.

“ငါလည်းပါမယ်ဟာ…”

“ ဟာ နင်က ပြေးနိုင်လို့လား ”

“ ငါပြေးနိုင်ပါတယ်ဟ…နင်တို့ကလည်း…”

ဒီလိုနဲ့ ကစားကြတော့ မေသူ မပြေးနိုင်ပါဘူး .. ခမျာမှာ.. ဟတ်ကို ထိုးနေတာပဲ….

“ ဟာ… မောလိုက်တာဟာ… ငါမပြေးနိုင်တော့ဘူးဟာ…”

“နင်တို့ကလည်းဟာ တခြားဟာပြောင်းကစားမယ်ဟာနော်. နော်.. .”

အော်..သူငယ်ချင်းတွေနဲ့ ကစားချင်တော့လဲ သူ့ခမျာ အောက်ကျခံရတော့တာပေါ့….

*** *** ***

ပူပြင်းလှတဲ့နွေရာသီမို့် ရန်ကုန်မြို့တော်ရဲ့နေ့ခင်းချိန်ဟာ လူသွားလူလာ ကျဲလို့နေပါတယ်။ …လက်ထဲက လျောက်လွှာတွေထည့်ထားတဲ့ ဖိုင်တွဲကို ကိုင်ပြီး အလုပ်လျောက်လွှာတင်ဖို့ မေသူတစ်ယောက် မြို့ထဲရောက်နေပါတယ်။……အခွင့်အလမ်းဂျာနယ် ၀ယ်ဖတ်ပြီး၊ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီမဲ့ အရောင်းစာရေးမတို့၊ ရုံးအကူတို့ တစ်ခုခုထဲက ဘာပဲရရဆိုပြီး ….အလုပ်လျှောက်လွှာတွေ လိုက်တင်နေတာ..

ခု နောက်ဆုံးတစ်ဆိုင်ရှေ့ကို ရောက်နေပါတယ်….။

ရောင်းသူဝယ်သူ စည်ကားလှတဲ့ ဒီလိုဆိုင်မျိုးမှာ အလုပ်လုပ်ရဖို့ထက် ခု.ဆိုင်ထဲဝင်ပြီး လျောက်လွှာကိုတောင် မ၀ံ့မရဲပါ။

စတိုးဆိုင်ထဲကို မရဲတရဲလေး ၀င်သွားပြီး.. ကောင်တာတစ်ခုနားကပ်သွားကာ…

“အမ ..ဟို….အလုပ်လျောက်လွှာတင်ချင်လို့…”

“အော်…ဘယ်သူ့အတွက်လဲညီမ..”

“သမီးအတွက်ပါ.”

“ထားခဲ့နော် ညီမ…စာရွက်တွေအကုန်ပါလာသလား..”

“ဟုတ်အမ”

လက်ထဲကစာရွက်တွေကို တရိုတသေလှမ်းပေးလိုက်ရင်း….

“ အမ..ကျေးဇူးနော်….သွားလိုက်ပါဦးမယ်..”

ပါးစပ်ကလည်းပြော၊ မျက်လုံးကလည်း ဆိုင်ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိပါတယ်။ တူညီဝတ်စုံလေးတွေနဲ့..စကတ်တိုလေးတွေနဲ့..

“ဟင်း.”

သက်ပြင်းတောင်ခိုးချရပါလား…“ငါနဲ့ဖြစ်ပါ့မလား…ငါ့ကိုခန့်ပါ့မလား.. အားလုံးက စလင်းဘော်ဒီလေးတွေနဲ့…”

စိတ်ဓါတ်ကျသွားတဲ့မျက်နှာလေးနဲ့ မေသူတစ်ယောက် အိမ်ကိုပဲတန်းပြန်လာမိပါတော့တယ်….

**** **** **** ***

အိမ်ပေါ်ထပ်ခန်းမှာ အလှပြင်နေတဲ့ ကေသီတစ်ယောက် ရင်ခုန်လို့နေပါတယ်.. ဒီနေ့ ထုတ်လုပ်သူတွေလာကြ မှာ..သူ့ကို နောက်ထပ် စီးရီးအတွက် စာချုပ်ထပ်ချုပ်ဖို့ကိစ္စ စကားပြောစရာရှိတယ်လေ…ဒါ့ကြောင့် ကေသီအရမ်းကိုပျော်နေတာ…

ပထမဆုံးတစ်ခွေထဲက ပရိသတ်တွေအားပေးတာကိုခံခဲ့ရတဲ့အတွက်လဲ ကေသီဝမ်းမြောက်ဝမ်းသာဖြစ်ရတာပေါ့…. အသံချိုချိုလေးနဲ့ လိုက်ဖက်အောင်လဲ သံစဉ်လေးတွေက တွဲဖက်ပေးထားသော နယ်ပရိတ်သတ်ကော မြို့ပရိတ်သတ်ကပါ အားပေးလိုက်ကြတာ….

ဘာ ပြောကောင်းမလဲ..ထုတ်လုပ်တဲ့သူတွေ မျက်လုံးကိုပြူးရော..

“ဒေါက်..ဒေါက် “

“မမကေ…မကေ…. ဧည့်သည်တွေရောက်နေပြီ ”

“အေးအေး..မမ ခုဆင်းလာမယ်လို့ပြောလိုက်နော်…ခဏလေးစောင့်လို့….”

“ဟုတ်“

လှေကားက ပြေးဆင်းသွားတဲ့ ကောင်မလေးနောက်သို့ ကေသီ လဲနောက်ကလိုက်သွားလိုက်ပါတယ်..

** * * * * * * * * * *

“စောင့်နေတာ မကြာလောက်ပါဘူးနော်..”

“အေးပါ”

“ ကေသီ.. …ဘယ်လိုလဲ ..သတင်းတွေကြားတယ်မို့လား..”

“ဟုတ်တယ်ဦးလေး…. ကေသီဖြင့်ဝမ်းသာနေတာ…”

“ဟုတ်တယ်သမီးရ..ပရိသတ်က တောင်းဆိုနေတာ သမီးပုံကိုမြင်ဖူးချင်တယ်ဆိုလို့…… သမီးက ခွင့်မပြုလို့သာ…”

“ဟင်း…….. ဒီတိုင်းလေးပဲကောင်းပါတယ်ဦးရယ်… မော်လ်ဒယ်တွေနဲ့သာ အစားထိုးလိုက်ပါနော်…”

စကားဝိုင်းကို ခပ်မြန်မြန်သိမ်းလိုက်ရပါတော့တယ်… မပြန်ခင် ပြောသွားတဲ့ စကားတစ်ခွန်းကတော့

ကေ့သီ့ကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်…

“ငါ့တူမကြီးလဲ ၀ိတ်ချဦးနော်” တဲ့…….

*** *** *** ***

ဟုတ်ပါတယ်..သူတို့ဘ၀လေးတွေမှာလဲ တခြားသူတွေမှာ မရှိတဲ့ သိမ်ငယ်ခြင်း၊ အားငယ်ခြင်း တွေကို ခံစားနေရတယ်ဆိုတာ သဘောပေါက်လောက်ပါပြီနော်… တစ်ဖက်ကအောင်မြင်နေပေမယ့် တဖက်မှာလည်း စိတ်ပျက်အားငယ်မှုတွေ ရင်ထဲမှ မသိမသာ ရောက်ရှိနေတယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင်သာ အသိဆုံးဖြစ်ပါတယ်…

ဒါ့ကြောင့် “၀ ” သောသူလေးတွေကိုလည်း ကိုယ်ချင်းစာပေးနိုင်ကြပါစေလို့ ……………။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More