Thursday, September 22, 2011

လက်ကွက်ကလေးတွေ မှန်အောင်ကျင့်ကြမယ်

လက်ကွက်ကလေးတွေ မှန်အောင်ကျင့်ကြမယ်

ဒီနည်းလေးကတော့ မသိသေးသူများကို ရည်ညွှန်းပါတယ်။ အင်တာနက်ကို အခုမှ စတင်လေ့လာသူ အများစုကတော့ ကီးဘုတ်ကို မရင်းနှီးသေးတဲ့အတွက် ကြုံသလို ရိုက်နေကြတာကို တွေ့နေရတာနဲ့ ဒီစာလေး ကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ တစ်ချို့များကျတော့လဲ လက်တစ်ချောင်းထဲကို အသုံးပြုပြီး စာရိုက် နေတာတွေပါ ရှိပါတယ်။ ရေးတာများလာတော့လဲ လက်ကတော်တော်တောင် မြန်နေကြတာကို တွေ့ရတယ်လေ။ တစ်ချို့များဆို စာလုံးတွေကို လက်မနဲ့ တောင် ရိုက်ကြတာ တွေ့နေရလို့ပါ။

ဒါပေမယ့် နည်းစနစ်လေးမှန်မှန်လေးဆိုရင်တော့ ကြည့်ရတာလဲ အဆင်ပြေတာပေါ့နော်.

ရိုက်ရမည့်နေရာကိုလည်း ပြောဦးမှထင်တယ်။ စာရိုက်ကျင့်တဲ့ ဆော့ဝဲ မရှိရင်ပြောတာနော်..

Start ထဲက Program ထဲက Accessories ထဲက Word Pad မှာ စာရိုက်ကျင့်လို့ရပါတယ်။

ကဲ စမယ်..

ကီးဘုတ်က A, S, D, F ဆိုတဲ့ ခလုပ်တွေပေါ်ကို ဘယ်ဘက်လက်က စတင်နော်… ဒါဆိုရင်..

လက်သန်းလေးက A ပေါ်မှာ ရှိမှာပေါ့နော်။ လက်ညှိုးလေးကတော့ F ပေါ်ပေါ့။

ညာဘက်လက်က J, K , L, ; အဲဒိခလုပ်တွေပေါ်ကို တင်ထား၇မယ်။ လက်မကိုတော့ Space Bar ဆိုတဲ့ bar အပြားပေါ်ကိုတင်ထားနော်။

လက်တင်တာနည်းစနစ်မမှန်ရင်လည်း လူကိုထိခိုက်တတ်ပါသေးတယ်။ မိမိတို့ အသုံးပြုနေတဲ့ ကွန်ပျူတာရယ် ကီးဘုတ်ရယ် ၊ လူရယ်။ ထိုင်ပုံစနစ်ကလည်း လိုသေးတယ်လေ။ မိမိတို့လက်က ကီးဘုတ်ပေါ်တင်တာ ပုံစံမကျရင် လက်ဝါးမှာ အဆီတွေလာစုဆောင်းနေတတ်တယ်။ အဲဒိအခါ လက်ကိုက်တာတွေဖြစ်တတ်တယ်။

လက်တင်တာပုံစံကျသွားပြီဆိုရင်တော့ စရိုက်ရမဲ့ စာလုံးလေးတွေကိုပြောပြပါ့မယ်။

A ပေါ်တင်ထားတဲ့လက်က a, q , z ကို ရိုက်ရမှာပါ။

S ပေါ်တင်ထားတဲ့လက်က s, w, x ကို ရိုက်ရမှာပါ။

D ပေါ်တင်ထားတဲ့လက်က d, e , c ကို ရိုက်ရမှာပါ။

F ပေါ်တင်ထားတဲ့လက်က r, t, g, v, b ကို ရိုက်ရမှာပါ။ သူက တော့ (6) လုံးကိုရိုက်ရပါတယ်။

ခု ညာဘက်လက် ရောက်လာပြီနော်…

J ပေါ်တင်ထားတဲ့လက်က j, y, u, h, n, m ကို ရိုက်ရမှာပါ။ သူလဲ (6) လုံးကိုရိုက်ရပါတယ်။

K ပေါ်တင်ထားတဲ့လက်က k, I, (,) coma ကို ရိုက်ရမှာပါ။

L ပေါ်တင်ထားတဲ့လက်က l, o, (.) full stop. ကို ရိုက်ရမှာပါ။

; ပေါ်တင်ထားတဲ့လက်က ; , p, / ကို ရိုက်ရမှာပါ။ လက်သန်းဧရိယာမှာ ရှိရင်တော့ လက်သန်းနဲ့ပဲရိုက်ရမယ်။

ခု စရိုက်ကြည့်ရအောင်နော်..

Aqaz aqaz ဆိုပြီး လက်သန်းကိုပဲ အရင်ကျင့်ပါ။ ကြားထဲမျာကျဲထားတာလေးတွေက လက်မ တင်ထားတဲ့ ဘား ( bar ) ကို တစ်ချက်ပုတ်လိုက်ရင်ရပါတယ်။

ကဲ..ဒီနည်းလေးနဲ့ တဖြည်းဖြည်းချင်း ကျင့်မယ်ဆိုရင်တော့ နည်းစနစ်မှန်မှန်နဲ့ လက်ကွက်ကလေးကို ကျင့်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်လိုက်ရပါတယ်နော်….

2 comments:

အဆင်မပြေရင်လဲ ပြောကြပါနော်..

မသိဘူးအဲ့လိုထားရမှန်း လက်ကွက်ကိုအဆင်ပြေသလိုပဲ ရိုက်နေတာ..ခုမှသေချာသိလိုက်ရတယ်..
ကျေးဇူးတင်ပါတယ်...
လာလည်ရကျိုးနပ်ပါတယ်..
အစဉ်းအားပေးလျှက်ပါ....

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More