Thursday, November 10, 2011

မှတ်မှတ်ရရ ဆေးပေါင်းခ

မှတ်မှတ်ရရ ဆေးပေါင်းခ

တစ်နှစ်တစ်ခါမှသာ ကြုံတွေ့ရတဲ့ ဒီလိုရက်လေးတွေမှာ အမှတ်တရလေးတွေကတော့ ရင်ထဲအပြည့်ပါ…….

ခုလဲ…. ရောက်လို့လာပြန်ပါပြီ…. “ဆေးပေါင်းခ” တဲ့ ည ……….

ခုလို အချိန်ကိုရောက်လာပြီဆိုလို့ကတော့. ကျွန်မတို့ သူငယ်ချင်းတွေ လမ်းသွားရင်းနဲ့ ခဏတာ ဆုံကြတာတောင်…. ကိုယ့်အထာနဲ့ကိုယ် နဲနဲတော့ ပြုံးမိလျက်သား…… ……အော်….သတိတရလေးတွေပါ..……..မနှစ်ကအဖြစ်အပျက်လေ…..

***** ********* ******

ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ သူဇာတို့ အလုပ်ရှုပ်ပီလေ…

မနေ့ညနေကတည်းက ပဒေသာပင်တွေကို ရပ်ကွက်ဓမ္မာရုံကိုပို့ပြီးတာမို့…တော်သေးတယ်… နှစ်စဉ်နှစ်တိုင်း ကထိန်ခင်းတာက သာကေတမြို့နယ်က ပါဋ္ဌိကာရီကျောင်း….

ရပ်ကွက်တစ်ခုစာဆိုတော့ ပဒေသာပင်က 15 ပင်လေ…

တစ်လမ်းကိုတစ်ခုကျ တန်းစီထားပြီး.. ကလေးတွေကော လူကြီးတွေပါ… စုရုံးစုရုံးပေါ့….

မိကျောင်းကန်ရှိရာကိုပါ လိုက်ချင်တဲ့ ကလေးတွေကတော့… ဓမ္မာရုံနားမှာ ရစ်သီရစ်သီ……..

ငယ်ငယ်တုံးကတော့ ကိုယ်လဲ ကလေးဘ၀မို့.. လိုက်ချင်တာပဲသိတယ်လေ… ဘုန်းကြီးကျောင်းရောက်ရင် မုန့်ဟင်းခါးစားရတယ်.. ပြီးရင်..မိကျောင်းမွေးမြူရေးစခန်းထဲကို သွားကြည့်ကြတာဆိုတော့.. ဒီလိုအခွင့်အရေးကလည်း.. .. တစ်နှစ်မှတစ်ခါလို ဖြစ်နေတာ…….

ကိုယ်က လူကြီးဘ၀ရောက်နေပြီဆိုတော့ ကလေးတွေကို ကိုယ်ချင်းစာမိပါတယ်…အော်.. သူတို့လဲ… လိုက်ချင်ရှာမှာပဲလို့…….

နံနက် 7ခွဲဆို အားလုံးသွားကြပီလေ…

ရပ်ကွက်အရေး..ကိုယ့်အရေးလို့ သတ်မှတ်ထားတာဆိုတော့ အလုပ်ကခပ်များများရယ်လေ…

*********** ******

ကျွန်မတို့လူငယ်တစ်သိုက်ကတော့ ညနေကျ အုန်းနို့ဆန်ပြုတ်တိုက်ဦးမှာမို့… ဈေးပြေးသူကပြေး.

အုန်းသီးသွားညှစ်သူကညှစ်နဲ့…. ပျော်ဖို့လဲကောင်းသလို….. အရမ်းကိုမောရပါတယ်…. အဲ့လိုနေ့မျိုးတွေမှာ အုန်းသီးဆိုင်က စက်ပျက်တာတို့… ခြစ်သူမရှိတာတို့ ကြုံလို့ကတော့.. ကိုယ့်ဘာသာ လုပ်ကြပေတော့…. .. သူဇာတို့ကလုပ်ရပါဘူး…. ယောင်္ကျားလေးတွေပဲလုပ်ရတာ….

ည 12 ဆိုရင်ဆေးပေါင်း ခ တဲ့အချိန်ဆိုတာ သိထားတာမို့ မိန်းကလေးတွေက မဲဇလီ ဖူးတွေနဲ့ အလုပ်များနေတာပေါ့… ဟင်းချိုလဲချက်၊ သုပ်လဲသုပ်မယ်လေ….

မဲဇလီရွက်တွေကို ကိုယ့်ရပ်ကွက်က ဈေးမှာလာရောင်းပေးတယ်လေ… မရှိလို့ကတော့ တခြားဈေးတွေလဲပြေးရပါသေးတယ်…. အော်… ဒါကလည်း တစ်နှစ်မှတစ်ခါရယ်ပါ….နော်…

နေ့ခင်း 12 နာရီဆို အုန်းနို့ဆန်ပြုတ်အိုး စ တည်ပါတယ်…ဦးဆောင်သူ အန်တီတွေကတော့… သူဇာတို့ရဲ့ ဆရာပါပဲ….

အဲ့ချိန်ဆိုရင်တော့ ယောင်္ကျားလေးတွေက လော် တစ်လုံးနဲ့ တစ်ခြားလမ်းတွေ၊ ရပ်ကွက်တွေမှာ သွားပီး အသိပေးနေလေရဲ့….

ညနေ 3 နာရီဆိုတာနဲ့ စ ပြီး ကျွေးမွေးပါတယ်… မွေးပျံ့ပြီး ပူနွေးနွေး အုန်းနို့ဆန်ပြုတ်လေးက သူဇာ့အကြိုက်ပေါ့…. အားပါးတရအားပေးကြတဲ့ ကလေးတွေကော လူကြီးတွေကော ပျော်လို့ ရွှင်လို့….. ကိုယ့်လုပ်အားလေးနဲ့ လုပ်ထားတာမို့ ရင်ထဲက ပီတိလေးကို ဘယ်သူမြင်လို့ သိနိုင်မလဲနော်…….

တခြားရပ်ကွက်တွေမှာလဲ.. လှူသူပေါများနေတဲ့အချိန်ဆိုတော့.. ကိုယ့်ဆီလာအောင် ဆွဲခေါ်သင့်လဲခေါ်….ပေါ့နော်… မတည့်ဘူးလို့ပြောသူတွေကိုလည်း… ဘာမှမဖြစ်ပါဘူးလို့လဲ.ပြောပေါ့… ဟီး…. စားစေချင်လို့ပါ…

ည 8 နာရီလောက်ဆို အားလုံးသိမ်းပြီးပေါ့.. ပက်စာခွာ ဖျာသိမ်းထက် ဆိုးပါတယ်.. အကုန်ပြောင်နေတာပဲ.. ရှင်းလိုက်တာမှလေ…လူအင်အားက များတာကိုး…..

***** ***** *****

“စားလို့ မရသေးဘူးလားဟ…”

“ဟာ… 12 နာရီကျော်မှ စားရမှာလေ… သွား.. တစ်ရေးပြန်အိပ်ဦး….သုပ်တောင်မသုပ်ရသေးဘူး… ”

ယောင်္ကျားလေးတွေကတော့ အဲ့လိုပါပဲ… ညထိတောင် မစောင့်နိုင်ဘူး.. အနားမှာရစ်သီ..ရစ်သီ..နဲ့

သူတို့လည်းတစ်နေကုန်ပင်ပန်းထားတာဆိုတော့ ဒီတစ်လှည့်က ကျွန်မတို့အလည့်လေ….

ကျွန်မတို့ကတော့ အိပ်ရပါဘူး… ဦးတိုးကြီိးကျွေးတဲ့မုန့်ကိုစားပြီး သူ ရင်ဖွင့်တာ နားထောင်နေရတာ….

လေပြေလေးကလည်း ခပ်အေးအေးရယ်…. ဦးတိုးကြီးရဲ့ ရင်ဖွင့်သံရယ်………………

ပဒေသာပင်အတွက် အလှူခံမဏ္ဍပ်က ဒီညတော့ ကျွန်မတို့ စုရပ်ပေါ့…… ဘေးနားမှာ တန်းစီပြီးချထားတဲ့ ပြုတ်ထားပြီးသား မဲဇလီဖူးတွေကော… ဆီချက်… ဆား၊ အချိုမှုန့်.. ဒါတွေက အဆင်သင့်လေ…12 ထိုးတာနဲ့ ရောပြီးနယ်ရအောင် အသင့်လုပ်ထားတာ…

စကားလည်းပြောရင်း..စောင့်လဲစောင့်ရင်းတဲ့ ကျွန်မတို့ကတော့ တ၀ါးဝါးနဲ့ကို (ရယ်နေရတာ မဟုတ်ဘူးနော်..) … သန်းနေတာ….

လက်နာရီကလည်း ခဏခဏ ကြည့်ရလွန်းလို့… နောက်တစ်ခါ ထပ်ကြည့်ရဲ့ကြည့်ဆိုပြီး ချိန်ခြောက်နေသလိုပါပဲ……

တောင်..တောင်….တောင်..

ကင်းသံချောင်းသံ 12 ချက်ကြောင့် ကျွန်မတို့ မျက်လုံးပါပြူးသွားတာပဲ…. ခုနမှ 11 နာရီ 45 ပါပေါ့…

နာရီတွေများ မှားလားဆိုပြီး…..

ဘယ်ဟုတ်မလဲ..ကိုယ်တော်ချောတွေက မစောင့်နိုင်လို့ သွားခေါက်တာ…ဟင်း…. မပြောလိုက်ချင်ဘူး…

ဒီလမ်းကကင်းသံကြားတော့.. တခြားလမ်းတွေကပါ လိုက်ခေါက်ကြတော့တာပဲလေ..

ကျွန်မတို့ရဲ့ မဲဇလီ သုပ်လေးလဲ စမယ်ဆိုပြီး… ပြင်ဆင်မယ်အလုပ်…… မီးက ဖျက် ခနဲ့ ပျက်ပါလေရော…

တစ်ရက်ကွက်လုံးမှောင်သွားတာ… တစ်ယောက်ကိုတစ်ယောင်တောင် ဘာမှမမြင်ရတော့ဘူးလေ…

ကြားဖူးထားတာကလည်း 12 အတိဆို စားရတယ်ဆိုတော့ ဟိုပြေးဒီပြေးနဲ့ မှောက်တာလဲမှောက်..ပေါ့.

အင်ဗာတာကလည်းမရှိ… ရုတ်တရက်ဆိုတော့ မီးခြစ်တို့ ဓါတ်မီးတို့ကလည်းမရှိ… အဲ့ဒါနဲ့ မှန်းသန်းရမ်းသမ်းနဲ့ အနားတွေ့တဲ့ ဇလုံတစ်ခုထဲ ထည့်သုပ်ပီး စားတဲ့သူကလည်း စား။ ဓါတ်မီးပြေးယူသူကယူပေါ့…

အားလုံးလဲ စားပီးရော… မီးကပြန်လာရော…

တစ်ယောက်တစ်ပေါက်မေတ္တာပို့လိုက်တာ.. မီးပေးတဲ့ရုံးက ၀န်ထမ်းတွေတော့… ဘယ်လိုနေတယ်မသိ….

စားပီးသားတွေကို မနက်ကျမှ ဆေးမယ်ဆိုပြီး… ကိုယ့်အိမ်ကို ကိုယ်ပြန်တော့ ည 1 နာရီတောင် ထိုးတော့မယ်လေ…

***** ***** *****

ညက အိပ်တာနောက်ကျတာမို့ အလုပ်ကို ကမန်းကတန်းပြေးရပြန်ပါတယ်…. မနေ့က အဖြစ်အပျက်ကို အလုပ်ကသူတွေကို ပြောပြတော့တာပဲ.. ဒါက ကျွန်မရဲ့ ၀ါသနာလေ… သူတို့တွေက ဒီလိုမျိုး မကြုံဖူးကြဘူးလေ…

မနေ့ကအပျော်လေးကြောင့်ထင်တယ် အလုပ်မှာလဲ စိတ်ထဲကို လန်းဆန်းနေတာ… တွေးတွေးပြီးလဲ ရယ်ချင်တယ်လေ…

ညနေ ..အလုပ်ဆင်းတော့ အိမ်ကိုပြန်တာ.. လမ်းထဲ စ ၀င်ကတည်းက သူငယ်ချင်းတွေ စုပြီး စကားပြောလိုက်.. ရယ်လိုက်လုပ်နေလို့ ကျွန်မလဲ အနား အသာတိုးသွားတော့..

“ပြောလိုက်… လေ..”

“ နင်.. ပြောလိုက်ပါ.. ”

“ ဟယ်… နင်တို့ကလည်း… ”

“ ဒီလိုသူဇာရေ… နင် ..ညက သုပ်ပေးတဲ့ ဇလုံက… “ ………………………..” ဇလုံကြီး ဟ

“ ဟယ်… ဟုတ်လို့လား.. နင်တို့ကလည်း…. ”

“မယုံရင် ဟိုကောင်တွေကိုမေးကြည့်ပါလား..” သူတို့တောင် ရှိသမျှ ဘုန်းတွေ ကံတွေတော့ သွားပါပီတဲ့….

အဲဒါကြောင့် ဆပ်ပြာမှုန့်အနံရပါတယ်လို့ ငါ ထင်နေတာ….

“အေးဟာ.. နောက်မှ..”

“ ကျွန်မလဲ.. အိမ်ကိုသာ တန်းပြီး ပြန်လာခဲ့ပါတော့တယ်..…. ”

ကျွန်မတို့ အဖြစ်အပျက်ကတော့ တစ်လမ်းလုံးကို သိရော….

ဘယ်တက်နိုင်မလဲနော်.. ..မီးကပျက်သွားတာကိုး……………..

သူဇာ ထည့်သုပ်ပေးတဲ့ ဇလုံကြီးက… ဇလုံကြီးက…….. ဟီး…. ပြောတော့ဘူး..

တာ့တာ…။

1 comments:

ဘာဇလုံလဲတော့ ပြောဦးလေ...အဲ့ လိုကြီးမလုပ်ပါနဲ့ 

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More