Wednesday, September 14, 2011

ကြက်ဥ အတုဆိုတာ

ခုတလော.....ကြက်ဥအတုဆိုတာနဲ့ပတ်သတ်ပြီး တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြတာကို ကြားနေရကတည်းက ကြက်ဥတောင် မစားရဲသလိုဖြစ်နေတာ...

အတု၊ အစစ်တွေလဲ မခွဲချင်ပဲ ကြည့်နေရတယ်....
ဒီနေ့တော့ ဖေ့ဘုတ်က Matrimonial Affairs Knowledge Group ကနေ စာလေးတစ်ပုဒ်ဖတ်ရလို့ အားလုံးသော စာဖတ်သူတွေသိရအောင် ပြန်တင်ပေးလိုက်ပါတယ်
အကိုတစ်ယောက်စီကပါ သူငယ်ချင်းများ သိစေချင်သောကြောင့် တစ်ဆင့်ပို့ပေးထားတာပါ။
ကဲ...လာပြီဗျ... ကြက်ဥအတုဆိုတာ ဒိလိုတဲ့ဗျာ........



ဖစ်နိုင်မဖြစ်ဆိုတာကတော့ သူငယ်ချင်းအားလုံးချင့်ချိန်စဉ်းစားပြီးမှယုံစေချင်ပါတယ်။ကျွန်တော်လည်း အသိတစ် ယောက်ပြောပြလို့ အများအတွက်လည်းအကျိုးရှိမယ်ထင်လို့ ဘလော့မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တာပါ။ မိုးမိတ်မြို့ နယ်အတွင်းက ရွာတစ်ရွာက အမျိုးသမီးလေးနှစ်ယောက် တရုတ်ပြည်ဘက်မှာ အလုပ်ကောင်းတယ် လစာလည်းကောင်းတယ်ဆိုပြီး သွားကြတယ်။ ဒီလိုနဲ့ တရုတ်နယ်ဘက်ရောက်ရောပေါ့ဗျာ။တရုတ်ပြည်ရဲ့ အစွန်
အဖျားတောထဲကို မှန်အလုံပိတ်ထားတဲ့ကားတစ်စီးနဲ့ ခေါ်သွားတယ်။မြို့ နဲ့လည်းတော်တော်လေးအလှမ်းဝေးတယ်တဲ့
အဲဒီမှာ ရောက်တော့ ဂိုဒေါင်ကြီးတစ်လုံးနဲ့ တစ်ဖက်က ကြက်ခြံကြီးတစ်ဆောင်လည်းရှိတယ်တဲ့ခင်ဗျ။
သူတို့ရောက်လို့ ဂိုဒေါင်တံခါးလည်း ဖွင့်ရော အထဲမှာ သူတို့ နဲ့ ရွယ်တူမိန်းကလေးတွေ အများကြီးတွေ့ ရတယ်။
ဒါနဲ့ သူတို့လည်း ဂိုဒေါင်ထဲမှာ နေရတယ်ပေါ့.။ ထူးခြားတာက ဂိုဒေါင်ထဲမှာရှိတဲ့မိန်းကလေးတွေက ဘယ်သူမှ
သူတို့ကိုစကားမပြောကြဘူးတဲ့။ မြန်မာစကားမတတ်လို့ လည်းဖြစ်ချင်ဖြစ်မှာပေါ့လေ။ သူတို့ ရောက်သွားတာက
နေ့ ခင်ပိုင်းဆိုတော့ ညနေဘက်လည်းရောက်ရော အထဲမှာရှိတဲ့ သူတို့ အပါအ၀င် မိန်းကလေးတွေကို ဆေးတစ်ယောက်တစ်လုံးစီလာထိုးတယ်တဲ့။

ထိုးတာကတော့ လက်မောင်းမှာထိုးတာပါ။ သူတို့ ကတော့ဘာမှလည်းမလုပ်ရဘူးတဲ့ခင်ဗျ။ စားလိုက် အိပ်နေလိုက်ဘဲနေရတယ်တဲ့။

တစ်ပတ်လောက်လည်းကြာရော မိန်းကလေးအားလုံး ဗိုက်ကလေဲးတွေပူလာကြတယ်တဲ့။ တစ်ရက်တစ်ရက်နဲ့ ကြာလာတော့ ဗိုက်က

တဖြည်းဖြည်းသိသိသာသာကိုပူလာကြတယ်တဲ့။အဲဒါနဲ့ မိုးမိတ်ဘက်က ကောင်မလေးတစ်ယောက်က အရဲစွန့် ပြေးတယ်။ အတော်လေး

ကိုခက်ခက်ခဲခဲ ပြေးရတယ်လို့ ပြောတယ်ခင်ဗျ။ အဲလိုနဲ့ ပြေးရင်းတရုတ်ပြည်ထဲက ရွာတစ်ရွာရောက်တော့ အိမ်တအိမ်ကို

ခြေဟန်လက်ဟန်နဲ့ ပြောပြအကူအညီတောင်းပြီ ခနတည်းခိုပုန်းနေရတယ်။ ညလည်းရောက်ရော ဗိုက်က ကလေးမွေးချင်သလို

တအားနာလာတယ်တဲ့။ အဲဒါနဲ့ တအားနာလာလို့ မွေးလည်းမွေးချလိုက်ရော အံ့သြစရာကောင်းလိုက်တာဗျာ ။ ကြက်ဥတွေမွေးလာပါတယ်တဲ့ခင်ဗျ။ တစ်ခါနာလို့ တစ်ခါမွေးရင် အလုံးတစ်ရာမွေးပါတယ်တဲ့ခင်ဗျာ။ ကဲ သူငယ်ချင်းအကိုအမတို့ လည်း

ကျွန်တော်ရေးတဲ့ဘလောဂ့်လေးကို ဖြစ်နိုင်မဖြစ်နိုင် တွေးတောစဉ်းစားပြီး ဝေဖန်အကြံပေးနိုင်ပါကြောင်းခင်ဗျာ။

ကြက်ဥအတုအစစ်ခွဲနည်း

ဝယ်လာတဲ့ကြက်ဥကို ပုဂံတစ်ခုထဲမှာခွဲပြီးထည့် ကြည့် လိုက်ပါ ။ အစစ်က အကာသတ်သတ် အနှစ်သတ်သတ်ပုဂံထဲကိုကျပါတယ်။

အတုက အကာနဲ့ အနှစ်ရောသွားပါတယ် မွှေကြော် ကြော်ဖို့ ခေါက်ထားသလိုကျတယ် လို့ သိတယ်လူက ပြောပြလို့ မှတ်သားထားပါတယ်ခင်ဗျာ

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More