Thursday, December 22, 2011

ရွှေနှင့် ပတ်သတ်ပြီး မသိသေးတဲ့ အချက် ၂၀


( ၁) ရွှေဟာ လူသားတွေ ပထမဆုံး အသုံးပြုခဲ့တဲ့ သတ္တုဖြစ်ပါတယ် ။ ဘူလ်ဂေးရီးယားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရွှေအပိုင်းအစများ ခရစ်မပေါ်မီနှစ်ပေါင်း ၄၀၀၀ခန့်ကဆိုတာ အသေအချာ စစ်ဆေးသိရှိခဲ့ပါတယ် ။



(၂) ခရစ်မပေါ်မီ အီတလီနိုင်ငံက သွားဆရာဝန်တွေဟာ သွားအတုတွေကို တပ်ဆင်ဖို့ ရွှေကြိုးတွေကို အသုံးပြုခဲ့ပါတယ် ။
သွားအပေါက်ဖာတဲ့နေရာမှာလည်းရျွှေကို ကျွမ်းကျင်စွာ သုံးခဲ့ပါတာပါပဲ ။



(၃) ၁၅၃၂ ခုနှစ်က စပိန်လူမျိုးတွေ ပီရူးကို နယ်ချဲ့ပြီး အင်ကန်လုရင်ကို သိမ်းကိုက်လိုက်တဲ့ အခါမှာ ဘုရင်က တောင်းဆိုပါတယ် ။ သူ့ကိုပြန်လွတ်ဖို့ အလျားပေ ၊ အနံ ၁၈ ပေကျယ်တဲ့ အခန်းထဲမှာ သူ့အရပ်နဲ့မီသလောက်ထိ ရွှေတွေပုံပေးမယ်ဆိုတဲ့ ကတိနဲ့ပါ ။ ဟုတ်ပါတယ် ။ ကမ္ဘာ့သမိုင်းမှာ အင်ကန်လုရင် အတာဟူရာပါဟာ ရွှေအများဆုံး ပိုင်ဆိုင်တဲ့ ဘုရင်ပါ ။


(၄) ဘာပဲပြောပြော စပိန်တွေဟာ အဲဒီဘုရင်ကို သတ်လိုက်ကြပါတယ် ။



(၅) အမေရ်ကားတိုက်ကို ကိုလံဘတ် အရောက်မီ ထွန်းကားခဲ့တဲ့ AZTEC လူမျိုးတွေရဲ့ ဘာသာစကားမှာ ရွှေဆိုတာ နတ်သားတွေရဲ့မစင်လို့
အဓိပ္ပါယ်ရပါတယ် ။



(၆) ၁၉၇၇ ခုနှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည့်နယ်စား ကွန်ရက်ရိဒ်စာ အဖေရဲ့လယ်ထဲကနေ ၁၇ ပေါင်လေးတဲ့ ရွှေတုံးကြီးတစ်တုံးကိုတွေ့ခဲ့ပါတယ် ။ ဒါပေမဲ့ သူဟာ အဲ့ဒီရွှေတုံးကြီးကို တံခါးပေါက်ခုတဲ့ ကျောက်တုံးအဖြစ် သုံးမှစ်ကြာ အသုံးပြုခဲ့ပါတယ် ။

(၇)အဲဒီနောက် ရွှေကုန်သည်တစ်ဦးက တွေ့သွားခဲ့ပြီး အမေရိကန်ဒေါ်လာသုံးဒေါ်လာခွဲနဲ့ဝယ်ယူသွားခဲ့ပါတယ် ။
တကယ်တမ်းပေးသင့်တဲ့ ဈေးကနူန်းက အမေရိကန်ဒေါ်လာတစ်သိန်းပါ ။



(၈) ရှောင်ကွန်နရီပါဝင်တဲ့ Gold - Finger ဆိုတဲ့ ဇာတ်ကားထဲမှာ လူဆိုးလေါင်းဆောင်ဟာ မင်းသမီးကိုတစ်ကိုယ်လုံး ရွှေရည်စိမ်သတ်တဲ့ အခန်းရိုက်ဖို့အင်းသမီးရဲ့ ကိုယ်လုံးကို အပူ ဒဏ်ခံနိုင်အောင်ဖုံးအုပ်စီမံရပါတယ် ။ ဒါပေမယ့် မင်းသမီးရှာလီအက်တန်ရဲ့ ဗိုက်ပေါ်မှာ အပေါက်သေးသေးလေး ကျန်ခဲ့တာကိုတော့ ရိုက်ကွယ်းပေါ်က လူအားလုံးမသိခဲ့ပါဘူး ။



(၉)ရွှေဟာ ပုံးသွင်းလို့ အကောင်းဆုံး သတ္တုပါ ။ တစ်အောင်စရှိတြ့ ရွှေကို အလင်း ဖောက်နိုင်တဲ့အထိ ပြားယူလို့ရပါတယ် ။ နောက်ပြီး ငါးမိုင်လောက်ရှည်အောင်လည်း ဆွဲဆန့်လို့ရပါတယ် ။ လူဆံပင်ရဲ့ဆယ်ပုံတစ်ပုံထိ သေးသွယ်သွားအောင်လည်း ပြုလုပ်နိုင်ပါတယ် ။



(၁၀)အပိုလိုအာကာသယာဉ်ဟာ လပေါ်ကို အဖြေချတဲ့ နေရာမှာ ဒေါက်တံတွေကို ရွှေနဲ့ပြုလုပ်ခဲ့ပါတယ် ။ ရေဒီယို သတ္တိကြွခြင်းကို ကာကွယ်နိုင်ပါတယ်။ အာကာသယာဉ်မူးတွေကလည်း သူတို့ရဲ့မျက်ကပ်မှန်ကို ရွှေနဲ့ပြုလုပ်ခဲ့ပါတယ် ။ စူးရှလွန်းတဲ့ အရောင်တွေကို ကြည့်နိုင်ဖို့ပါ ။



(၁၁) ရွှေဟာ တန်ဖိုးထားသိမ်းဆည်းခံရတဲ့ နေရာမှာလည်း ထိပ်ဆုံးကပါ ။ ပုံသဏ္ဍာန် တစ်မျိုးကနေ တစ်မျိုးသာ ပြောင်းခဲ့သွားပေမယ့် ရွှေတွေကတော့သမိုင်းအဆက်ဆက် ပျောက်ဆုံးပျက်စီး ခဲလှပါတယ် ။ ကမ္ဘာ့သမိုင်းတွေရဲ့တူးဖော်တွေ့ရှိသမျှ ရွှေအားလုံးရဲ့ ၁၅ ရာခိုင်နုန်းမှာ ပျောက်ဆုံးသွားတဲ့ အထဲပါသွားတာပါ ။ ၈၅ ရာခိုင်နုန်းကတော့ ရှိနေတုန်းပါပဲ ။

(၁၂) လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က တည်းက ဒူလာရောဂါသညါတွေကို ကုသတဲ့ နေရာမှာ ရွှေရည်ကို ဆေးအဖြစ် ထိုးခဲ့ကြပါတယ် ။
ရွှရည်ဆိုပေမယ့် ထုံးကြက်တတ်ရည်လိုရွှေမှုန့်ရွှေနှစ်တွေ မပါတဲ့ အပေါ်ရည်ပါ ။ ဒီနည်းစနစ်နဲ့ ပတ်သတ်ပြီး ဆရာဝန်တွေ အသုံးပြုနေကြပေမယ့်ဘယ်သူမှ အသေအချာရှင်းမပြနိုင်ပါဘူး ။



(၁၃) ရွှေနဲ့ပတ်သတ်ပြီး အဂ္ဂိရတ်ထိုးတာဟာလညးခေတ်စားခဲ့ပါတယ် ။ တကယ်လည်း ရှိခဲ့ပါတယ် ။ စလိုဗီးကီးယား နျူကလီးယား ဓါတ်ပေါင်းဖိုကနေ ခဲဓာတ်ပေါင်း တစ်ခုဟာ ရွှေအဖြစ်မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့ဖူးပါတယ် ။

(၁၄)တချို့တော်ဝင် အိမ်ရာတွေရဲ့ ပြတင်းပေါက်မှာ ရွှေပေါင်ကွပ်ကြပါတယ် ။ နွေရာသီမှာ အလင်းပြန်စေဖို့ဖြစ်ပြီး ဆောင်းရာသီမှာတော့ အပူကိုစုပ်ယူနိုင်ဖို့ ဖြစ်ပါတယ် ။

(၁၅)ရွှေတွင်းတွေဆီကနေ ရွှေကျိုတဲ့ အတွက် ရေထဲကို ဆိုင်ရာနိုက်အဆိပ်တွေ ၊ လေထဲကို နိုက်ထရိုဂျင်နဲ့ ဆာလဖာအောက်ဆိုက်တွေ ရောက်သွားပါတယ် ။ ၂၀၀၀ ပြည့်နှစ်က ရိုမေးနီးယားကနေ ဆိုင်ရာနိုက် အဆိပ်ကမြစ်ထဲကို ပျံ့နှံ့မူကြောင့် လူနှစ်သန်းခွဲရေဘေး ဒူက္ခရောက်ခဲ့ရပါတယ်။



(၁၆) သြစတြေးလျနိုင်ငံသားတွေက ကျောက်သားတွေကြားကနေ ရွှေကို စုပ်ယူပွတ်ယူပြီး ရွှေစင် အဖြစ် ပြန်လည် အန်ချနိုင်တဲ့ ကိရိယာ တစ်မျိုးကို တီထွင်ခဲ့ပါတယ် ။ ဒီနည်းဟာ ဆိုင်ရာနိုက် အဆိပ်ပျံ့နှံ့မူကို အကောင်းဆုံးတားဆီးပေးမယ့် နည်းပါ ။

(၁၇) အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရွှေအများဆုံးရှိတဲ့နိုင်သံပါ ။ ဒါပေမဲ့ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံကတော့ အိန္ဒိယပါပဲ ။ ကမ္ဘာပေါ်မှာရှိတဲ့ ရွှေအားခုံးရဲ့ ၂၀ ရာခိုင်နုန်းကို အိန္ဒိယက ထုတ်လုပ်တာပါ ။



(၁၈) ရွှေတန်ချိန် ၁၀ ဘီလျံခန့် ကမ္ဘာပေါ်မှာ အသေအချာရှိပါတယ် ။ ဒါပေမဲ့ အဲဒီ ၁၀ ဘီလျံဟာ ပင်လယ်ရေအောက်မှာပါ ။ ကွဆိုးတာက အဲ့ဒီရွှေတွေကို ထုတ်ယူဖို့လက်တွေ့ကျတဲ့ တည်းလမ်းမရှိသေးတာပဲ ။

(၁၉) ကမ္ဘာသူ ကမ္ဘာသားတွေဟာ ရွှေနဲ့ ပတ်သက်ပြီး ဂုဏ်ယူမယ်ဆိုရင်တော့ ရှက်ဖို့ကောင်းပါလိမ့်မယ် ။ ဘာကြောင်လဲဆိုတော့ ၁၉၉၂ ခုနှစ်တုန်းကအာကာသယာဉ်တစ်စင်းဟာ ERORS ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုပေါ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ ရွှေပမာဏထက် အဆပေါင်းများစွာပိုများတဲ့ ရွှေတွေကိုတွေ့ခဲ့လို့ပါ ။



(၂၀) ဒါပေမယ့် မြင်သတ်ကြီးပါ ။ ထုတ်ယူနိုင်မယ့် နည်းလမ်းဟာ မျှော်လင့်လို့မရနိုင်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ် ။

ref-mawcity

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More