Saturday, December 24, 2011

klhojp'jpoikp

င်းစေတမာန် က ဒီဇင်ဘာလ 21, 2011 နေ့ 12:13pm မှာတင်ခဲ့ပါတယ်)( ၁) ရွှေဟာ လူသားတွေ ပထမဆုံး အသုံးပြုခဲ့တဲ့ သတ္တုဖြစ်ပါတယ် ။ ဘူလ်ဂေးရီးယားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရွှေအပိုင်းအစများ ခရစ်မပေါ်မီနှစ်ပေါင်း ၄၀၀၀ခန့်ကဆိုတာ အသေအချာ စစ်ဆေးသိရှိခဲ့ပါတယ် ။ (၂) ခရစ်မပေါ်မီ အီတလီနိုင်ငံက သွားဆရာဝန်တွေဟာ သွားအတုတွေကို

jkllk;l;

Thursday, December 22, 2011

စာနာတတ်ပါစေ....။

မေမေ… ထမင်းစားမယ်…

ကစားနေရာမှ ဗိုက်ဆာလို့ထင်ပါရဲ့ ပြေးလာတဲ့ သမီးကို ကျွန်မ အသာထွေးပွေ့လိုက်ပါတယ်… ဗိုက်ဆာတာနဲ့ ခဏတောင် မစောင့်တတ်တဲ့ ကျွန်မသမီးလေးကတော့. တစ်ကယ်ပါပဲ…။

“မေမေလက်ဆေးမယ်…”

ခပ်ငယ်ငယ်ကတည်းက အလေ့အကျင့်လုပ်ပေးထားတာမို့… ထမင်းစား၊ အိပ်ချိန်တွေဆိုရင်.. သမီးလေးက အကျင့်ဖြစ်နေပါပြီ…။ အဖိုးအဖွားတွေနဲ့ နေရတဲ့ ကလေးတွေက ပိုပြီး စည်းကမ်းတင်းကြပ်ကြရတယ်လေ..။ ကျွန်မတို့ငယ်ငယ်ကတော့ အဖွား ၂ ယောက်ကြားကဆိုတော့… မလူးသာ..မလွန့်သာ..။

“သမီး.. မေမေ ခွံပေးရမလား…ကိုယ့်ဘာသာစားမလား..”

”ဟင့်အင်း..”

သမီးကခေါင်းခါပြလိုက်ရင်း…. သူထမင်းစားနေကျ နေရာလေးမှာ သွားထိုင်လိုက်ပါတယ်… ဒါဆို ကျွန်မ သဘောပေါက်လောက်ရောပေါ့… သမီးက သူ့ဘာသာစားမယ်လို့……။

“သမီးလေး… အောက်တွေမကျစေနဲ့နော်…”သတိပေးနေကျစကားလေးကိုပဲ ကျွန်မ ထပ်ပြီး သတိပေးမိပါတယ်…။

ရပ်ကွက်တစ်ခုမှာကြီးပြင်းတဲ့ ကလေးတွေကတော့ ကစားချိန်နဲ့ စားချိန်က ပုံမှန်လို့ ဆိုချင်ပါတယ်.. ကစားနေရာကနေ တစ်ယောက်ယောက်ထွက်သွားပြီး ထမင်းစားမယ်ဆိုတာနဲ့ ကျန်တဲ့ ကလေးတွေလည်း အသီးသီး အိမ်ပြန်တော့တာပဲ… နေ့ခင်း 10 နာရီခွဲ 11 ဆိုရင်တော့.. ဒါဟာ ကလေးများ ထမင်းစားချိန်လို့ ပြောရလောက်အောင် လမ်းပေါ်တွေမှာ ခဏတာ ရှင်းသွားတတ်သည်လေ…

အိမ်တစ်အိမ်နဲ့ တစ်အိမ် ကပ်နေတာမို့လည်း သူ့အိမ်၊ ကိုယ့်အိမ် အိမ်ထဲကနေတောင် စကားလှမ်းပြော ရနေတာ… ပြီးတော့ တိုက်ခံအိမ်က ရှားသည်လေ…။ ကိုယ့်ခြံကိုယ့်ဝင်းနဲ့ဆိုပေမယ့်.. ပေ 20 အကျယ်ကတော့ ကလေးတွေတွက် ကျဉ်းနေဦးမှာပါ….။ အဲ့ဒါကြောင့်လည်း အိမ်ရှေ့အသီးသီးက လမ်းတွေပေါ်မှာ ကလေးတွေ စုပြီး ကစားနေကြရတာ….။

သမီးထမင်းစားနေတာကိုကြည့်နေရင်း… တွေးမိတဲ့အတွေးလေးများကတော့ အသံတစ်သံကြောင့် ပြတ်သွားရပါတယ်…

ဒါကတော့ ထုံးစံ လိုပါပဲ.. ခေါင်းရင်းအိမ်က ကိုသိန်းပါ..။ ယောင်္ကျားတန်မဲ့ အိုးသူကြီးလုပ်နေရတဲ့သူ့ကတော့ အိမ်ရှင်ထီးဆိုလည်းမမှားပါဘူး…။ မိန်းမမရှိတဲ့နောက်ပိုင်း.. ကိုယ်တိုင်ဝယ်၊ ချက်၊ အလုပ်လဲသွားနဲ့ ကလေး 4ယောက်လုံးကို ထိန်းနေရသည်လေ..။

ကိုသိန်းအလုပ်ကလည်း ရပ်ကွက်ထဲမှာပဲမို့ ထမင်းစားချိန်ဆို ကလေးတွေကော… ကိုသိန်းပါ.. အတူတူဆိုတော့ အသံတွေကို ဆူလို့…..။

နင်..စားမလား မစားဘူးလား….ငါမေးနေတာဖြေလေ…. ဖြေလေ… တယ်….

အား… အီး..ဟီး…

ပြော..ပါးစပ်ကပြော…. ပြော….

အကြီးကောင် ပေးစမ်း ငါ့ကို တံမျက်စည်း…… ဘာလဲ…ဒီမှာတော့ မိုးလင်းထဲက သူတို့တွက်လုပ်ရကိုင်ရနဲ့ နား၇တယ်လို့ကိုမရှိဘူး…

ဟိုဟာ မစားချင်ဘူး.. ဒီဟာ မစားချင်ဘူး…. နင်တို့ရှာစာ ဘယ်နှပြားရှိလို့လဲ….

ရွှန်း…

အား..ကြောက်ပါပြီ ဖေကြီးရဲ့…အီး……..။

ကိုသိန်းသမီးလေး အငယ်ဆုံးမကို… ရိုက်နေခြင်းပါ.. အခြေအနေကို ကျွန်မကလည်း အကုန်ကြားနေတာမို့…. ကိုယ်ကကြားထဲကမနေနိုင်….. ကလေးမစားချင်တာကို.. မစားရကောင်းမလားဆိုပြီး.. ရိုက်ကျွေးနေခြင်းပါ….။

တစ်ခါတစ်လေများကျတော့ ကျွန်မတို့ မိဘတွေက စိတ်ညစ်ရပါတယ်.. တစ်ယောက်က ဟိုဟာမစား.. ဒီဟာမစားနဲ့.. လူလေး 5ယောက်ကို 4 မျိုးလောက်ချက်နေရတာ… ဈေးထဲသွားလို့ ဘာဝယ်ရမှန်းမသိဘဲ လှည့်ပြန်လာရတာလဲ မနည်းတော့ပါဘူး…..။

မေမေ ဒါ မစားချင်ဘူး..ဆိုပြီး ပန်းကန်ထိုးပေးလာရင်…. ကျွန်မဘာလုပ်ရမလဲ.. မိဘပဲ..မနေနိုင်ဘူးလေ… ဒါမစားတော့လဲ တခြားပေါ့….။ တစ်ခါတစ်လေများကျတော့ ချော့ကျွေးရတာမျိုးလဲရှိတယ်လေ…။ ငယ်ရွယ်တဲ့ကလေးတွေဆိုတော့လည်း… ဘယ်နားလည်ပေးနိုင်ပါ့မလဲ…။

ကဲ…ကဲ..တော်ပါပြီ ကိုသိန်းရယ်….

လာ..လာ သမီးလာ..

ကျွန်မသမီးလေးထက် ၂ နှစ်လောက်ကြီးတဲ့ ဒီကောင်မလေးကို ကျွန်မသာမက အိမ်နီးနားချင်းတွေက ချစ်ကြပါတယ်။ အမေမရှိဘဲ ကြီးပြင်းခဲ့ရတဲ့ကလေးမလား….. ။

ကလေးကိုပဲ ကျွန်မကောက်ချီလာခဲ့ရပါတယ်.. ကျန်တဲ့ကလေးသုံးယောက်ကတော့ စားချင်လည်းစား..မစားချင်လည်းစား….. ပန်းကန်ထဲက ထမင်းဟင်းထက်..ကိုသိန်းလက်ထဲက တံမျက်စည်းကို တော့ ပိုကြောက်ရတာပေါ့….။….

“အေး..….. မင်းတို့လဲ ကြပ်ကြပ်သတိထားနေ…. နောက်တစ်ခါ ဟိုဟာမစားဘူး.. ဒီဟာမစားဘူး..ဆိုလို့ကတော့ သိတယ်မလား.. ဒါကိုကြည့်ထား…ကြားလား…”

ကိုသိန်းတို့အိမ်ကတော့ခဏတာမျှ တိတ်ဆိတ်လို့သွားပါတယ်.. စကားပြောလည်း အကျယ်ကြီးမို့.. ခြေရင်း၊ ခေါင်းရင်းကတော့.. မသိမရှိ…..။

ဒီအဖြစ်အပျက်ကြောင့် လူကြီးကို အပြစ်တင်ရမလား..၊ ကလေးကို အတင်းကျွေးရမလား…..

မပြည့်စုံတဲ့ဘ၀တွေက.. ဒီလိုပါပဲ….. ဒါပေမယ့်လည်း….ပေါ့။

ငယ်ငယ်ကတည်းက ခြေလေးချောင်း၊ အသားနဲ့ ငါး တွေမစားတဲ့အဖေရယ်… အသီးအရွက်မစားတဲ့ မောင်ရယ်… ပဲ အမျိုးမျိုးမစားတဲ့ အမေရယ်….. ကျွန်မကိုယ်တိုင်ကလည်း ငယ်ငယကတည်းကမစားတဲ့ဟင်းတွေများတဲ့သူဆိုတော့…(ဟင်းစားချေးများတာမို့)…. ကိုယ်နဲ့ဘ၀တူတွေဆိုရင်တော့…. ကိုယ်ချင်းစာတတ်နေပါပြီ…. ။

ကဲ..စာဖတ်သူတွေကော…. ကလေးတွေကို စာနာပေးနိုင်ပါ့မလား……ဟင်…။

ရွှေနှင့် ပတ်သတ်ပြီး မသိသေးတဲ့ အချက် ၂၀

( ၁) ရွှေဟာ လူသားတွေ ပထမဆုံး အသုံးပြုခဲ့တဲ့ သတ္တုဖြစ်ပါတယ် ။ ဘူလ်ဂေးရီးယားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရွှေအပိုင်းအစများ ခရစ်မပေါ်မီနှစ်ပေါင်း ၄၀၀၀ခန့်ကဆိုတာ အသေအချာ စစ်ဆေးသိရှိခဲ့ပါတယ် ။

(၂) ခရစ်မပေါ်မီ အီတလီနိုင်ငံက သွားဆရာဝန်တွေဟာ သွားအတုတွေကို တပ်ဆင်ဖို့ ရွှေကြိုးတွေကို အသုံးပြုခဲ့ပါတယ် ။
သွားအပေါက်ဖာတဲ့နေရာမှာလည်းရျွှေကို ကျွမ်းကျင်စွာ သုံးခဲ့ပါတာပါပဲ ။

(၃) ၁၅၃၂ ခုနှစ်က စပိန်လူမျိုးတွေ ပီရူးကို နယ်ချဲ့ပြီး အင်ကန်လုရင်ကို သိမ်းကိုက်လိုက်တဲ့ အခါမှာ ဘုရင်က တောင်းဆိုပါတယ် ။ သူ့ကိုပြန်လွတ်ဖို့ အလျားပေ ၊ အနံ ၁၈ ပေကျယ်တဲ့ အခန်းထဲမှာ သူ့အရပ်နဲ့မီသလောက်ထိ ရွှေတွေပုံပေးမယ်ဆိုတဲ့ ကတိနဲ့ပါ ။ ဟုတ်ပါတယ် ။ ကမ္ဘာ့သမိုင်းမှာ အင်ကန်လုရင် အတာဟူရာပါဟာ ရွှေအများဆုံး ပိုင်ဆိုင်တဲ့ ဘုရင်ပါ ။

(၄) ဘာပဲပြောပြော စပိန်တွေဟာ အဲဒီဘုရင်ကို သတ်လိုက်ကြပါတယ် ။

(၅) အမေရ်ကားတိုက်ကို ကိုလံဘတ် အရောက်မီ ထွန်းကားခဲ့တဲ့ AZTEC လူမျိုးတွေရဲ့ ဘာသာစကားမှာ ရွှေဆိုတာ နတ်သားတွေရဲ့မစင်လို့
အဓိပ္ပါယ်ရပါတယ် ။

(၆) ၁၉၇၇ ခုနှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည့်နယ်စား ကွန်ရက်ရိဒ်စာ အဖေရဲ့လယ်ထဲကနေ ၁၇ ပေါင်လေးတဲ့ ရွှေတုံးကြီးတစ်တုံးကိုတွေ့ခဲ့ပါတယ် ။ ဒါပေမဲ့ သူဟာ အဲ့ဒီရွှေတုံးကြီးကို တံခါးပေါက်ခုတဲ့ ကျောက်တုံးအဖြစ် သုံးမှစ်ကြာ အသုံးပြုခဲ့ပါတယ် ။

(၇)အဲဒီနောက် ရွှေကုန်သည်တစ်ဦးက တွေ့သွားခဲ့ပြီး အမေရိကန်ဒေါ်လာသုံးဒေါ်လာခွဲနဲ့ဝယ်ယူသွားခဲ့ပါတယ် ။
တကယ်တမ်းပေးသင့်တဲ့ ဈေးကနူန်းက အမေရိကန်ဒေါ်လာတစ်သိန်းပါ ။

(၈) ရှောင်ကွန်နရီပါဝင်တဲ့ Gold - Finger ဆိုတဲ့ ဇာတ်ကားထဲမှာ လူဆိုးလေါင်းဆောင်ဟာ မင်းသမီးကိုတစ်ကိုယ်လုံး ရွှေရည်စိမ်သတ်တဲ့ အခန်းရိုက်ဖို့အင်းသမီးရဲ့ ကိုယ်လုံးကို အပူ ဒဏ်ခံနိုင်အောင်ဖုံးအုပ်စီမံရပါတယ် ။ ဒါပေမယ့် မင်းသမီးရှာလီအက်တန်ရဲ့ ဗိုက်ပေါ်မှာ အပေါက်သေးသေးလေး ကျန်ခဲ့တာကိုတော့ ရိုက်ကွယ်းပေါ်က လူအားလုံးမသိခဲ့ပါဘူး ။

(၉)ရွှေဟာ ပုံးသွင်းလို့ အကောင်းဆုံး သတ္တုပါ ။ တစ်အောင်စရှိတြ့ ရွှေကို အလင်း ဖောက်နိုင်တဲ့အထိ ပြားယူလို့ရပါတယ် ။ နောက်ပြီး ငါးမိုင်လောက်ရှည်အောင်လည်း ဆွဲဆန့်လို့ရပါတယ် ။ လူဆံပင်ရဲ့ဆယ်ပုံတစ်ပုံထိ သေးသွယ်သွားအောင်လည်း ပြုလုပ်နိုင်ပါတယ် ။

(၁၀)အပိုလိုအာကာသယာဉ်ဟာ လပေါ်ကို အဖြေချတဲ့ နေရာမှာ ဒေါက်တံတွေကို ရွှေနဲ့ပြုလုပ်ခဲ့ပါတယ် ။ ရေဒီယို သတ္တိကြွခြင်းကို ကာကွယ်နိုင်ပါတယ်။ အာကာသယာဉ်မူးတွေကလည်း သူတို့ရဲ့မျက်ကပ်မှန်ကို ရွှေနဲ့ပြုလုပ်ခဲ့ပါတယ် ။ စူးရှလွန်းတဲ့ အရောင်တွေကို ကြည့်နိုင်ဖို့ပါ ။

(၁၁) ရွှေဟာ တန်ဖိုးထားသိမ်းဆည်းခံရတဲ့ နေရာမှာလည်း ထိပ်ဆုံးကပါ ။ ပုံသဏ္ဍာန် တစ်မျိုးကနေ တစ်မျိုးသာ ပြောင်းခဲ့သွားပေမယ့် ရွှေတွေကတော့သမိုင်းအဆက်ဆက် ပျောက်ဆုံးပျက်စီး ခဲလှပါတယ် ။ ကမ္ဘာ့သမိုင်းတွေရဲ့တူးဖော်တွေ့ရှိသမျှ ရွှေအားလုံးရဲ့ ၁၅ ရာခိုင်နုန်းမှာ ပျောက်ဆုံးသွားတဲ့ အထဲပါသွားတာပါ ။ ၈၅ ရာခိုင်နုန်းကတော့ ရှိနေတုန်းပါပဲ ။

(၁၂) လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က တည်းက ဒူလာရောဂါသညါတွေကို ကုသတဲ့ နေရာမှာ ရွှေရည်ကို ဆေးအဖြစ် ထိုးခဲ့ကြပါတယ် ။
ရွှရည်ဆိုပေမယ့် ထုံးကြက်တတ်ရည်လိုရွှေမှုန့်ရွှေနှစ်တွေ မပါတဲ့ အပေါ်ရည်ပါ ။ ဒီနည်းစနစ်နဲ့ ပတ်သတ်ပြီး ဆရာဝန်တွေ အသုံးပြုနေကြပေမယ့်ဘယ်သူမှ အသေအချာရှင်းမပြနိုင်ပါဘူး ။

(၁၃) ရွှေနဲ့ပတ်သတ်ပြီး အဂ္ဂိရတ်ထိုးတာဟာလညးခေတ်စားခဲ့ပါတယ် ။ တကယ်လည်း ရှိခဲ့ပါတယ် ။ စလိုဗီးကီးယား နျူကလီးယား ဓါတ်ပေါင်းဖိုကနေ ခဲဓာတ်ပေါင်း တစ်ခုဟာ ရွှေအဖြစ်မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့ဖူးပါတယ် ။

(၁၄)တချို့တော်ဝင် အိမ်ရာတွေရဲ့ ပြတင်းပေါက်မှာ ရွှေပေါင်ကွပ်ကြပါတယ် ။ နွေရာသီမှာ အလင်းပြန်စေဖို့ဖြစ်ပြီး ဆောင်းရာသီမှာတော့ အပူကိုစုပ်ယူနိုင်ဖို့ ဖြစ်ပါတယ် ။

(၁၅)ရွှေတွင်းတွေဆီကနေ ရွှေကျိုတဲ့ အတွက် ရေထဲကို ဆိုင်ရာနိုက်အဆိပ်တွေ ၊ လေထဲကို နိုက်ထရိုဂျင်နဲ့ ဆာလဖာအောက်ဆိုက်တွေ ရောက်သွားပါတယ် ။ ၂၀၀၀ ပြည့်နှစ်က ရိုမေးနီးယားကနေ ဆိုင်ရာနိုက် အဆိပ်ကမြစ်ထဲကို ပျံ့နှံ့မူကြောင့် လူနှစ်သန်းခွဲရေဘေး ဒူက္ခရောက်ခဲ့ရပါတယ်။

(၁၆) သြစတြေးလျနိုင်ငံသားတွေက ကျောက်သားတွေကြားကနေ ရွှေကို စုပ်ယူပွတ်ယူပြီး ရွှေစင် အဖြစ် ပြန်လည် အန်ချနိုင်တဲ့ ကိရိယာ တစ်မျိုးကို တီထွင်ခဲ့ပါတယ် ။ ဒီနည်းဟာ ဆိုင်ရာနိုက် အဆိပ်ပျံ့နှံ့မူကို အကောင်းဆုံးတားဆီးပေးမယ့် နည်းပါ ။

(၁၇) အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရွှေအများဆုံးရှိတဲ့နိုင်သံပါ ။ ဒါပေမဲ့ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံကတော့ အိန္ဒိယပါပဲ ။ ကမ္ဘာပေါ်မှာရှိတဲ့ ရွှေအားခုံးရဲ့ ၂၀ ရာခိုင်နုန်းကို အိန္ဒိယက ထုတ်လုပ်တာပါ ။

(၁၈) ရွှေတန်ချိန် ၁၀ ဘီလျံခန့် ကမ္ဘာပေါ်မှာ အသေအချာရှိပါတယ် ။ ဒါပေမဲ့ အဲဒီ ၁၀ ဘီလျံဟာ ပင်လယ်ရေအောက်မှာပါ ။ ကွဆိုးတာက အဲ့ဒီရွှေတွေကို ထုတ်ယူဖို့လက်တွေ့ကျတဲ့ တည်းလမ်းမရှိသေးတာပဲ ။

(၁၉) ကမ္ဘာသူ ကမ္ဘာသားတွေဟာ ရွှေနဲ့ ပတ်သက်ပြီး ဂုဏ်ယူမယ်ဆိုရင်တော့ ရှက်ဖို့ကောင်းပါလိမ့်မယ် ။ ဘာကြောင်လဲဆိုတော့ ၁၉၉၂ ခုနှစ်တုန်းကအာကာသယာဉ်တစ်စင်းဟာ ERORS ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုပေါ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ ရွှေပမာဏထက် အဆပေါင်းများစွာပိုများတဲ့ ရွှေတွေကိုတွေ့ခဲ့လို့ပါ ။

(၂၀) ဒါပေမယ့် မြင်သတ်ကြီးပါ ။ ထုတ်ယူနိုင်မယ့် နည်းလမ်းဟာ မျှော်လင့်လို့မရနိုင်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ် ။

ref-mawcity

စာလုံးလှလှလေးတွေနဲ့ ကောမက်လေးတွေပေးကြမယ်..

သူဇာတော့ စမ်းကြည့်ပြီးသွားပါပြီ.. အဆင်လည်းပြေတယ်.. လွယ်လည်းလွယ်တယ်.. ပြီးတော့ လှလည်းလှတယ်လေ.......

မြန်မာသူငယ်ချင်းများရှင့် စာလုံးလေးတွေလှလှလေးရေးပြီး

ကော့မန့်လေးတွေပေးချင်ကြရင်အားလုံးလည်းသိပြီးသားဖြစ်မှာပါ

မသိသေးများအတွက်ပေါ့ဗျာ ကျွန်မဒါလေးကိုသဘောကြလို့

သူငယ်ချင်းတို့လည်းသဘောကြမယ်ထင်ပါတယ်

ကဲလုပ်ချင်ကြတယ်ဆိုရင် ဒီမှာသွားလိုက်ပါ အောက်ပါအတိုင်းလုပ်ကြည့်လိုက်ပါ

http://www.glitter-graphics.com/myspace/text_generator.php

အဆင့်(၁) Enter your text ဆိုတဲ့အောက်ကအကွက်လေးမှာမိမိရေးချင်တဲ့စာကိုရေးလိုက်ပါ

အဆင့်(၂) မိမိရေးချင်တာရေးပြီးရင် အဲ့ဒီအပေါ်က" A"စာလုံလေးတွေကိုကလစ်နှိပ်ပြီး

အောက်မှာကြည့်လိုက်ပါစာလုံးလေးတွေရွရွစိစိနဲ့တွေ့ရပါမယ်

အဆင့်(၃)စာလုံးလေးတွေစိတ်ကြိုက်ဖြစ်ပြီဆိုရင်အနီရောင်မျှားပြထားတဲ့

Generate Code! ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ

ဒါဆိုရင်စာလုံးလေးတွေရေးတာပြီးပါပြီ ကိုရေးထားတဲ့စာလုံးလေးတွေရဲ့code တွေကိုသူးယူရပါမယ်

Copy this HTML code (for myspace and webpages):ဆိုတာလေးအောက်မှာရှိတဲ့

code လေးတွေကိုကူးယူပြီး မိမိပေးချင်တဲ့သူကိုပေးလိုက်နိုင်ပါပြီ

ကဲဘယ်လိုလုပ်ပြီးပေးရမယ်မသိရင်ဒီမှာကြည့်ပါ

စောစောကကူးလာတဲ့code လေးတွေကို

(၁) HTMLဆိုတာလေးကိုကလစ်တစ်ချက်နှိပ်လိုက်ပါ

ပြီးရင်ကော့မန့်ဘောက်ထဲကိုcode လေးတွေကိုထည့်လိုက်ပါ

ပြီးရင် HTMLဆိုတာလေးကိုကလစ်တစ်ချက်ပြန်နှိပ်လိုက်ပါ

ဒါဆိုရင် စောစောကကိုရေးထားတဲ့စာလုံးလေးရွရွစိစိနဲ့တွေ့ရပါမယ် ဟိဟိ

ကော့မန့်ပေးမည့်အချိန်မှာစာလုံးလေးတွေစုံအောင်ပေါ်လာမှပေးလိုက်ပါနောာာာာာာာာာာ်။

သူဇာလေးကလည်း ပြန်လည်မျှဝေလိုက်ပါတယ်....

Share

Twitter Delicious Facebook Digg Stumbleupon Favorites More