Tuesday, September 20, 2011

မိမိကိုယ်ကို ဆင်ခြင်ကြည့်ပါ

မိမိကိုယ်ကို ဆင်ခြင်ကြည့်ပါ။

သက် 30 နား ကပ်နေတဲ့ ကျွန်မအတွက်တော့ အတွေးတွေက မျိုးစုံလို့နေပါပြီ…. စိတ်ကူးယဉ်ရမဲ့ အရွယ်ထက် တည်ငြိမ်နေတဲ့အရွယ်ဆိုပိုမှန်ပါလိမ့်မယ်…..ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘာတွေများ ပါလိမ့်…… .ငါ့ရဲ့အသက်ရှင်ရပ်တည်နေမှုက ဘာများပါလိမ့်……အရာရာတိုင်းက စိတ်ကုန် စရာတွေပဲလို့ ခံစားနေရတယ်…မနက်လင်းလို့ မျက်နှာသစ်၊ ရေချိုးပြီး..အလုပ်သွားဖို့ပြင်ရတဲ့ ဒုက္ခက နေ့စဉ်နေ့တိုင်းပါပဲ. .ညနေမိုးချုပ်ရင်အိမ်ပြန်မယ်….ညရောက်ရင် အိပ်မယ်.. ဒီလိုနဲ့လည် ပတ် နေခဲ့တာ… တော်တော်တောင် ကြာနေပေါ့………….

တစ်ခါတစ်လေ..ကိုယ့်ကိုကိုယ်တောင် ရှုးနေမိတယ်လို့ ခံစားနေ ရတယ်… နာက်ကြောင်းကို ပြန်တောင်မတွေးချင်တော့ဘူး……. ခုရောက်နေတဲ့နေရာက ဘာလဲ… နောက်ကို ဘာတွေ ဆက်ဖြစ်ဦးမလဲ…ငါလိုချင်တဲ့နေရာကိုရောက်နေရဲ့လား… ဖြစ်ချင်တာတွေကော ဖြစ်ခဲ့လား…. အို……. အတွေးတွေ က မျိုးကိုစုံနေတော့တာပဲ…… တခါတလေ များဆိုမှန်ကိုကြည့်ပြီးတော့တောင်စကားတွေပြောနေ မိသေးတာ…..

ငယ်ရွယ်တုံးက အရူးအမူးဖြစ်ခဲ့တာတွေဟာ အလကားပါလို့ ထင်နေမိတယ်… မိသားစုအတွက် အချိန်တွေ ကုန်နေရတာကိုလဲ…. အကျိုးမရှိဘူးလို့ တွေးမိတယ်… ….အသက်ကြီးရင် ဘယ်သူ တွေပြုစုပေးမလဲ… တစ်ယောက် တည်းနေရမလား… အိမ်ထောင်ပြုရမလား… စသည်စသည်ဖြင့် အတွေးပေါင်းစုံက နှိပ်စက်တော့တာပဲ….အော်.. .ငါတောင် တော်တော် ပိန်နေပါပေါ့လား…. ရုပ်တွေ လဲကျသွားလိုက်တာ… 10 ကျော်သက် အရွယ်များနဲ့များ ကွာပါ့… မျက်စိတွေလဲ မကောင်းတော့ဘူး….ဒီလို ဒီလို အတွေးတွေက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ပင်ပန်းစေ ပါတယ်…စိတ်ထောင်းတော့ကိုယ်ကြေဆိုတာ အမှန်ထင်ပါရဲ့…. တကယ်တော့လဲ ဒါတွေဟာ အဆန်းမဟုတ်တော့ပါဘူး.. သဘာဝကိုက ဖြစ်နေတာလေ… ဒါဆို ခု ပူပန်နေရတာ တွေဟာ.. ခုလက်ရှိတွက် မဟုတ်တာတော့ သေချာနေပါတယ်…

ဒါဆို ဘယ်လောက်ထိအတွက်လဲ….. မသေခင်ထိ ဘာတွေလုပ်ရဦးမလဲ… ရှေ့ကို မျှော်ကြည့်မိတော့လဲ ခပ်ဝါးဝါးပါပဲ. ဘာကိုမှကို တပ်အပ်မပြောနိုင်တော့ဘူး…သေပြီးရင် ဘာဖြစ်မလဲ အို……..တော်ပါပြီ .ဆက်ပြီး မတွေးတော့ပါဘူး….. ငါ့မှာ အဖော်ကောင်းရော ရှိလား ငါသေရင် ငါ့နောက်ကို ဘယ်သူပါမှာလဲ..ရုပ်ဝတ္ထုပစ္စည်းတွေက ခဏတာပါပဲ…ဆွေမျိုးတွေကကော ..တော်ပီ။ တော်ပီ… ကြာရင်ရူးသွားလိမ့်မယ်…ငါခုလိုတွေးနေတာတွေဟာ ငါတစ်ယောက်တည်းလား… သူများတွေကော ဘယ်လိုများတွေးကြမလဲ… တွေးကော တွေးကြရဲ့လား… ငါ့လို ပူပန်တတ် ဆိုရင်တော့ သတိလေးပေးဦးမှ……ငါအခုလုပ်နေတဲ့ ကုသိုလ်တွေကသာ င့ါနောက်ကိုလိုက်နိုင်မှာ.. ဟုတ်တယ်… နာကြားခဲ့ရတဲ့တရားသံလေးတွေ…. ရွတ်ဆိုခဲ့၇တဲ့ ဘုရားစာပေလေးတွေ .. တက်နိုင်သလောက်လုပ်ခဲ့တဲ့ ဒါနလေးတွေ စသည်ဖြင့်ပေါ့…. ငွေကြေးမတက်နိုင်လို့ လုပ်အားပေးခဲ့တဲ့ ကုသိုလ်လေးတွေလဲ၇ှိသေးတာပဲ…ကိုယ့်မိဘကို လုပ်ကြွေးနေတာ… ဒါတွေဟာ ငါ့ရဲ့ အဖော် ကောင်းပေါ့… ငါရဲ့တစ်ပတ်တခါ ကုသိုလ်လေးက ခုဆို 4 နှစ်ပြည့်တော့မယ် …အင်း…ဒါလေးက ငါသေရင် င့ါနောက်ကို ပါတန်ုကောင်းရဲ့နော်….ခုလို ပူလောင်လှတဲ့ အတွေးတွေက လူတွေကိုနှိပ်စက်တတ်ပါတယ်….. ဘ၀မှာပြည့်စုံနေတဲ့သူတွေအနေနဲ့တော့ ပူလောင်လှတဲ့ အတွေးမျိုးကို ရင်းနှီးကြမှာမဟုတ်ပါဘူး….. အချိန်တွေကို အကုန်မြန်နေလို့တောင် သူတို့က စိတ်တိုချင်ကြမှာ…ကျွန်မတို့လို နေ့စဉ် ရုန်းကန်နေရတဲ့သူတွေအတွက်တော့ တခါမက တွေးမိတဲ့ ကျွန်မရဲ့ အတွေးလေးတွေပါ..သူငယ်ချင်းတို့ကော… ခုလိုတွေးဘူးကြသလားဟင်……….. ဒါဆိုရင်တော့ တက်နိုင်သလောက် ကုသိုလ်လေးတွေ လုပ်ကြဖို့ မမေ့ကြနဲ့နော်….

ကုသိုလ်ဆိုတာ အမျိုးပေါင်းဘယ်လောက်ရှိလို့ ဘာတွေကိုပြောမှန်း တကယ်မသိပါဘူး.. ဒါပေမယ့် နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ ကျွန်မတို့အတွက်တော့ သွားရင်းလာရင်းဖြစ်ဖြစ်…. ထိုင်နေရင်းပဲဖြစ်ဖြစ် ကုသိုလ်ရအောင် လုပ်လို့ရတယ်ဆိုတာကိုတော့ ကျွန်မတို သိပြီးသားလေ………

အစဉ်သဖြင့် ရွှေ့လျားနေတဲ့ စိတ် ကို တည်ငြိမ်အောင်တော့ သိပ်မလုပ်နိုင် သေးပါဘူး.. လုပ်ကို မလုပ်နိုင်သေးတာပါ။…ကြံစည်သမျှ. တွေးတောသမျှတွေဟာ သူတပါးကို ဒုက္ခရောက်စေတာမျိုး မဖြစ်ရင် ဒါဟာ အ ကုသိုလ်တော့ မဟုတ်လောက်ဘူးလေ..

မိမိဘ၀ရပ်တည်မှုက သန့်ရှင်းနေရင်ပြီးတာပဲမလား…… ဟိုစကားပုံတောင်ရှိသေးတယ်လေ…

မကောင်းမှုရှောင် ကောင်းမှုဆောင်…..ဖြူအောင်စိတ်ကိုထား … ဒါလေးကလည်း ကုသိုလ် တစ်မျိုး မဟုတ်ပါလားနော်…အရာရာပြည့်စုံနေတဲ့သူတွေကိုတော့ ထည့်မပြောတော့ပါဘူး… တချို့ တွေက သေ မှာတောင် မေ့နေကြတာ.ဘယ်တော့မှ မသေတော့ မဲ့ပုံစံနုဲ့ လောကကြီးမှာ ပျော်နေကြတာ …ပြောသမျှတွေထဲမှာ ဘုရားမပြောနဲ့ တရားတောင်ပါတာမဟုတ်…. လောဘနဲ့ပြော. ဒေါသနဲ့ဆုံးဖြတ် ..ဒါတွေက ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါ။

မနာလိုတော့မဖြစ်ပါဘူး… ကိုယ်က အတွေးသမားမဟုတ်လား… ကြိုတင်ပြင်ဆင်ပြီး နေရတာကိုက အရာရာကို အဆင်ပြေစေပါတယ်လေ…. ကိုယ်သိတာကို သူများကို သိစေချင်တာလေးပါပဲ……

တစ်ဖက်သပ်အတွေးတွေက ပူလောင်တတ်တယ်ဆိုတာ တကယ်တော့ ဆိုးဘက်ကတွေးမိကြလို့ပါ…

ခုလို တစ်ယောက်တည်းတွေးမိတာတွေက တစ်ကယ်တော့ ကိုယ့်အတွက်ပဲ မဟုတ်ပါလားနော်…..

သူများအတွက်မှမပါတာ…. ခုအခြေနေရပ်တည်မှုနဲ့ အများကြီးဆက်စပ်နေတာပဲလေ…

တစ်ကယ်တော့ အသက်ရှင်ရပ်တည်နေရတဲ့ ကျွန်မတို့တွေအတွက်ကတော့ ဆက်လက်ရပ်တည်ဖို့နဲ့ မရပ်တည်နိုင်ရင်တော့ရင် ဆိုတဲ့ အတွေးမျိုးက အားလုံးကိုယ့်စီတော့ ရှိကြမှာပါ။…

စီးပွါးရေးအရသော်လည်းကောင်း. တခြား ဘက်က သော်လည်းကောင်းပေါ့.

အသက်အရွယ်ကြီးမှ ဒီလိုအတွေးမျိုးဝင်သင့်တာမဟုတ်ဘူးလေ.. 50 ..60 ဆိုတဲ့အရွယ်ကြမှ သိတဲ့အသိဟာ နောက်ကျနေပါပြီ။…ဘာမှကိုပြင်ဆင်ချိန် မရတော့ပါဘူး… ငွေနဲ့ဝယ်လို့မရတဲ့ ပြင်ဆင်မှုကို အဲ့ဒိအချိန်လောက်မှသိကြမယ်ဆိုရင်.... ဘ၀ဟာအရမ်းကိုအကျိုးမဲ့သွားမှာပါ။…

ငယ်ရွယ်တဲ့အချိန် သက်လက်ပိုင်းလောက်ကတည်းက တွေးတဲ့အတွေးကို ရောဂါတစ်ခုလို သတ်မှတ်ချင် သတ်မှတ်ကြပါစေတော့…ကိုယ့်ဘ၀အတွက် ကိုယ့်ရဲ့အတွေးများမှန်ကန်ဖို့ ကိုယ့်ကို ဆင်ခြင်ကြည့်ကြပါစို့နော်….မိမိကိုယ်ကို ဆင်ခြင်တယ်ဆိုတာ တကယ်တော့ ခက်ခဲပါတယ်… အတွေးဆိုတာမျိုးက လျောက်သွားနေတာမလား…ခဏချင်းလဲပျောက်ပြယ်သွားတတ်ကြတယ်… အချိန်ရှိတိုင်းတွေးနေဖို့ချည်း ပြောတာ မဟုတ်ပါဘူး… တွေးနေရင်းနဲ့ အချိန်တွေကုန်သွားလို့ ဘာမှမလုပ်လိုက်ရဖြစ်နေဦးမယ်နော်..

မိမိအသက်က 45 ကျော်လို့ 60 နားကပ်နေရင်တော့ ပိုပြီး ဆင်ြခင်သင့်ဖို့ကောင်းနေပါပြီ။ စိတ်သွားတိုင်း ကိုယ်က မပါနိုင်တော့ စိတ်တိုရတော့ပြီလေ။ ကျန်းမာရေးက အရင်လိုလဲမကောင်းနိုင်တော့ဘူး. ဒူးတွေကလည်း နာ. ခါးကလဲညောင်း. မျက်လုံးကလည်း မမြင်..အို…တကယ်ကို ဒုက္ခတွေဆိုတာ မတွေးဘဲတောင် သိနေတယ်လေ… ဒါကိုပဲ တစ်ချို့က မျက်နှာလွှဲ မသိခြင်ယောင် ဆောင်နေလိုက်ကြတာများ. မဟုတ်တာ တွေပြော မိသလိုပါပဲ။…..

သားသမီးတွေကလည်း ကိုယ့်ကို ဂရုမစိုက်သလိုပဲ… ကိုယ့်သွားချင်ရာ လုပ်ချင်ရာတွေကို ဘာတစ်ခုမှ မလုပ်ပေးကြဘူး….. မိဘကို ရှိတယ်လိုတောင် သဘောထားကြရဲ့လားမသိဘူး….. ငါကတော့ သားသမီးကို ပြုစုပေးလိုက်ရတာ.. ဘာမဆိုအကုန်ဖြည့်ပေးခဲ့ရတာ….( ဒါတွေဟာ အမျိုးသမီး၊ အမျိုးသား လူကြီးအများစု ရဲ့ အတွေးတွေပါ) ဒီလိုဆိုပြန်တော့ သူတို့ဘ၀ကို သနား မိပါတယ်…ငွေကြေးမပြည့်စုံလို့ စိတ်ညစ်ရတာမျိုးမဟုတ်ပါဘူး.. အသက်ကြီးလာရင် ခံစားရမယ့် ဒုက္ခတွေကို ကြိုသိနိုင်ပါတယ်.

အသက်ကြီးမှ တရားလဲအားမထုတ်နိုင်တော့ဘူး. လူမှုရေး ၊ စီးပွါးရေး ဘာမှကို မလုပ်နိုင်တော့ ဘူးလေ. ကိုယ်သေရင်တော့ ဘာဖြစ်တော့မယ်၊ ညာဖြစ်တော့မယ်ဆိုပြီး .နောက်ဘ၀ကို သိလို့ လုပ်မယ်လို့စိတ်ကိုဆုံးဖြတ် လိုက်တဲ့အချိန်ဟာ အိပ်ယာထဲလဲနေရင်တော့ ဘာမှကို လုပ်လို့ အဆင် မပြေနိုင်တော့ဘူးနော်….

အရွယ်ရောက်ကတည်းက အကုသိုလ်နဲ့ သာအသက်မွေးခဲ့ရသူဆိုရင်တော့ ပိုပြီးတော့ ကိုယ့်ကိုကိုယ် ဆင်ခြင်သင့်ပါတယ်…. ၀မ်းစာအတွက် ရှာဖွေစားသောက်တာကို အပြစ်လို့ မဆိုသာပေမယ့် ကိုယ့် အလုပ် ကို ကိုယ်သိပြီး ဆင်ခြင်ကြမယ်ဆိုရင်တော့ အပြစ်တွေ အများကနေ..နည်းသွားမှာလေ….

အသက်ကြီှးမှကြုံတွေ့ရမဲ့ဒုက္ခတွေက အသက်ကြီှးမှနားလည်ပြီး သိရှိကြတာ မဟုတ်ဘူးလေ… ငယ်ရွယ်စဉ် အသိဥာဏ်ဖွံ့ဖြိုးပြီး အရွယ်ရောက်လာကတည်းက ဆင်ခြင်နိုင်ကြပါတယ်… ကြိုတင်ပြီးလဲ သိရှိနိုင်ကြပါတယ်.. အဲ့လိုသိဖို့ မိမိကိုယ့်ကို ဆင်ခြင်ကြည့်ဖို့သာ လိုအပ်တာပါ။..

တစ်နေ့မလွဲမသွေကြုံရမယ့်ဒုက္ခဆိုကြိုးတွေ၊ စိတ်ခံစားမှုတွေ၊ ကိုယ်ခန္ဓာ နာကျင်မှုတွေ ၊ အထီးကျန်မှုတွေ စသည်ဖြင့်သော ဒုက္ခတွေကိုငယ်ရွယ်စဉ်ကတည်းက ကြိုတင်ပြင် ဆင်ထားရင်တော့ဖြင့် စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ အားအင်ပြည့်ဖြိုးပြီး ကောင်းမွန်စွာနေနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

ကိုယ်ခန္ဓာကို အားအင်ပြည့်ဖြိုးအောင်ကြိုးစားတာထက် စိတ်ကိုပြည့်နေအောင်ဖြည့်၇တာက ပိုပြီးခက်ပါတယ်. မိမိကိုယ့်ခန္ဓာကြီးနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို တကယ်ကို ဆင်ခြင်ပြီး နေသွားမယ်ဆိုရင်တော့ လူ့ဘ၀ကြီးက ပိုပြီးလှပကာ သာယာသောနေ့များကိုသာ ပိုင်ဆိုင်ကြလိမ့်မယ်လို့ မျှော်လင့်လိုက်၇ပါတော့တယ်….

မေးထဲရောက်လာတဲ့ စာလေးကို အခြေခံပြီး မိမိအတွေးများဖြင့် ပုံဖော်ပါသည်။

1 comments:

ကျွန်တော်တို့ ဒီကမ္ဘာမြေကြီးပေါ်မှာ လူဖြစ်လာရတာက
- ရှေးကံအကြောင်းတရားကြောင့်ဘဲဖြစ်ဖြစ်၊
- ဘုရားသခင်က ဖန်ဆင်းလို့ဘဲဖြစ်ဖြစ်၊
- ဗြဟ္မာကြီးလေးဦးက ဖန်ဆင်းလို့ဘဲဖြစ်ဖြစ်၊
- တစ်ခြားဘာအကြောင်းတရားကြောင့်ဘဲဖြစ်ဖြစ်၊
ကျွန်တော်တို့မှာ ရည်ရွယ်ချက် နှစ်ချက် သာရှိမယ်လို့ထင်ပါတယ်။
(၁) မိမိကိုယ်ကို ကောင်းအောင်လုပ်မယ်၊
(၂) မိမိရဲ့ပတ်ဝန်းကျင်(တတ်နိုင်ရင်တော့လူသားအားလုံး) ကိုကောင်းအောင်လုပ်မယ်၊
အဲ့ဒီအချက် နှစ်ချက်နဲ့ပြည့်စုံရင် ကျွန်တော်တို့ လူဖြစ်ရကျိုးနပ်ဖြစ်လို့ထင်ပါတယ် ဆရာမ။

လေးစားစွာဖြင့်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More