Tuesday, September 13, 2011

တွဲဖက်မစားသင့်သော အစားအစာသစ် (2)မျိုး

ဖေ့ဘုတ်ကတွေ့လို့ ပြန်တင်ပေးထားတာပါ။


*အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂)မျိုး*
.
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊

ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက်

သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို
့ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှု တွေ

လုပ်ပါတော့တယ်။သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic

(အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ)အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက်

လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ဆေးတက္ကသိုလ် တစ်ခု ရဲ့

ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။

ပါမောက္ခကြီးဟာ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးနဲ

့မသေဆုံးခင်ကခံစားခဲ့ ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့ ခဲ့ သူတွေကို

သေချာမေးမြန်းခဲ့ ပါတယ်။ပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို

ဖြေရှင်းနိုင်ခဲ့ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို

သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင်

့ခဲ့ ရတာပါ၊ “ လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ

အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။



“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲမှာ အစာတွေခြေဖျက်ရာကနေ ထွက်လာတာပါ။ သေသူဟာ

ဗီတာမင်စီ (vitamin C)ကို နေ့တိုင်း မှီဝဲခဲ့တယ်လို့ သိရပါတယ်ပါတယ် ၊

ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ

ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း

ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း

ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ

ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ”

လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။



အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ

့တဲ့ အခွံတွေပါတဲ့ သတ္တ၀ါတွေရဲ့ အခွံမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ်

အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက

လေ့လာ တွေ့ ရှိခဲ့ ကြပါတယ်။ ဒီအစားအသောက်တွေဟာ ဒီအတိုင်း သူ့ ချည်းပဲတော့

အဆိပ်အာနိသင်မဖြစ်စေပါဘူး။အာဆင်



းနစ်ဟာ ပြဒါး၊ခဲစတဲ့  သိပ်သည်းသောသတ္တုများ(heavy

metals)လို့ ခေါ်တဲ့  လူ့ ခန္ခာကိုယ်ထဲမှာ များများမရှိသင့်တဲ

့အဆိပ်သင့်သတ္တုတွေထဲမှာပါပါတယ်။

သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့

ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ အာဆင်းနစ်အောက်ဆိုဒ်(arsenic

oxide, As2O5)ကနေ အဆိပ်ပြင်းလှတဲ့  အာဆင်းနစ်ထရိုင်အောက်ဆိုဒ်( arsenic

trioxide, As2O3)အဖြစ်ပြောင်းလဲသွားပါတယ်။

ဒါက အားလုံးသိကြတဲ

့ပရဆေးဆိုင်တွေမှာရောင်းတတ်ကြတဲ
့စိန်ဖြူပဲဖြစ်ပါတယ်။ကျွန်တော်

တို့ 

ခဏခဏကြားနေကြရတဲ့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်ရင်သံ

ပုရာရည်နဲ့ သောက်တဲ့ စိန်

ဖြစ်ပါတယ်။ သံပုရာရည်ထဲက ဗိုက်တာမင်စီနဲ့  အာဆင်းနစ်နဲ့ ပေါင်းသွားပြီး

အဆိပ်ဖြစ်သွားတယ်ဆိုပါတော့။

အာဆင်းနစ်အဆိပ်ရဲ့ အာနိသင်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး

အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့  အာရုံကြော

တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ

ဖြစ်ပါတယ်။ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊

ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒီအပြင်

အသက်ရှူရာကနေ စွမ်းအင်ထုတ်တဲ့ လမ်းကြောင်းကိုလဲ ပိတ်လိုက်တဲ့ အတွက်

စွမ်းအင်မရတော့ဘဲ သတိလစ်မေ့မျောခြင်းတွေဖြစ်လာနို

င်ပါတယ်။

ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ

့အစားအစာများ(ဥပမာလိမ္မော်သီး၊သံ
ပုရာသီး၊ဇီးဖြူသီးစသည်)၊ဗီတာမင်

စီဆေးပြားများ(ဥပမာ

စီဗစ်)တို့ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။ဒီအစားအစာတွေကိ

ု မကြိုက်လို

့မစားပေမယ့် အခုအချိန်မှာ တုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့ အနေနဲ့ 

စီဗစ်သောက်နေကျလူများလဲ အထူးသတိထားကြရန်လိုပါတယ်။ နီးစပ်ရာလူတွေကို

လက်ဆင့်ကမ်းပြောပေးကြပါဦး။*





*ကိုအာလူးရေးသားထားသော စာအား ပြန်လည် မျှဝေပါသည်..

သူငယ်ချင်းများ လဲ လက်ဆင့်ကမ်းပေးကြပါ....

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More