Wednesday, September 14, 2011

ကြွက်တက်ခြင်းအကြောင်း...

ကြွက်တက်ခြင်းကို လူတိုင်းသိကြမှာပါ
စာရေးသူကိုယ်တိုင်လဲ ခံစားနေရတာပေါ့။။ အရမ်းအေးတဲ့နေ့တွေဆိုရင် ကြွက်ကတက်တော့တာပဲ... မိုးအေးရင်ပိုဆိုးသလိုခံစားရတယ်.....

မိန်းခလေးဖြစ်လို့ ကြွက်မတက်ဘူးလို့ထင်ထားတာ ကိုယ်တိုင်ခံစားရမှဘဲ သိတော့တယ်။ အခံရခက်တယ်ဆိုတာ..

အဲဒိတော့ ဖေ့ဘုတ်မှာ ဟိုဖတ်၊ ဒီဖတ် လျှောက်ဖတ်ကြည့်တော့ ဒါလေးကိုသွားတွေ့တာနဲ့
အားလုံးသိရအောင်ဆိုပြီး ပြန်လည်တင်ပေးထားတာပါ။

ကြွက်တက်တာကို လူတိုင်း နီးပါး ခံစားဖူးကြ ပါတယ်။ ပုံမှန် လုပ်ဆောင်မှုတွေ လုပ်ဆောင်ရင်း ကြွက်သားတွေ ကျုံ့သွားတဲ့ အခါ ကြွက်တက်တာ ဖြစ်လာပါတယ်။ ကြွက်တက်တဲ့ အခါ အလွန် နာကျင်ပြီး လှုပ်ရှားဖို့ တောင် ခက်ခဲတတ် ပါတယ်။ ခြေထောက်၊ နောက်ကျော နဲ့ လက်မောင်းတွေဟာ ကြွက်တက်တာကို အများဆုံး ခံစားရတတ် ပါတယ်။ ကြွက်သားတွေ အသုံးပြုရတဲ့ လုပ်ဆောင်မှု များတာကြောင့်၊ ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်တာကြောင့်၊ ထိခိုက်ဒဏ်ရာ ရတာ စတာ တွေကြောင့် ကြွက်တက်တာကို ဖြစ်စေပါတယ်။ ကြွက်တက်တာကို အိမ်တွင်း ကုထုံးတွေနဲ့ လွယ်ကူစွာ ဖြေရှင်း နိုင်ပါတယ်။

ညင်သာစွာ နှိပ်နယ်ပေးပါ
ညင်သာစွာ နှိပ်နယ် ပေးတာက ကြွက်သားတွေကို ပျော့ပျောင်း နေစေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကြွက်တက်တာကို သက်သာစေ ပါတယ်။ လိမ်းဆေး တစ်ခုခု လိမ်းပြီး နှိပ်နယ် ပေးပါက ကြွက်သား နာကျင်တာကို ထိထိ ရောက်ရောက် သက်သာ ပျောက်ကင်းအောင် ဖြေရှင်းနိုင် ပါတယ်။

ရေနွေးနဲ့ ရေချိုးပေးပါ
ကြွက်တက်တာကို သက်သာစေ ပါတယ်။ ရေနွေးနွေးလေးကို ကြွက်သားတွေပေါ် လောင်းချလိုက်တဲ့ အခါ ကြွက်သားတွေ ပြေလျော့ သွားတာကြောင့် ကြွက်တက်တာကို သက်သာစေ တာပါ။

ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်ပါ
ခြေသလုံးကြွက်သားတွေ ကြွက်တက်တဲ့ အခါ ပက်လက် အနေအထား အတိုင်း ခြေထောက်ကို သင့် ဦးခေါင်းဆီသို့ မြှောက်တင်ပြီး မိနစ် ၃၀ နေပါ။ ပေါင် နောက်ဘက် ကြွက်သားတွေပါ ပြေလျော့စေ ပါတယ်။ ပေါင်ကြွက်သားတွေ ကြွက်တက်တဲ့ အခါ ခြေထောက်ကို နောက်ကျောဘက် တင်ပါးဆီသို့ ထိအောင် ဆွဲပေးပြီး မိနစ် ၃၀ နေပါ။ ပုံမှန် ပြုလုပ်ပေးပါက ကြွက်သားတွေ ပျော့ပြောင်း နေစေပြီး ကြွက်တက်တာ မဖြစ်အောင် ကာကွယ်နိုင် ပါတယ်။

အပူအအေး ကုထုံး
ရေခဲအိတ်ကို ကြွက်တက်တဲ့ နေရာပေါ်မှာ ၁၀ မိနစ်လောက် ကပ်ပြီး ပွတ်ပေးပါ။ အရေပြား နီရဲလာ ပါက ပြန်ခွာပါ။ ဒါမှမဟုတ် ကြွက်တက်တဲ့ နေရာကို ရေနွေးအိတ် ကပ်ပေးပါ။ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကြွက်သားတွေကို ပျော့ပျောင်းစေ ပါတယ်။

ရေဓာတ် ဖြည့်ပေးပါ
ရေဓာတ် ခမ်းခြောက်တာကြောင့် လည်း ကြွက်တက်တာ ဖြစ်နိုင်ပါတယ်။ နေ့စဉ် ရေများများ သောက်ပြီး ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင် ပါတယ်။

ကျန်းမာရေး နှင့် ညီညွတ်စွာ စားသောက်ပါ
သင်ဟာ မကြာခဏ ကြွက်တက်တာ ဖြစ်ပေါ်ပါက အာဟာရဓာတ် ချို့တဲ့တဲ့ လက္ခဏာ တစ်ရပ်ပါ။ ပိုတက်စီယမ်၊ ကယ်လ်စီယမ် စတဲ့ သတ္တုဓာတ်တွေ ခန္ဓာကိုယ်မှာ လျော့နည်းတဲ့ အခါ ကြွက်တက်တာကို ဖြစ်စေပါတယ်။ ကယ်လ်စီယမ်ဓာတ် များစွာ ပါဝင်တဲ့ ဒိန်ချဉ်၊ နွားနို့၊ ပိုတက်စီယမ်ဓာတ်များစွာ ပါဝင်တဲ့ ငှက်ပျောသီး၊ အာလူးတွေ စားပေးပါ။

ချမ်မိုမိုင်း လက်ဖက်ရည် သောက်ပါ
ချမ်မိုမိုင်း လက်ဖက်ရည်မှာ ဂလိုင်စင်းလို့ ခေါ်တဲ့ အမိုင်နို အက်စစ်ဓာတ် ပါဝင်ပြီး ကြွက်သားတွေကို ပြေလျော့စေ ပါတယ်။ ကြွက်တက်တာကို ကာကွယ်နိုင်ဖို့ အတွက် တစ်နေ့ကို ချမ်မိုမိုင်း လက်ဖက်ရည် ငါးခွက် သောက်ပါ။

ပျားရည် သောက်ပါ
ကြွက်တက်တာကို ကာကွယ်နိုင် စေဖို့ သင် ထမင်းစားတဲ့ အခါ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို သောက်ပေးပါ။

မုန်ညင်းချဉ် စားပါ
မုန်ညင်းချဉ် စားပေးပါက ကြွက်တက်တာကို ကာကွယ် ပေးနိုင် ပါတယ်။

ပန်းသီး ဖျော်ရည် သောက်ပါ
ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ရရှိစေ ပါတယ်။ ပန်းသီး ဒါမှမဟုတ် သစ်တော်သီးကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရှလကာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေနွေး ရောစပ်ပြီး ဖျော်ရည် ပြုလုပ် သောက်သုံးပါ။

ဒါလေးကတော့ ဖေ့ဘုတ်က ကျန်းမာရေး ဂရုတစ်ခုကပါ။

1 comments:

ကောင်းတယ်ဗျာ....အခုလိုကျမ်းမာရေးအတွက်သိသင့်တာလေးတွေသိခွင့်ရတာကျေးဇူးတင်လျှက်ပါ။ နောက်လည်းကြိုးစားပေးပါနော်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More