Tuesday, December 6, 2011

Windows Explorer ကို Browser မှာသုံးတဲ့. Tab Bar Style သုံးရအအောင်

ဆောင်းတွင်းဟု ခေါ်သော်လည်း ချမ်းအေးခြင်း မရှိပဲ မိုးသားများ အုံမှိုင်းပြီး သာသာယာယာ ရှိလှသော ညနေခင်းအချိန်လေးတွင် .......ပျင်းရိပျင်းတွဲစွာဖြင့် အင်တာနက် သုံးနေခိုက် ...


သူငယ်ချင်း တစ်ယောက် ရောက်လာပြီးးး .....


" ဟိတ်ကောင် .. ဘာလုပ်နေတာတုန်းးး ဒေါင်သွားရအောင် " ဟု ဆိုလာသဖြင့် ....


ကျွန်တော်က


" အေး ခဏလေးး ဟ ဆိုဒ်ထဲမှာ ပိုစ့်တင်ဖို့ လုပ်နေတုန်း တန်းလန်းကြီးမို့ လို့ " ဆိုပြီး ပြန်ဖြေရင်းးး


" အော် .. အေး လုပ်လုပ် ... ။ ဒီတစ်ခေါက်က ဘာပိုစ့် တင်မှာတုန်း .. ပြစမ်းပါဦး "


" အေး ဘာမှ တော့ မဟုတ်ပါဘူးကွာ . ။ ဒါပေမဲ့ .. ကြည့်လိုက် .. ရူးသွားမယ် ... "


" အေး ပြစမ်းပါဦးကွာ . ဒါဆို ... "


" အဟမ်းးး အဟမ်းးး .... ဒီလိုပါကွာ ..( ကျွန်တော် မောင်ထက်ဇော် ၏ ပုံစံအတိုင်း လူ သောက်မြင့်ကတ်ချင်စရာ ကောင်းလောက်သော ဆရာကြီး လေသံဖြင့် ) ပုံမှန်အတိုင်း ဆို ငါတို့  folder တစ်ခု ကနေ တစ်ခု ကော်ပီ ကူးမယ် ဆိုရင်ဘယ်လို ကူးရလဲ ... ?? "


" ဟ .. မင်းကလဲ .. အဲ့ဒါ ကလေးတောင် သိတယ် ... ။ ကော်ပီကူးချင်တဲ့ ဖိုဒါ ကို အရင်ဖွင့် ၊ ဒါမှ မဟုတ်လည်း ဖိုဒါထဲက ကူးချင်တဲ့ ဟာကို ကော်ပီ အရင်လုပ် ပြီးမှ ကူးထည့်ချင်တဲ့ နေရာကို သွား ၊ ကူးထည့်ချင်တဲ့ ဖိုဒါ ကို ဖွင့် ပြီးမှ ကူးထည့်တာပေါ့ဟ .. ။ အဲ့ဒါ ဘာများ ဆန်း လို့ တုန်းးး "


" အော်.. အေး အဲ့အထိ တော့ မ ဆန်းသေးဘူးပေါ့ကွာ .. ။ ဒါပေမဲ့ .. အဲ့မှာ မင်းစဉ်းစားကြည့် . ပုံမှန် အတိုင်းဆို ... မင်း ကော်ပီကူးချင်တဲ့ ဖိုဒါ နှစ်ခု ဆိုရင် နှစ်ခု လုံးကို ဖွင့်ရမယ် ။ နှစ်ခုလုံး မဖွင့်ချင်ဘူးဆိုလည်း တစ်ခု အရင်ဖွင့် ပြီးရင် နောက်တစ်ခု ဖွင့် ပြီး ကူးရမယ် ။ နှစ်ခုလုံး ဖွင့်မယ်ဆိုရင် Desktop ပေါ်မှာ windows explorer 2 ခုလောက်နဲ့ ရှုပ်နေလောက်ပြီ ။ ၂ ခု ဆို သိပ်မသိသာပေမဲ့ .. ဖိုဒါတွေ များလာရင် . ရှုပ်ပွ ကုန်မှာပေါ့ .. မဟုတ်ဘူးလားးး "


" အေး အဲ့ဒါတော့ ဟုတ်တယ် ... ။ ဖွင့်ထားတဲ့ ဖိုဒါတွေ များတာနဲ့ ... ရှုပ်ရှက်ခက်ကုန်မှာပေါ့ကွ ... ။ "


" အေးးး အဲ့ဒါပဲ .....ပြီးတော့ ... ဟိုးး အရင်တုန်းက mozilla firefox က internet explorer ထက် သာသွားးးး တဲ့ အချက်က ဘာလဲ သိလားးး "


" ဟင့်အင်းး သိဘူး .. "


" အေး အဲ့မှာ .. .. mozilla က tab browsing လို့ ခေါ်တဲ့ .. tab bar တွေ ထည့်သွားလို့ လေ... ။ အရင်တုန်းက internet explorer မှာ new tab ခေါ်လို့ မရဘူး ။ new windows ပဲ ခေါ်လို့ ရတယ် .. ။ အဲ့မှာ mozilla က ie ထက် သာသွားတဲ့ အချက်ပဲ .. ။ အဲ့ဒါကြောင့် အခု နောက်ပိုင်း ထွက်တဲ့ internet explorer version အသစ်တွေမှာ .. tab browsing နည်းပညာ ပါလာတာပဲ ကြည့်တော့လေ. .. "


" အေး ဟုတ်တယ် ဟ မင်းပြောမှပဲ သတိထားကြည့်မိတော့တယ် ... ။ အဲ့ဒါနဲ့ မင်း အခု တင်မဲ့ ပိုစ့်က ဘယ်လို သက်ဆိုင်နေလို့ တုန်း ဟ ... "


" အေးး.. ဒီမှာကြည့် ... QTTabBar(Click To Download) တဲ့ .... size ကလည်း 534 KB ပဲ ရှိတယ် ... ။ ခဏလေးကွာ .. ငါ အကျီင်္လဲ လိုက်ဦးမယ် ... " ဟု ပြောဆိုပြီး

(http://www.mediafire.com/?idj517ssntfm1o6 ) သူဇာလေးမှ ထည့်ပေးထားခြင်း

* Media Fire Unlock Code - htetzaw551990@gmail.com

* Rar Password - www.mmitd.com


" အာ မင်းကလဲ .. ဘယ်လိုသုံးရမယ် ဆိုတာ ပြောဦးလေ ... "


" အေး အဲ့ဒါဆို ... Install လုပ်လိုက်.. ... "


" Finish နှိပ်တော့မယ်ဆိုရင် ..အဲ့မှာ Restart explorer ဆိုတာလေးကို အမှန် ခြစ်ပေးခဲ့ဦးနော် ... "


" အေး အေး "

( အဲ့ဒါလေး အမှန်ခြစ်ပေးခဲ့မှ ဖွင့်ထားတဲ့ windows explorer တွေ အားလုံး ပိတ်ပြီးမှ QTTabBar လေးက ပြန်တက်လာမှာပါ .. ။ windows explorer ပိတ်ပြီး ပြန်ဖွင့်တဲ့ အောက်ပါ အတိုင်း ပြုလုပ်ပြီးသော်လည်း QTTabBar တက်မလာသော သူများ Log Off (သို့ ) Restart ချပေးရန် လိုအပ်ပါသည် ။ )


" အေး Install လုပ်ပြီးပြီဆိုရင် ... win + e ( windows explorer ) နှိပ်လိုက် ... ပုံမှန်အတိုင်း ဆို ... windows 7 ရဲ့ folder တွေမှာ menu bar မပါဘူးး ။ အဲ့ဒါကို အရင် ဖော်ချင် ဖော် ... ။ ဒါမှ မဟုတ် alt + v ကို နှိပ်ချင် နှိပ်လိုက် .. ။ ကြိုက်တာလုပ် .. "


(Menu Bar ကို အရင် ဖော်မယ်ဆိုရင်တော့ ... အောက်က ပုံအတိုင်းအရင် ဖော်ပါ ... ။ )

" အေး alt + v နှိပ်လိုက်ပြီ "


" အေး ပြီးရင် အဲ့မှာ view tab -->> toolbars မှာ QT Tab Standbard Buttons နဲ့ QT TabBar လေးကို အမှန်ခြစ်ပေးလိုက်ကွာ ... "


(QT Tab Standard Buttons ကို အမှန်ခြစ် မပေးလည်း ရပါသည် ။ နောက်မှ မိမိ စိတ်ကြိုက် ပြန်လည် ပြုပြင် အသုံးပြုနိုင်ပါသည် ။ )


" အေး အဲ့မှာ အမှန်ခြစ်ပြီးရင် မင်း ကြည့်လိုက်တော့ ... Tab Bar ပုံစံလေး ဖြစ်သွားလိမ့်မယ် .. "


Standard Buttons တွေ မပါဘူး ဆိုရင် ...


Standard Buttons ထည့်ထားတယ် ဆိုရင်တော့ ...


" အေး တွေ့ ပြီလားးး Tab Bar ပုံစံ ဖြစ်နေတာ ... "


" အေးး တွေ့ တယ် .. မိုက်လှချည်လား ဟ ... "


" နေဦး မမိုက်နဲ့ ဦး အဲ့ထက် မိုက်တာတွေ အများကြီး ရှိသေးတယ် ... ။ မင်း ဖိုဒါ တစ်ခုခု ကို အဲ့ Tab Bar ပေါ် Drag ဆွဲပြီး တင်ကြည့်လိုက် ... "


" ဘယ်လိုလဲကွ .. ကြိုက်ရဲ့ လားးး .. ?? "



" မိုက်တယ်ဟေ့ ... ရှယ်ပဲ ဟ .... "


" အေး အဲ့မှာ ... Tab Bar ဖြစ်သွားတဲ့ အတွက် .. မင်း Browser တွေမှာ သုံးတဲ့ ပုံစံ အတိုင်း အားလုံး သုံးလို့ ရပြီ .. ctrl + tab နှိပ်ပြီး ကြိုက်တဲ့ ဖိုဒါ ကို သွားသွား ...ctrl + no. ( 1,2,3) လို့ ပဲ tab နံပါတ်တွေ အတိုင်း သွားသွား ကြိုက်သလို သွားလို့ ရပြီ ... ။ "


" သိပ်ကောင်းကွာ ...... "

" ကောင်းတာက အဲ့ဒါတင်ဘယ်ဟုတ်ဦးမလဲ ..... folder တွေရဲ့ အောက်နားလေးတွေ ကိုကြည့်လိုက် ... ။ down arrow လေး ပါလာလိမ့်မယ် .. ။ အဲ့ မြှားလေး ပေါ်မှာ Click လေး တစ်ချက်ပဲ နှိပ်လိုက် folder တွေ တောင် ဖွင့်စရာ မလိုဘူးး သူ့ ထဲမှာ ရှိတဲ့ ဟာတွေ အကုန် ပေါ်လာလိမ့်မယ် ... ။ နေဦးး အဲ့ဒါတင် မပြီးသေးဘူးး ။ ဓာတ်ပုံတွေ ပေါ် mouse လေးပဲ တင်ကြည့်လိုက် ... ။ preview တောင် ပေါ်သေးးး ။( folder ထဲက ပုံတွေပဲ ရတယ်နော် .. ။ Desktop ပေါ်က ပုံတွေ အတွက်ဆိုရင်တော့မပေါ်ဘူးး ။ ) ပုံတွေ ပဲလားဆိုတော့ မဟုတ်သေးပြန်ဘူးး ။ notepad တွေ ပေါ်မှာလည်း mouse လေး တင်ကြည့်လိုက်ဦးး " ( ဒါပေမဲ့ .. notepad မှာ မြန်မာဖောင့်တွေ ဆိုရင်တော့မပေါ်ဘူးနော် ... preview တော့ ပေါ်တယ် ဒါပေမဲ့ လေးထောင့်တုံးလေးတွေပဲ ဖြစ်နေလိမ့်မယ် .. ။ ကျန်တာတော့ အကုန် ပေါ်တယ် ... ။ )




" အားပါးးပါးးး ကောင်းလှချည်လားကွာ .. ( တစ်မျိုးမထင်ပါနှင့် Software ကို ပြောခြင်း ဖြစ်ပါသည် ) "


" မင်းကွာ .. အဲ့လောက်လေးနဲ့ .. ကောင်းတယ်လို့ ဘယ်ပြောလို့ ရဦးမလဲ ဟ .. ။ tab bar ပေါ်က folder လေးရဲ့ ဘေးနား နေရာလွတ်လေးမှာ right click ထောက်ပြီး options ထဲ ၀င်ကြည့်လိုက်ဦးးး "



" အဲ့မှာ ထပ်ကြည့်ကြည့်လိုက် .. ။ မင်းစိတ်ကြိုက် အကုန် ပြင်လို့ ရတယ်ကွာ ... ။ "



" အဲ့မှာ ထပ်ပြီး appearance ကို သွားပြီးအောက်နားလေးက Toolbar background color နဲ့  Toolbar background image ဆိုတာလေးကို မင်းစိတ်ကြိုက် ရွေးကြည့်စမ်းကွာ .. ။ ပြီးရင် apply -->> ok သာ နှိပ်လိုက် ။ ပြီးရင် မင်း ဖွင့်ထားတဲ့ windows explorer ကို သာ ပြန်ကြည့်လိုက်တော့ ... "



" ဟား ဟား ဟား Very Good ကွာ .. လုံးဝ Very Good ပဲ ... အဲ့ထက် ကောင်းတာတောင် အဲ့လောက် ကောင်းမှာ မဟုတ်ဘူးး ။ တယ်ဟုတ်ပါလားးဟေ့ .. ။ software လေးက သေးသေးလေးနဲ့ အဲ့လောက်တောင် စွမ်းရလားးး "


" အေး ဟုတ်တယ်ကွ .. အဲ့ကောင်လေး တော်တော်ကောင်းတယ် ... ။ ကြည့်တော့ ဘာမှ မဟုတ်သလိုနဲ့ .. အသုံးဝင်တဲ့ feature တွေ အများကြီး ပါတယ်ကွ ... ။ ပြီးတော့ ..မင်းကို အပေါ်မှာ .. Standard Buttons တွေ ထည့်ခိုင်းထားတယ် ဆိုတာက သူ့ မှာ ပါတဲ့ Search Features က Windows မှာ ပါတဲ့ Search Features ထက် ပိုကောင်းတယ်ကွ .. ။ သူ့ မှာ ရှာရတာ ပိုမြန်တယ် ။ တိလည်း တိကျတယ် .. ။ ရှာကြည့် မယုံရင် ... "


" ဟုတ်ပကွာ .. ဟုတ်ပ .. ဟုတ်ပ .. သူ့ ရဲ့ .. Search Feature လေးကလည်း တော်တော်မိုက်တာပဲကွ .. ။ ရှာတာ တော်တော်မြန်တယ် .. "


" အေး ကျန်တဲ့ buttons တွေကိုတော့ .. မင်းဟာမင်း ဆက်ကြည့်လိုက်ပေါ့ကွာ .. အကုန်လုံး ရေးထားပြီးသားပဲဟာ .. ကဲ .. သိပြီလားးး ဘာပိုစ့်လဲ ဆိုတာ .. ဒေါင်လစ်မယ် .. အဲ့ဒါဆို ... "


" ဟ ..နေဦးလေကွာ ... မင်းကလဲ .... ပြတုန်းက ပြထားပြီးတော့ .. software လေးတော့ ပေးဦးမှပေါ့ဟ .. ။ ငါ့မှာ စတစ်ပါတယ် .. ထည့်ပေးးး ။ ဒါနဲ့ .. နေပါဦးးး မင်းဟာက windows 7 .. င့ါအိမ်မှာက windows xp ဆိုတော့ သုံးလို့ ရပ့ါမလားကွ .. "


" ဟား ဟား ဟား လောကကြီးမှာ ရေတောင် အလကား မရဘူး ဟိတ်ကောင် ... မပူနဲ့ .. င့ါမှာ windows xp အတွက်လည်း ရှိပြီးသားး လိုချင်ရင်တော့ .. ဒေါင်ထိုင်ရင် ဒကာခံပေါ့ကွာ ... လက်ဖက်ရည် နဲ့ မုန့် တစ်မျိုးမျိုးလောက်ဆို ဖြစ်ပါတယ် ... ဟဲ ဟဲ ... "


" ဘာလဲကွ .. မင်းက အဲ့ဒါဆို ဆိုဒ်ထဲက လူတွေ ကျတော့ရော အလကား ပေးတာ မဟုတ်ဘူးလားးး "


" ဟဲ ဟဲ ..ဆိုဒ်ထဲက လူတွေက ... င့ါဆီက .. တစ်ခုခုယူပြီးသွားရင် အကုန်လုံး ကျေးဇူးတင်ကြတယ်ကွ . .မင်းတို့ လို ကောင်တွေသာ .... တစ်ခုခု ယူပြီး ကျေးဇူးမတင် ဖင်လှန်ပြကောင်တွေ .. ဟဲ ဟဲ အဲ့ဒါကြောင့် မင်းတို့ တော့ အလကားမရဘူးးး တိုက်မှာလား မတိုက်ဘူးလားပဲ ပြောကွာ .. ကြာတယ် ... "


" အေးပါကွာ .. တိုက်ပါ့မယ် .. တိုက်ပါ့မယ် ... ။ မင်းဂွင်ထဲ ရောက်လာတော့လည်းးး လုပ်ထားဦးပေါ့ ... ။ ပြီးမှ ... .. ငါ့ကို ဟိုကောင်မလေး အကြောင်း စုံစမ်းပေးပါဦး ။ မေးလ် လေး တောင်းပေးပါဦး ။ ဖုန်းနံပါတ်လေး လုပ်ပါဦးးး လုပ်လို့ ကတော့ ကွာ ... အေး အဲ့တော့မှတွေ့ မယ် .... "


" ဟား ဟား ဟား နောင်ခါလာ နောင်ခါဈေးပေါ့ကွာ ... ခုလောလောဆယ်တော့ .. ငါ ပြောတဲ့ အတိုင်းပေါ့ .. ဟုတ်တယ်မလားးး ... အဲ .. ဒါပေမဲ့ .. မင်းတို့ windows xp မှာတော့ ... windows 7 မှာ ရတဲ့ အတိုင်း photo တွေ ၊ notepad တွေမှာ preview တော့မပေါ်ဘူးကွ .. ငါစမ်းကြည့်ပြီးသွားပြီ ... "


" အော် .. အေး ဒါပေမဲ့ .. tab တော့ ရတယ်မလားးးး "


" အေး အဲ့ tab bar ကတော့ .. ရတယ် .... ကဲ ပေးပေးး .. မင်း စတစ် ... .. .. "


QTTabBar For Windows XP (Click To Download)

* Media Fire Unlock Code - htetzaw551990@gmail.com

* Rar Password - www.mmitd.com

သကောင့်သားအားးး ထိုသို့ .. ညှင်းပန်းပြီး သကာလ ... ပျင်းရိ ငြီးငွေ့ ဖွယ်ကောင်းသော .. ဆောင်းညနေခင်းလေး တစ်ခုအားးး လက်ဖက်ရည်ဆိုင်တွင် ....ဟိုလျှောက်ကြည့် ၊ ဒီလျှောက်ကြည့် ၊ ဟိုလျှောက်ပြော ၊ ဒီလျှောက်ပြောဖြင့် ... ကုန်လွန်စေခဲ့ပါတော့သည် .... ။


အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ ... ။




0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More