Thursday, December 8, 2011

AntiVirus Uninstaller Tools (38 မျိုး)


AntiVirus Uninstaller Tools (38 မျိုး)

mmitd ရဲ့ပိုစ့်တွေအားလုံးဟာ myanmar 3 font နဲ့ပဲ ရေးထားတာမို့ ဇော်ဂျီနဲ့ မူလအတိုင်း ပြန်ရေးပြီးတင်ပေးထားတာပါ။






အခုတင်ပေးလိုက်တာကတော့ Antivirus Uninstaller Tools လေးတွေကို စုစည်းပြိးတင်ပေးလိုက်ပါတယ်.. Kaspersky , AVG , Avria , Notorn , Avast , BitDefender , ESET Smart ,အစရှိတဲ့ နာမည်ကြီး Antivirus Uninstaller အပြင်အခြား အမျိုးအစား စုစုပေါင်း 38 မျိုးပါဝင်ပါတယ်။


ဘယ်လိုနေရာတွေမှာ အသုံးကျလဲလို့ ကျွန်တော်ရှင်းပြချင်ပါတယ် ကျွန်တော်တို့ Antivirus တွေကို သုံးနေတဲ့အခါမှာ License ကြောင့်ပဲဖြစ်ဖြစ် Virus ကိုက်တာပဲဖြစ်ဖြစ် အခြား နောက်တစ်မျိုးကို စမ်းသုံးချင်လို့ပဲ ဖြစ်ဖြစ် ၊ ရှိပြီးသား Antivirus ကို Uninstall လုပ်ပြီး နောက်ထပ်တစ်မျိုး ထပ်တင်ကြပါတယ်..

အဲ့ဒိအခါမှာ တစ်ချို့ Antivirus တွေဟာ တစ်နေရာရာမှာ ကျန်နေတတ်ပြီး သူ့အလုလို Run နေတတ်ပါတယ်။ ဒါမှမဟုတ်လည်း နောက်ထပ်တင်မဲ့

Antivirus ကို လက်မခံပါဘူး။ Control Panel ထဲမှာလည်း မရှိ
Program File ထဲမှာလည်းမရှိ ဖြစ်နေတတ်ပါတယ်။ Antivirus အပြောင်း အရွှေ့မှာ တော်တော်လေးကို ပြဿနာရှာတယ်ဗျ။

အဲ့ဒိပြဿနာကိုတော့ ဒီ AntiVirus Uninstaller လေးက ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
Uninstall လုပ်ပုံလုပ်နည်းကို အနည်းငယ် ရှင်းပြချင်ပါတယ်။

Autorun လေးကို Double Click ပြီး ဖွင့်လိုက်ပါ..စစချင်း Russian Language နဲ့ပေါ်လာပါလိ။ဒါဆို ဘယ်ဘက်နားမှာ English Language
လေးကိုနှိပ်ပြီး Languageပြောင်းလိုက်ပါ ။ ဒါဆို အဆင်ပြေပါပြီ။ ပြီးတော့ ကိုယ့် Uninstall လုပ်ချင်တဲ့ Antivirus အမျိုးအစားကိုရွေးပြီး Uninstall လုပ်လိုက်ပါ ။ ဒါဆိုရင်တော့ Antivirus ဟာ မိမိကွန်ပျူတာကနေ အစအန မကျန်အောင် ပျက်သွားမှာဖြစ်ပါတယ်။

ဒီလောက်ဆို အဆင်ပြေလောက်ပီလို့ထင်ပါတယ်

အောက်မှာ Linkသုံးမျိုးပေးထားပါတယ်အဆင်ပြေတဲ့ Link ကနေသာ ဒေါင်းကြပနော် အားလုံးပဲအဆင်ပြေကြပါစေ။



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More