Tuesday, December 6, 2011

ဝမ်းသွားနေသူများအတွက် ဆေးနည်းတစ်လက်

ကိုယ်တွေ့လေးတွေ၊ လက်တွေ့လေးတွေ သိလာရတာနဲ့ စာဖတ်သူတွေကို ပြန်လည်မျှဝေစေချင်လို့ပါ... ဒါကလည်း မသိသေးသူများတွက်ပါ.. သိပြိးသားသူများကလည်း ဒီ နည်းလေးကို ကောင်းတဲ့အကြောင်းလေးကို ထပ်လောင်း ပြောပြစေချင်ပါတယ်...

ကျွန်မရဲ့ 10 တန်းကျောင်းသားလေးပါ.. ၀မ်းသွားနေလို့ဆိုပြီး ကျူရှင်တောင်မသွားနိုင်တာ 2 ရက်ရှိပြီလေ..။

နဂိုပိန်ဖြစ်တဲ့ ဒီကောင်လေးကတော့ ခုဆို မျက်တွင်းတွေပါချောင်ကျနေပေါ့....

သူနေမကောင်းတော့ ကျွန်မ စာသင်ချိန် နားရပေမယ့်လည်း ကိုယ့်တပည့်လေးဒီလိုဖြစ်နေတော့ မနေနိုင်ဘူးလေ... အင်္ဂလိပ်ဆေးလဲ သောက်ထားပေမယ့် သိပ်မသက်သာသေးလို့ပါ...

နေမကောင်းတော့လဲ ဒိနေ့တော့ စာကျက်တာကိုနားလိုက်ဦးဆိုပြီး ကျွန်မလည်း တခြား ကလေးတွေကို စာသင်ဖို့ ထွက်လာလိုက်ပါတယ်... မြန်မာဆေးနည်းလေးများ သိရင် သိပ်ကောင်းမှာပဲဆိုပြီး.. တွေးနေမိတာ...


“တီချယ် .. 10 တန်းကောင်လေး ၀မ်းသွားလို့ဆို..”
“ဟုတ်တယ်..အန်တီ... အဲ့ဒါ ကြောင့် ဒီကို ခပ်စောစောရောက်နေတာ”

“ဟုတ်လား..ဒါဆို ကျွန်မလက်တွေ့ပျောက်တဲ့နည်းလေးပြောပြမယ်..” ဆိုပြီး သူသက်သာသွားတဲ့နည်းလေးကို ပြောပြတော့ ကျွန်မလဲ ကလေးတွေကို စာသင်တာခဏနားပြီး
10 တန်းကောင်လေးအိမ်ကို ပြေးရပြန်ပါတယ်..

ကဲပါ ကဲပါ.. ဆေးနည်းလေးပဲပြောတော့မယ်..

( သကြားရည်ပါ... သကြားကိုသာရေနည်းနည်းနဲ့ဖျော်ပြီးတိုက်ပါ.. ခပ်ပျစ်ပျစ်ဆို ပိုကောင်းပါတယ်တဲ့
ချောကလက် (ဒါမှမဟုတ်) ချောကလက်ပါတဲ့ မုန့်တခုခုပါ ရောစားလိုက်ပါ.. )


အော်... ဒါလေးများဆိုပြီးတော့ အထင်တော့ မသေးကြနဲ့နော်...

ဒီနည်းက လက်တွေ့ပျောက်နေတာ... 3 ယောက်နော်..


အားလုံးပဲ အဆင်ပြေကြပါစေ

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More