Saturday, December 17, 2011

ဒူးနာခြင်းအကြောင်း.....

ဒူးဟာ ခန္ဓာကိုယ်အလေးချိန်ကို သယ် ဆောင်ပေးထားရတဲ့ ကြီးမားတဲ့ အဆစ် တစ်ခု ဖြစ်ပါတယ်။

ဒူးအဆစ်ဟာ ခန္ဓာကိုယ် မှာရှိတဲ့ တခြားအဆစ်အများစုထက်ပိုပြီး အကန့်အသတ်နဲ့သာ လှုပ်ရှားနိုင်ပါတယ်။
ခြေထောက်တွေကို တည်တည်ငြိမ်ငြိမ် ထောက်ပံ့ ထားနိုင်ဖို့အတွက် ဒူးကို အဖြောင့် ဆန့်ထားနိုင်ပါတယ်။ ပြီးရင် ဒူးကိုကွေးတဲ့ အခါ ထောင့်မှန်ထက်ပိုပြီး အများကြီးကွေး နိုင်ပါတယ်။ ခန့်မှန်းခြေ ၁၂၀ ဒီဂရီအထိ ဒူးကိုကွေးနိုင်ပါတယ်။
ဒါပေမဲ့ ဒူးကို ဒီလိုကွေးတာနဲ့ ဆန့်တာအပြင် တခြားဦးတည်ချက်နဲ့တော့ ရွှေ့လို့မရပါဘူး။ ဘေးဘက်ကို လိမ်တာ၊ ကောက်တာတွေ လုပ်လို့မရပါဘူး။ ဒီလိုလှုပ်ရှားမှုကို ကန့်သတ် ထားခြင်းကြောင့် ဒူးအဆစ်ဟာ ပိုပြီးသန်မာတာဖြစ်ပါတယ်။


**ဒူးနာရခြင်း အကြောင်းရင်းများ **

ဒူးမှာ အရိုးနုအကန့်နှစ်ခုပါဝင်ပါတယ်။ အရိုးနုဟာ ညီညီညာညာ စုတ်ပြဲနေရင် ခြေထောက် ဟာ အတွင်းဘက် ဒါမှမဟုတ် အပြင်ဘက်ကို ညွတ်နေနိုင်ပါတယ်။ မွေးရာပါခြေထောက် လိမ်ဖည်နေသူတွေမှာ ဒဏ်ဖြစ်တဲ့အတွက် အရိုးနုတွေကို ပိုပြီး မြန်မြန်ပျက်စီးစေနိုင် ပါတယ်။
ကိုယ်အလေးချိန်များပြီး အဝလွန်နေသူတွေမှာလည်း ဒူးနာတဲ့ ပြဿနာပိုဖြစ်တတ်ပါတယ်။ ဒူးအဆစ်ဟာတည်ငြိမ်နေရမှာ ဖြစ်ပြီး ခြေထောက်ဖြောင့်နေဖို့အတွက် ဒူးကိုအပြည့်အဝ ဆန့်နိုင်ရမှာ ဖြစ်ပါတယ်။ ဒူးကို အပြည့်အဝ မဆန့်နိုင်ရင် ကြွက်သားတွေက ခန္ဓာကိုယ်ကို တစ်ချိန်လုံးထောက်ပံ့နေရပြီး ဒဏ်ဖြစ်လာပါမယ်။
ဒူးဟာဖြောင့်ဖြောင့်မဆန့်နိုင်ဘဲ ဘေးဘက်က အရွတ်တွေပေါ်မှာ ဖိအားအလွန်များနေပြီး ပြဿနာဟာ တဖြည်းဖြည်းချင်း ပိုဆိုးလာပါလိမ့်မယ်။



**ကုသမှု **

ဒူးဟာ မတည်ငြိမ်ဘဲ ယိုင်နဲ့နေရင် ဒါမှမဟုတ် ဖြောင့်ဖြောင့်မဆန့်နိုင်ရင် ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။ ဂေါက်ရောဂါ ဒါမှမဟုတ် ရောဂါပိုးကူးစက်မှုတွေရှိနိုင်ရင်တော့ သမားတော်နဲ့ ပြဖို့လိုပါတယ်။ ဒူးအဆစ်ဟာ ဒီပြဿနာတွေကြောင့် မကြာခဏ စိတ် အနှောင့်အယှက် ဖြစ်ရတဲ့ အဆစ်ဖြစ်ပါတယ်။
ဒူးနာတာအပြင် ဒူးအောက်က ခြေသလုံးကြွက်သားတွေမှာ နာကျင်နေမယ်

ဒါမှမဟုတ် ရောင်ရမ်းနေမယ်ဆိုရင် သွေးခဲပိတ်ဆို့မှုရှိနိုင်သလို အရည်အိတ်တွေရှိနေတာလည်း ဖြစ် နိုင်ပါတယ်။ ဒီအရည်အိတ်တွေက ရောင်ရမ်းနေတဲ့ ဒူးထဲမှာ စတင်ဖြစ်ပေါ်ပြီး ခြေသလုံး ကြွက်သားအထိ ကြီးသွားနိုင်ပါတယ်။
ဒူးအောက်နေရာတစ်လျှောက်ကိုလည်း ရောင်ရမ်းစေနိုင်ပါတယ်။ ဒီပြဿနာဖြစ်ရင်လည်း ဆရာဝန်ပြပါ။ ဒူးနာနေစဉ် ဒါမှမဟုတ် နောက်တစ်နေ့အထိ နာကျင်မှုကို ပိုဆိုးစေနိုင်တဲ့ အရာတွေကို မလုပ်ပါနဲ့။ တုတ်ကောက်သုံးပြီး လမ်းလျှောက်တာက အကူအညီဖြစ်ပါတယ်။
ညမှာပဲဖြစ်ဖြစ် တခြားအချိန်မှာပဲဖြစ်ဖြစ် ဒူးအောက်မှာ ခေါင်းအုံးခံမထားပါနဲ့။ဒူးကို တောင့် တင်းနေစေပြီး ဖြောင့်ဖြောင့်ဆန့်မထားနိုင်တဲ့အနေအထားဖြစ်စေပါတယ်။ ဒူးကို အနားယူ နေစဉ်မှာ ဖြောင့်ဖြောင့်ဆန့်ထားနိုင်ဖို့လိုအပ်ပါတယ်။




Ref : Good Health

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More