Wednesday, December 7, 2011

Pagemaker 7.0 ( 1 )

Adobe Page Maker 7.0
Page Maker သည် Adobe Corporation မှ ထုတ်လုပ်သော D.T.P ( Desk Top Publishing Software ) စာစီစာရိုက် ပရိုဂရမ် တစ်ခုဖြစ်သည်။
PageMaker 7.0 ကိုစတင်ရန်
Start >> All Program >> Adobe >> PageMaker 7.0 ကို Click လုပ်ပါ။
Page Maker ကိုစတင်လျှင် အခြား Software များကဲ့သို့ အလုပ်လုပ်ရန် Word Area သည် အဆင်သင့် မရှိ နေပေ။
Templaes မျက်နှာပြင် တစ်ခု ပေါ်လာမည် ဖြစ်သည်။
အသင့်ပေးထားသော Templates များကို မသုံးပဲ file ထဲမှ New ကို Click လုပ်ကြည့်ရအောင်။
New ကို Click လုပ်ကြည့်သောအခါ Document Setup တစ်ခု ကျလာမည်။

Page Size -- လိုရာ စာရွက်များကို ယူနိုင်သည်။ Letter, Legal, A4, A3 ….
Dimensions -- မိမိရွေးလိုက်သော စာရွက်အလိုက် အတိုင်းအတာကို ဖော်ပြပေးမည်ဖြစ်သည်။
Orientation -- စာရွက်ကို အလျားလိုက်၊ ဒေါင်လိုက် ရွေးချယ်နိုင်သည်။
Options – Double-sided သည် စာရွက်နှစ်ရွက်ကို မျက်နှာချင်းဆိုင် ဖော်ပြပေးသည်။ စာရွက်တစ်ရွက်သာ
လိုချင်ပါက အမှန်ခြစ်ကို ဖြုတ်ပေးရမည်။
Number of pages -- စာရွက်အရေအတွက်ကို ကြိုက်သလောက်ယူနိုင်သည်။
Start Page -- နှစ်သက်ရာ စာမျက်နှာ နံပါတ်များမှ စတင်နိုင်သည်။
Margins -- စာရွက်ကို Margins များသတ်မှတ်ပေးရာနေရာဖြစ်သည်။
Target output resolutions -- ပုံထွက်အရည်အသွေးကို ဆိုလိုသည် ။ dpi က drop par inch ပါ။
Resolutions နည်းသော စာလုံးများသည် ကြည်လင်ပြတ်သားမှုမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
Compose to printer – Print ထုတ်လိုသော Printer ၏အမည်ကို ရွေးချယ်ရန်ဖြစ်သည်။
Document Setup ကို စိတ်ကြိုက်ရွေးချယ်ပြီးပါက OK ကို Click လုပ်ပါ။
ရွေးချယ်လိုက်သော စာရွက်၊ စာမျက်နှာ၊ Margin အတိုင်း စာရွက် ကျလာမည်ဖြစ်သည်။ စာရွက်၏ဘေးဘက် တွင် ရှိသော box ကို Tools box ဟုခေါ်သည်။
အောက်ဘက်တွင်ရှိသော Bar ကိုတော့ Control palette ဟုခေါ်သည်။
Page Maker ၏သာလွန်ချက်က Print Area ကိုမြင်ကွင်းတွင် တစ်ပါတည်းမြင်ရခြင်းပင်ဖြစ်သည်။ စာရွက်ပြင်ပ ဖြစ်သော နေရာတွင်လည်း စာများ၊ ပုံများကို ခေတ္တသိမ်းထားနိုင်သည်။
L , R -- စာရွက်၏ ဘယ်၊ ညာကို ပြသည်။ Master Page ဖြစ်သည်။
စာမျက်နှာနံပါတ်များ No.3 မှ စ နေသည်မှာ Document Setup မှ Start page တွင် နံပါတ် 3 ဟု ရေးမိသောကြောင့်ဖြစ်သည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More