Sunday, October 2, 2011

photoshop အကြောင်းလေးများ (3 )

(3).

ဒီနေ့ ဘာအကြောင်းလေးရေးရင်ကောင်းမလဲဆိုတော့…. အလင်းလေးနဲနဲတင်ကြည့်ရင် မကောင်းဘူးလားနော် ကျွန်မကတော့ ဘယ်လောက်လင်းနေပါစေ.. နဲနဲလေးတော့ တင်လိုက်ရမှကိုကျေနပ်သွားတာ… ပြီးတော့ size တွေလဲ ချိုးမယ်လေ… မိမိတို့လိုချင်တဲ့ size ပေါ့.. ဟုတ်ပီလား။

ကဲစမယ်… photoshop ကိုဖွင့်လိုက်ပါ။

ဖွင့်ပြီးရင်တော့ file > open > မိမိနှစ်သက်ရာ ပုံတစ်ခုကို ဖွင့်လိုက်ပါ။

ဖွင့်လိုက်ပြီးရင်တော့ အဲ့ဒိပုံရဲ့ အပေါ်ဘက်နားလေးကို right click (ညာဘက်ခလုပ်) နှိပ်လိုက်ပါ။ ထိုအခါ နမူနာပုံကဲ့သို့ကျလာ ပါလိမ့်မယ်။

နမူနာကိုကြည့်ပါ။

Duplicate ကိုနှိပ်လိုက်ပါက မူရင်းပုံကဲ့သို့ နောက်ထပ် အသစ်တစ်ပုံ ထပ်ပေးမှာဖြစ်ပါတယ်။ မူလပုံကိုမထိခိုက်စေဘဲ၊ လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။

ဒါဆို အလင်းတင်ရအောင်နော်.

ကီးဘုတ်ကနေ အလွယ်တကူဖွင့်ချင်တယ်ဆိုရင်တော့ Ctrl m ကိုနှိပ်လိုက်ပါ။

Menu bar ကနေသွားချင်တယ်ဆိုရင်တော့

Image> Adjustment> curves ကို click လုပ်ပါ။

ထိုအခါ curves box လေးကျလာပါလိမ့်မယ်။

ပထမပုံက မူရင်းပုံပါ။

ဒုတိယပုံကတော့ ပွါးထားတာမို့ ပုံရဲ့ ဘား နေရာလေးမှာ copy လို့ပေါ်နေပါတယ်

မိမိအရောင်လင်းချင်တဲ့ ပုံကိုတော့ ကလစ်လေးနဲ့ နှိပ်လိုက်ပါနော်.. အဲဒါမှ ကလစ်နှိပ်ထားလို့ ဘားလေးကအနည်းငယ်

ပိုလင်းနေပါလိမ့်မယ်။

ပထမပုံက မူရင်းပုံပါ။

ဒုတိယပုံကတော့ ပွါးထားတာမို့ ပုံရဲ့ ဘား နေရာလေးမှာ copy လို့ပေါ်နေပါတယ်

မိမိအရောင်လင်းချင်တဲ့ ပုံကိုတော့ ကလစ်လေးနဲ့ နှိပ်လိုက်ပါနော်.. အဲဒါမှ ကလစ်နှိပ်ထားလို့ ဘားလေးကအနည်းငယ်

ပိုလင်းနေပါလိမ့်မယ်။

Curves box ကနေမှ မိမိတို့လိုသလို mouse pointer လေးနဲ့ အတိုးအလျော့ကို လုပ်ကြည့်ခြင်းဖြင့် အလင်း ၊ အမှောင်ကို ချိန်နိုင်မှာဖြစ်ပါတယ် ။

စိတ်ကြိုက်ဖြစ်ရင်တော့ ok ကိုသာ ကလစ်နှိပ်လိုက်တော့နော်။

***** ***** ***** ******

နောက်တစ်မျိုးကတော့ size များ ချိုးခြင်းပါ။

နှစ်သက်ရာပုံကို အကြီးချဲ့လိုက်ပါ။ နမူနာမှာတော့ အလင်းတင်ထားပြီးသားပုံကို နမူနာပြထားပါတယ်။

Tool box ထဲမှာ Crop tool ကို ကလစ်လုပ်လိုက်ခြင်းဖြင့် photoshop menu bar အောက်ဘက်မှာ နောက်ထပ် crop tool နဲ့ပတ်သက်တဲ့ ဘား တစ်ခု ထပ်ပေါ်လာမှာပါ။

Width – 2

Height – 3

Resolution – 300

ရိုက်ထည့်ပါ။

Mouse pointer က crop tool ကို ယူထားပြီးသား ဖြစ်နေရပါမယ်။ ပြီးရင်တော့ ပုံကို အပေါ်မှ အောက်ဘက်သို့ ဖိဆွဲလိုက်ပါ။

2 လက်မ၊ 3 လက်မနဲ့ resolution 300 ရှိတဲ့ size တစ်ခုနဲ့ ပုံလေးဖြစ်သွားမှာပါ။

မိမိတို့ပုံက ဆိုဒ် ကြီးနေမယ်ဆိုရင်တော့ အပိုဘေးသားတွေ ရှိနေပါလိမ့်မယ်။

နမူနာကို ကြည့်ပါ။

လိုချင်သော အနေအထားကို ယူဖို့ဆိုရင်တော့ ကီးဘုတ်က arrow key ကိုသုံးပြီး အပေါ်အောက်၊ ဘေး အနည်းငယ်စီ နှိပ်ကြည့်ပါ၊

စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ enter ကိုသာ နှိပ်လိုက်တော့နော်.

ပုံရဲ့ ဘေးနားလေးတွေမှာ stoke လေးတွေထည့်ကြည့်ရအောင်.

Enter နှိပ်ပြီးလို့ အသင့်ဖြစ်သွားတဲ့ပုံလေးကို ကီးဘုတ်ကနေ

Ctrl A နှိပ်လိုက်ပါ။

ထိုအခါ ပုံ၏ ဘေးပတ်ပတ်လည်တွင် select ဖြစ်နေမည်ဖြစ်သည်။

Edit ထဲမှ Stroke ကို ကလစ်နှိပ်လိုက်ပါ။


Stroke box လေးတစ်ခု ကျလာပါလိမ့်မယ်။

Width နေရာမှာ 12 ဆိုရင်တော့ အသင့်တော်ဆုံးပါ၊ မိမိတို့က စိတ်ကြိုက် အနေအထားများကို စမ်းကြည့်လိုက်ကြနော်။

Color နေရာကို click နှိပ်ပြီးတော့လည်း အခြားသော အရောင်များကို ယူလို့ ရပါသေးတယ်နော်။

Location နေရာကိုလည်း ထို့နည်းအတူပင်။

အားလုံးပြီးလျှင်တော့ ok ကိုနှိပ်ကြည့်လိုက်ပါ။

Select ပျောက်ချင်ရင်တော့ ကီးဘုတ်ကနေ Ctrl D ကို နှိပ်၇တယ်ဆိုတာ သိကြတယ်နော်…


ကဲ… အလင်းတင်ထားပြီးသာ အရွယ်ကလဲ 2လက်မ၊ 3လက်မ ဆိုဒ်နဲ့. ဘေးဘောင်လေး ထည့်ထားပြီးသား ပုံလေးတစ်ခု ကျလာပါလိမ့်မယ်။။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်လိုက်ရပါတယ်နော်…



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More