Monday, October 17, 2011

Microsoft Word 2007 ( 2 )

Ribbon


Ribbon ဆိုတာ document ရဲ့ အပေါ်ဆုံး မှာရှိတဲ့ ခေါင်းစည်းအပြားကြီးကို ဆိုလိုတာပါ။

Microsoft Word 2007 Ribbon တွင်

Home: Clipboard, Fonts, Paragraph, Styles, Editing.

Inset: Pages, Tables, Illustrations, Links, Header & Footer, Text, Symbols

page Layout: Themes, Page Setup, Page Background , Paragraph, Arrange

References: Tables of Contents, Footnotes, Citation & Bibliography, Captions, Index, Table of Authorities

Mailings: Create, Start Mail Merge, Write & Insert Fields, Perview Resuts, Finish

Review: Proofing, Comments, Tracking, Changes, Compare, Protect

View: Documets Views, Show/Hide, Zoom, Window, Macros ဟူ၍ အခန်းများပါရှိသည်။


Home Tab




Home Tab သည် Microsoft Word ရဲ့ပထမဆုံးသော အခန်းဖြစ်ပြီး၊ စာလုံးဒီဇိုင်းများပုံဖော်ခြင်း၊ စာပုဒ်များ ပြင်ဆင်ခြင်း၊ ရိုက်ထားပြီးသောစာများကို အသင့်ပေးထားသော Styles များဖြင့် ပိုမိုလှပလာအောင် ပြောင်းလဲခြင်း နှင့် Editing များပြုလုပ်ခြင်း အခန်းများပါဝင်ပေသည်။


Font Group



ဤ Group တွင် Font များ၏ ပုံစံ (styles) များပြောင်းခြင်း၊ Font များကို Bold (စာလုံးများကိုပို၍ထင်ရှားလာစေခြင်း)၊ Italic (စာလုံးများကိုစောင်းခြင်း) Underline (စာလုံးများအောက်တွင် မျဉ်းသားခြင်း) ၊ Strikethrough နှင့် Small Size, Large Size အပြင် စာလုံး အရောင်များကိုလည်း ပြောင်းလဲ ပေးနိုင်သည်။

ထို့အပြင် ပို၍များပြားသော လုပ်ဆောင်ချက်များကို Font ဘေးနားမှ မြှားကို Click လုပ်ခြင်းဖြင့် မြင်တွေ့နိုင် မည်ဖြစ်သည်။





Paragraph Group


Paragraph နှင့် သက်ဆိုင်သော လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သည်။ စာပိုဒ်ပုံစံများကို Bullets များတပ်ခြင်း၊ နံပါတ်များတပ်ခြင်း၊ Multilevel List ကဲ့သို့ နံပါတ်များကို အဆင့်ဆင့်တပ်ခြင်း၊ စာပိုဒ်များ အလယ်ပို့ခြင်း ညာဘက် ညီခြင်း၊ Column ခွဲခြင်း ၊ စသည်ဖြင့် လုပ်ဆောင်နိုင်သည်။ စာလုံးများ Fill color များထည့်ခြင်း၊ ထို Fill Color များကို လိုင်းသားခြင်းများကိုလည်း ပြုလုပ်နိုင်သည်။



Bullet Library


Bullet တပ်လိုသော စာကြောင်းများကို select လုပ်ပေးရပါမည်။ ပြီးမှ Bullet ကို Click လုပ်ပါ








Number တပ်ခြင်း

Bullet တပ်ခြင်းနှင့်အတူတူပင်ဖြစ်သည်။ စာကြောင်းများကို Select လုပ်ပြီးမှသာ နံပါတ်တပ်နိုင်သည်။

Paragraph Group ထဲမှ Fill color

စုံလင်လှသော အရောင်များဖြင့် စိတ်ကြိုက်ဒီဇိုင်းများ ပုံဖော်နိုင်ပါသည်။ လှပသော အေ၇ာင်များကို ချိန်ညှိလိုပါက More Colors တွင် ယူနိုင်ပါသည်။





ကဲ

ဒီနေ့တော့ ဒီလောက်ပဲပေါ့နော်


အားလုံး အဆင်ပြေကြပါစေ






0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More