Tuesday, October 18, 2011

Microsoft Word 2007 (3 )

အင်း............
ဒီတစ်ခါတော့..............ဘယ်က စ ရ ပါ့နော်....

Multilevel List

စာကြောင်းများကို နံပါတ်များအဆင့်ဆင့်တပ် ခြင်းကို ဆိုလိုသည်။

အဆင်သင့်ပေးထားသော ဒီဇိုင်းများကို ယူသုံးလိုပါက သုံးနိုင်သည်။ မိမိစိတ်ကြိုက် အသစ်ဖန်တီးလိုပါကလည်း Define New Multilevel List တွင် ၀င်၍ ပြောင်းလဲနိုင်သည်။




Styles

အဆင်သင့်ရှိသော စာလုံးဒီဇိုင်းများကို ပို၍လှပလာအောင်၊ ပိုမိုသေသပ်အောင် အသုံးပြုနိုင်သည်။

စာများကို အရင်ရိုက်ပါ။ Select ပြုလုပ်ပါ။ ပြီးမှ မိမိနှစ်သက်သော Style ကိုClick လုပ်၍ ယူနိုင်သည်။



Insert Tab



Insert Tab သည် Cover Page များ၊ Blank page များ တောင်းခြင်း table များ အစားသွင်းခြင်း နှင့် တခြား Files များမှ ပုံများကို အစားသွင်းခြင်း shapes များမှ ပုံများကို ယူသုံးခြင်း၊ links များချိန်ဆက်ခြင်း၊ Header & Footer များတပ်ခြင်း နှင့် Text များအား လိုသလို ပြုပြင်ခြင်း များဖြစ်သည်။

Pages, Tables, Illustrations, Links,Header & Footer, Text Symbols စသည်ဖြင့်ရှိသည်။

Tables

မိမိနှစ်သက်သလို drag ဆွဲ၍သော်လည်းကောင်း၊ Insert Table တွင် လိုသလောက် ရိုက်ထည့်၍သော်လည်းကောင်း Table ကိုယူနိုင်ပါသည်။






Shapes

နှစ်သက်ရာ ပုံတစ်ခုကို Click နှိပ်၍ရွေးချယ်ယူပါ။

စာမျက်နှာပေါ်ရောက်မှ

Drag ဆွဲ၍ ယူပါ။




Clip Art

ကွန်ပျူတာထဲတွင်အသင့်ပါသော ပုံများကို ယူသုံးချင်ပါက Clip Art တွင် ရှာနိုင်သည်။ Sarech box တွင် နှစ်သက်ရာကို ရိုက်ပါ။ Go ကိုနှိပ်ပါ။



Smart Art


All အခန်းသည် Smart Art Graphic တွင်ပါရှိသာ ပုံစံများအားလုံးကို တစ်ပါတည်းဖော်ပြပေးထားသော နေရာဖြစ်သည်။ ခေါင်းစဉ်ခွဲများ တွင်လည်း ယူ၍သုံးနိုင်ပါသည်။


Chart




မိမိတို့ရေးထားသော data များကို ပို၍လှပလာအောင် Chart ဒီဇိုင်းများနှင့်လည်း ပြနိုင်သည်။ 2D , 3D စသည်ဖြင့် နှစ်သက်သလို သုံးနိုင်သည်။






ပစ္စည်းတစ်ခုချင်းစီရဲ့ လေ့ကျင့်ခန်းများကိုတော့ နောက်ပိုင်းတွေမှာ ထည့်ပေးသွားမှာပါ...
ခုတော့ Microsoft Word 2007 ရဲ့အပြင်အဆင်များကိုသာ အရင်ဆုံး လေ့လာနိုင်ကြဖို့ တင်ပေးလိုက်ရတာပါ။


အားလုံးအဆင်ပြေပါစေလို့
ဆန္ဒပြုလျှက်......................

စိမ့်စမ်းရေ...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More