Sunday, October 16, 2011

Microsoft Word 2007 ( 1 )

Microsoft Word 2007
အကြောင်းလေးကို ကျွန်မ သိသလောက်၊ လက်လှမ်းမှီသလောက်ရေး ရေးထားတာပါ... အကယ်လို့ နားမလည်တာများ၊ မရှင်းတာများ ရှိခဲ့ရင်၊ ဒါမမဟုတ် လေ့ကျင့်ခန်း လုပ်နေရင်း တခုခု သိချင်တားများ ရှိခဲ့ရင်.. ကောမက်နေရာကနေ မေးလို့ရပါတယ်..

ကျွန်မ သိသလောက် ကိုတော့ အတက်နိုင်ဆုံး ပြန်လည်ရှင်းပြပေးသွားမှာပါနော်...




Microsoft Word 2007


Microsoft Office Word ဆိုရင် အရင် Version တွေတုံးက အကုန်လုံးလိုလိုဟာ အတူတူပါပဲ။

Menu, toolbar, task pane, pop-up, drop-down တွေပါတာချည်းပါ။

Word 2007 ကျတော့ ဒါတွေ ပျောက်သွားပြီး menu, toolbar တွေအစား tab တွေပါတဲ့ Ribbon system ကိုလုပ်ပေးထားပါတယ်။ menu command တွေအစား command button တွေကို အစားထိုး အသုံးပြုထားခြင်းကြောင့်၊ အမြင်မှာ ပိုခက်တယ် ထင်၇ပေမယ့် တကယ်က ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ user အတွက် instant preview ၇တာကြောင့်ပဲ ဖြစ်ပါတယ်။




Microsoft Office Word 2007 ကို စတင်လေ့လာတော့မယ်ဆိုရင် -

1. Start >> All Progaram >> Microsoft Office >> Microsoft Office Word 2007 ကို Click လုပ်ပါ။


2. Click လုပ်တာနဲ့ blank document တစ်ခုက Document 1 – Microsoft Word နာမည်နဲ့ အလိုလို ပွင့်နေပါပြီ။


Read and View Documents

Word ဖိုင်ပွင့်လာရင် Window အောက်ခြေက Stauts bar ပေါ်က item တွေကို လေ့လာကြည့် ရအောင်။ ဘယ်ဘက်အစွန်မှာ ရှိတဲ့ Page 1 of 1 ဟာ document တစ်ခုရဲ့ page 1 ကိုဆိုလိုပါတယ်။ words: 150 က document မှာပါတဲ့ word အရေအတွက်ပါ။ တကယ်လို့ document က အပေါ်က စာကြောင်းကို select လုပ်ထားမယ်ဆိုရင် Status bar မှာ Words: 4/150 လို့ပေါ်နေပါမည်။


ညာဘက် ဆက်သွားရင် View button တွေကို တွေ့ရပါမယ်။ Document တစ်ခုကို full screen view နဲ့ ကြည့်ချင်ရင် View >> Full Screen Reading ကို click လုပ်ပါ။ နောက်တစ်နည်းက Status bar ပေါ်မှာရှိတဲ့ full Screen Reading button ကို Click လုပ်ရင်လည်း ရပါတယ်။



Full Screen view ပေါ်လာရင် window ညာဘက်ခြမ်းက View Option >> Show Two Pages ကို Click လုပ်တာနဲ့ document ကို နှစ်မျက်နှာတွဲ ပုံစံနဲ့ display လုပ်ပြတာ တွေ့ရပါမယ်။ Full Screen View ကို Close လုပ်ချင်ရင် Close button ကို Click လုပ်ပါ။ Normal view ကို ပြန်ရောက်လာပါမယ်။

Customizing the Quick Access Toolbar

Quick Access Toolbar ဟာ user ကိုယ်ပိုင် toolbar တစ်ခုအဖြစ် အသုံးပြုနိုင်ပြီး၊ Word document window မှာရှိတဲ့ Microsoft Office Button ရဲ့ ညာဘက်က Customize Quick Access Toolbar ကို Click လုပ်ပါ။ dropdown menu ပေါ်လာရင် New, Open, Save အစရှိသည်တို့ကို Click လုပ်တာနဲ့ Quick Access Toolbar မှာ အဲဒီ command button တွေပေါ်နေတာ တွေ့ရပါမည်။ ဒီ button တွေဟာ currently display ဖြစ်နေတဲ့ tab က command တွေနဲ့ မဆိုင်ပါဘူး၊ သီးသန့် အသုံးပြုလို့ ရပါတယ်။

နောက်ထပ် command တွေကို add လုပ်ချင်၇င် More Commands ကို click လုပ်ပါ။ Word Options diaglog box ပေါ်လာရင် Customize ကို click လုပ်ပြီး Choose commands from အောက်က All commands ကို Select လုပ်ပါမယ်။ Auto Format Now command ကို select လုပ်ပြီး Add >> button ကို Click လုပ်ပါ။ Auto Format Now command က right pane ထဲ ရောက်လာပါပြီ။ OK ကို Click လုပ်ပါ။




ဒါဆိုရင် Quick Access Toolbar မှာ AutoFormat button ရောက်လာတာ တွေ့ရပါမည်။




The Microsoft Office Button

Office Button ထဲတွင် များလှစွာသော လုပ်ငန်းဆောင်တာများရှိပေသည်။

New, Open, Save, Save As, Print , Send, Close စသည်ဖြင့် စုံလှပေသည်။

File များကို အသစ်တောင်းခြင်း (New)၊ ဖွင့်ခြင်း (open) ၊ သိမ်းခြင်း (Save)၊ ဖိုင်နောက်တစ်ခုဖြင့် သိမ်းခြင်း (Save as)၊ Print ထုတ်ခြင်းနှင့် document ကို ပိတ်ခြင်း တို့ဖြစ်သည်။




ကဲ..
ဒီနေ့တော့ ဒီလောက်ပဲပေါ့နော်..
နောက်ရက်တွေမှာ အပိုင်းလေးတွေ ခွဲပြီး တင်ပေးသွားမှာပါ

အားလုံးအဆင်ပြေကြပါစေ...


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More