Monday, October 3, 2011

မျက်လုံး ကိုက်ခြင်း၊ အောင့်ခြင်းမှ ကာကွယ်ရန်

ကွန်ပျူတာနဲ့ နေ့စဉ် အလုပ်လုပ်နေရတဲ့ ကျွန်မတို့အတွက်တော့ လုပ်သက်ကလေးကြာလာတာနဲ့အမျှ မျက်လုံးကလေးကလည်း မှိတ်တုတ် ၊မှတ်တုတ် ဖြစ်လာပါလေရော.......

ဇာတ်ကြောမတတ် တတ်တဲ့ ကျွန်မအတွက်တော့.. မျက်လုံးကို ပိုပြီး ထိရောက်စေတယ်လို့ ခံစားမိပါတယ်။

မျက်ရည်ပူကျခြင်း၊ ညောင်းခြင်း (ကျွန်မ နားလည်သလို) စသည်တွေကိုတော့ ကျွန်မ မသိပါဘူး....

ခု .. ကျွန်မ ခံစားနေရတာက.. မျက်လုံးအထဲက အသား က အောင့်တာပါ။... တဖြည်းဖြည်းချင်း ပိုပိုပြီး အောင့်တယ်လို့ ခံစားလာရပါတယ်...

အဲ့ဒိတော့.... ကျွန်မလဲ နီးစပ်ရာတွေကို လိုက်ပြောကြည့်တော့ အကြံဥာဏ်တွေအများကြီးထဲကနေမှ... လူလဲသက်သာ.. အချိန်လဲ သိပ်မကုန်တဲ့နည်းလေးကို.. ခုတော့ ကျွန်မ ကိုယ်တိုင်လုပ်နေတာ 2 လလောက်တော့ ရှိနေပါပြီ။
ဒါက မိမိဘာသာ လေ့ကျင့်ယူလို့ရတဲ့နည်းကိုပြောပြတာပါ။ ဒီနည်းလေးကခုတော့ တော်တော့ကို အဆင်ပြေနေပါတယ်။ ဒီ နည်းကိုချည်းပဲ အားကိုးလို့တော့ ဘယ်ရမလဲနော်.. အဲဒါနဲ့ မျက်စိဆေးရုံကိုတော့ သွားပြလိုက်ပါတယ်...။

မျက်စိဆေးရုံကိုသွားပြတော့ ကျွန်မရဲ့ မျက်စိအခြေအနေက ပြောပြရင်တော့ ရှက်စရာတွေဖြစ်ကုန်တော့မယ်ထင်တယ်...

အဝေးကြည့် စာလုံးတွေရေးထားတာကို ကျွန်မကို ဖတ်ခိုင်းပါတယ်...
သူရေးထားတာတွေ အားလုံးက

ဂ ၊ င ၊ ပ ၊ ၁ စ တာတွေချည်းရေးထားတာပါ..

ကျွန်မ ဖတ်ပြလိုက်တာကတော့... က.. ယ တဲ့ ( ဟီး.. ရှက်လိုက်တာ မပြောပါနဲ့တော့ )
ဆရာဝန်မလည်း တော်တော် စိတ်ပျက်သွားတယ်ထင်တယ်.... စကားကို ဆက်မပြောတော့ဘူး..

အဲ့ဒါနဲ့ မျက်မှန်လုပ်ရတယ်ဆိုပါတော့......

မျက်မှန်တပ်ပြီး စာလုပ်တယ်ဆိုရင် မျက်လုံးက သက်သာပါတယ်။
အထက်ကပြောတဲ့ နည်းလေးကိုလည်း ကျွန်မ ပုံမှန်လုပ်ဖြစ်နေတော့ တစ်နေ့တော့ စမ်းကြည့်မယ်ဆိုပြီး မျက်မှန်မတပ်ပဲ.. ကွန်ပျူတာကို အချိန်ဘယ်လောက်များ ကြည့်နိုင်မလဲဆိုပြီး ကျွန်မ စမ်းကြည့်တာ... ဟိုး..အရင်.. ကထက်ပိုပြီး ကြည့်နိုင်တယ်လို့ ခံစားမိပါတယ်။

အဲ့ဒါကြောင့် .. ငါ လုပ်နေတဲ့လေ့ကျင့်ခန်းလေးကလည်း မဆိုးပါလား ဆိုပြီး ပိုပြီး ယုံယုံလာတယ်လေ..
ကဲ.. စာဖတ်သူတွေလည်း .သိပြီးသားဖြစ်နေရင်တော့ အရမ်းကောင်းတဲ့နည်းလေးဆိုပြီး ပိုပြီး ယုံကြည့်ကြဖို့ မျှော်လင့်လိုက်ရပါတယ်နော်... မသိသေးသူများကလည်း အပန်းမကြီးတာမို့ လုပ်ကြည့်စေချင်ပါတယ်နော်...
ကာကွယ်ခြင်းကလည်း အကောင်းဆုံးဆေးနည်းမဟုတ်ပါလားနော်....

နည်းလေးကတော့
မနက် အိပ်ယာနိုးတာနဲ့ မျက်နှာသစ်၊ ရေချိုး တော့မယ်ဆိုရင်တော့

1. ဒူး အထက်ကနားကနေ ရေကိုအရင်လောင်းလိုက်ပါ။ စိတ်ကြိုက်သာလောင်းနော်...
2. သွားမတိုက်ခင် မျက်နှာကိုအရင်သစ်ပါ။
3. မျက်နှာက ရေစိုနေတာကို အရင်သုတ်လိုက်ပါ။
4. ရေတွေခြောက်သွားတော့မှ သွားကိုတိုက်ပါ။
5. ခေါင်းလေ့ကျင့်ခန်းကိုလည်း မိမိတို့ သိသလောက် လုပ်ပေးပါ။

နည်းလေးကတော့ ဒါပါပဲ... မယုံရင်လုပ်ကြည့်ကြဖို့..တိုက်တွန်းလိုက်ပါရစေနော်..

2 comments:

မှန်လိုက်လေဗျာ....ကောင်းတယ်ဗျာ
လုပ်ကြည့်ပါ..တစ်ကယ်ကိုအဆင်ပြေပါတယ်...
ကျေးဇူး
ညီမရေ

ကျေးဇူးပါစိမ့်စမ်းရေလေးရေ ပျော်ရွှင်ပါစေနော်...

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More