Sunday, October 23, 2011

အင်တာနက်လိုင်းများ ပြတ်တောက်ခြင်း

အောက်တိုဘာလ 17 ရက်နေ့မှစ၍ အင်တာနက်လိုင်းများပြင်ဆင်နေပါသည် ဆိုသော သတိပေးစာအရ
ကျွန်မတို့ကတော့ အင်တာနက်ကို ပြတ်တောင်းပြတ်တောင်းကြားထဲကပဲ သုံးနေရတာ....

တစ်နေ့စာမေးတွေကို ၀င်မဖတ်ရရင် စားမ၀င်တဲ့ကျွန်မကတော့ .....ခုတော့လဲ... ၃ ရက်ပေါင်းလို့ စုပြီး ဖတ်နေရပါတယ်.......

သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာ စကားပြောရတဲ့ ဖေ့ဘုတ်ကလည်း ထို့နည်းတူပါ.....

ဒီနေ့တော့ ဒီသတင်းလေးကိုဖတ်လိုက်ရလို့ မသိသေးသူတွေအတွက် ပြန်ပြီးတင်ပေးလိုက်ပါတယ်နော်....

by emg
ယခုဖြစ်ပေါ်နေသော အင်တာနက်ယာယီပြတ်တောက်မှုမှာ SEA-ME-WE 3 ရေအောက်ဆက်ကြောင်း လိုင်းချို့ယွင်းမှုကြောင့်ဖြစ်ပြီး အဆိုပါချို့ယွင်းမှုမှာ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
SEA-ME-WE 3 ချို့ယွင်းတာကို ပြင်ဆင်ဖို့အတွက်သွားနေတဲ့ သဘောင်္ကို အောက်တိုဘာလ ၂၅ ရက်နေ့လောက်မှ ပျက်တဲ့နေရာကို ရောက်မယ်လို့သိရပါတယ်" ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊သတင်း အချက်အလက်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပြပါသည်


ဖေ့ဘုတ်. Information & Technology Network
မှ
တဆင့် ပြန်လည် ဖောပြပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More