Tuesday, October 11, 2011

သီတင်းကျွတ်လ

ညနေပိုင်း ကျောင်းသားတွေကိုစာသင်ရင်း.... စကားစပ်မိလို့ပြောပြရတဲ့ သီတင်းကျွတ်အကြောင်းလေးကို

ကလေးတွေနဲ့အတူ အလွယ်မှတ်ရ ကဗျာလေးကို စပ်ပေးလိုက်တာပါ။

သီတင်းကျွတ်လ

မိုးလကင်းလွတ် သီတင်းကျွတ်
ပျော်ရွှင်ပါစေ တို့တတွေ။

လူကြီးလူငယ်များလှတယ်..

နေရာအစုံမှာကွယ် ။


ပိုင်းခြားဝေဖန် ဆန်းသစ်တော့

ပျော်လို့ရွှင်လို့ပေါ့.။


မြန်ပြည်တစ်ခွင်သာယာတယ်
ဒီလိုချိန်မှာကွယ်။

မြတ်စွာဇိနော် စိန္တေရော်.
မီးပုံးများဖြင့် တို့ပူဇော်.. ။

ဖယောင်းဆီမီး ပြည့်စုံတယ်
ထွန်းညှိကြရာဝယ်။

ရောင်စုံမီးပုံးတရုန်းရုန်း
ဘယ်သူအလှဆုံး..။

ဘိုးဘိုးဘွားဘွား ကန်တော့မယ်.
ဝန်ချတောင်းပန်မယ်...။

ဖေဖေမေမေ ရှေ့ကထား...
ဦးဆောင်ပါစေလား.။

ဆရာများလည်းရှိသေးတယ်.
မမေ့ကြဖို့ကွယ်..။

ဒီလိုချိန်မှာသတိရှိ
နှစ်စဉ်လုပ်ပါ၏။

(သူဇာလေးနှင့် ကလေးများမှ စုပေါင်းစပ်ဆိုသည်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More