Monday, October 31, 2011

myanmar 3 to Zawgyi font

Myanmar 3 မရှိသော်လည်း စာများကို အလွယ်တကူ ဖတ်ရှုနည်း

သူဇာကိုယ်တိုင် စမ်းကြည့်ပြီးသွားပါပြီ သုံးရတာ အဆင်ပြေပါတယ်... ကဲ့.. ဒါဆိုရင်တော့

နည်းပညာဆိုဒ်က စာတွေကို ဖတ်လို့ရကြလိမ့်မယ်လို့ မျှော်လင့်လိုက်ရပါတယ်နော်......

October 30, 2011 ၊ အချိန် 5: 14 pm တွင် heinmin မှ MMITD အသိပညာ ဗဟုသုတ ခေါင်းစဉ်အောက်၌ ရေးသားခဲ့သည်။

သိပြီးသားသူတွေလည်း သိပြီးသားဖြစ်မှာပါ။ မသိသေးသူများအတွက်ပါ။
အခုဆိုရင် IT ဆိုဒ်တွေက ယူနီကုဒ်ကိုပြောင်းသုံးနေကြပါပြီ။ ဒါပေမယ့် အင်တာနက်ဆိုင် တော်တော်များများက
ယူနီကုဒ်ကို မသွင်းထားကြပါဘူး၊ အဲဒိတော့ ကိုယ့်ဘာသာကို Stick နဲ့ ယူလာပြီးတော့ သွင်းပြီးမှ ဖတ်လို့ရပါတယ်။

တစ်ခါတလေ stick က ပါမလာ၊ ဆိုင်ကလဲ ယူနီကုဒ် မရှိဆိုရင် တော်တော်ဒုက္ခရောက်ပါတယ်။

အဲဒိတော့ ဆော့စ်ဝဲ မလိုပဲ ယူနီကုဒ်ကို ဖတ်လို့ရမယ့် နည်းရှိုပါတယ်။

Unicode to Zawgyi ပြောင်းဖို့

အောက်က စာလေးတွေကို Bookmark bar မှာ new bookmark ယူပြီး location မှာ ထည့်ပေးပါ။

Name ကိုတော့ Unicode to Zawgyi လို့ပေးလိုက်ပါ။

Bookmark bar မှာ add ထားလိုက်ပါ။

javascript:(function(){var%20s=document.createElement('script');s.setAttribute('src','http://sawsan.googlecode.com/files/uni512zg1.js');document.getElementsByTagName('body')[0].appendChild(s);})();

Zawgyi to Unicode ပြောင်းဖို့ကတော့

Name ကိုတော့ Zawgyi to Unicode လို့ပေးလိုက်ပါ။ Bookmark bar မှာ add ထားလိုက်ပါ။

javascript:(function(){var%20s=document.createElement('script');s.setAttribute('src','http://sawsan.googlecode.com/files/zg12uni51.js');document.getElementsByTagName('body')[0].appendChild(s);})();

ကဲ ဒါဆိုရင်တော့ mmitd ကဲ့သို့သော တခြား နည်းပညာ ဆိုဒ်က စာတွေကို bookmark မှာ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ဖတ်နိုင်ပါပြီ။

တစ်ခုရှိတာက page တစ်ခုပြောင်းရင် တစ်ခါ ကလစ် ဖို့တော့ လိုပါတယ်။

myanmar 3 နဲ့ရေးထားတာမို့ Zawgyi ပြောင်းပြီး ပြန်ရေးပေးလိုက်ရပါတယ်

အားလုံးအဆင်ပြေကြပါစေနော်..

Share

Twitter Delicious Facebook Digg Stumbleupon Favorites More