Friday, November 25, 2011

Microsoft Excel 2007 နောက်ဆုံး...

Symbol

Work Sheet တွင် data များ၏ရှေ့တွင် Symbol များလည်းထည့်နိုင်ပါသည်။ နှစ်သက်ရာ Symbol တစ်ခုကို ယူ၍

Insert ကို Click လုပ်ပြီး Close ကို Click လုပ်ပါ။

PageLayout Tab


Page Layout Tab သည် အလွန်ကြီးမားသော word sheet မျက်နှာပြင်တစ်ခုလုံးအား မိမိလိုသလို စာရွက်ပိုင်းလေးများ ပိုင်း၍ ပြင်ဆင်နိုင်သည်။ A4, Legal, Letter စသည်ဖြင့် စာရွက်မျိုးစုံရွေးချယ်နိုင်သည်။

စာရွက်တစ်ခုလုံးအား color ရောင်စုံများထည့်ခြင်း၊ Margin များ ပြင်ဆင်ခြင်း စသည်တို့ပါဝင်သည်။


စာရွက်တစ်ခုလုံးအား Font Design များပြောင်းလဲပေးနိုင်သည်။

ရွေးထားသော Themes များထဲမှ Design များကိုလည်း Colors တွင် ပြောင်းလဲပေးနိုင် သေးသည်။


Page Setup Group မှ မြှားလေးကိုဖွင့်ချပါ။

Page - စာရွက်အရွယ်အစားနှင့် ဆိုဒ်ပုံစံကို ရွေးချယ်နိုင်သည်။

Margins - လိုသလိုချိန်ညှိနိုင်သည်။ Center on page တွင်လည်း horizontally , vertically စသည်ဖြင့် အသုံးပြုနိုင်သည်။

Header/ Footer –

Marginsတွင်header နင့်Footerအတွက်ချန်ထားသောနေရာတွင် ခေါင်းစည်းများအဖြင့် ရေးနိုင်သော

နေရာဖြစ်သည်။


Page Setup Group ထဲမှ Sheet

Sheet သည် Excel Worksheet တွင် ရိုက်ထားသော လေ့ကျင့်ခန်း များကို print ထုတ်ရာတွင် အဆင်ပြေစေရန် page စာမျက်နှာ များကို သတ်မှတ်သော နေရာ ဖြစ်သည်။

Down, then over,

Over, then down

စသည်ဖြင့် ရွေးချယ်ထားမှသာ

မိမိတို့အလိုရှိသော စာရွက်များကို အစဉ်လိုက် Print ထုတ်ပေးမည် ဖြစ်သည်။


Formulas

Formulas အခန်းသည် ပုံသေနည်းများကို သီးသန့်ထား ပေးထားသော အခန်းဟု ဆိုနိုင်သည်။ ပေါင်း၊ နှုတ်၊ မြှောက်၊ စား စသည်များအပြင် တခြားပုံသေနည်းများကို တစ်နေရာတည်းနှင့် အလွယ်တကူ သုံးနိုင်အောင် စီစဉ်ပေးထားသော အခန်းဖြစ်သည်။

Data Tab >> Data Tools >> Consolidate

Consolidate



table နှစ်ခုကို ပေါင်းချင်တဲ့အခါ Consolidate ကို သုံးနိုင်သည်။

table နှစ်ခုရှိ data များသာ ပေါင်းပေးသည်။

Top row , left column စသည်ဖြင့်လည်း ရွေးချယ်နိုင်သေးသည်။

Review Tab >> spelling


sheet တစ်ခုလုံးကို စာလုံးပေါင်းများ မှန်မမှန်ကို စစ်ပေးသည်။

စာလုံးအသစ်များ Change ခြင်း၊ မူလစာလုံး အတိုင်း ပြန်ယူခြင်း ( Ignore Once )

စသည်ဖြင့် ပြောင်းလဲ နိုင်ပါသည်။

မြင်ကွင်းများကို လိုသလို ကြည့်နိုင်သည်။ Normal View, Page Layout View, Full screen View စသည်ဖြင့် ရွေးချယ်နိုင်ပါသည်။ မြင်ကွင်းများ ချုံ့၊ ချဲ့ ခြင်း များကိုလည်း တပါတည်း လုပ်ဆောင်နိုင် မည်ဖြစ်သည်။

အားလုံးနားလည်ကြလိမ့်မယ်လို့

ယုံကြည်ပါတယ်...

အဆင်ပြေပါစေ..

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More