နည်းပညာ ခေါင်းစဉ်အောက်ရှိပိုစ့်များသည် ကိုယ်တိုင်ရေးထားသောပိုစ့်များ ဖြစ်သောကြောင့် မသိတာ... မရှင်းတာများကိုလည်း ပြန်လည်မေးမြန်းနိုင်ပါတယ်...
Control Palette
Tool box ထဲရှိ ပစ္စည်းများ တစ်ခုစီ၏ အကြောင်းကို ပြည့်စုံစွာ ဖော်ပြပေးသည်။
နှစ်သက်ရာ ပစ္စည်းတခုခုကို Click လုပ်လိုက်ပါက စာရွက်၏ အောက်ဘက်နားတွင် Control Palette တစ်ခုကို မြင်ရမည်ဖြစ်သည်။ သက်ဆိုင်ရာ တစ်ခုချင်းစီအတွက် အဆင်ပြေအောင် အသင့်ပေးထားမည်ဖြစ်သည်။
Tool box ရှိ Text Tool ကို Click လုပ်လိုက်ပါက Text tool control palette ကို မြင်ရမည်ဖြစ်သည်။
1 – Normal ( မူလအခြေအနေသို့ ပြန်ပြင်ပေးသည် )
2 – Bold ( စာလုံးအရောင်မဲခြင်း)
3 – Italic ( စာလုံးများစောင်ခြင်း)
4 – Underline ( စာလုံးများအောက်ခြေတွင် မျဉ်းတားခြင်း)
5 – Reverse ( စာလုံးမျာကို အဖြူ၊ အမဲ ပြောင်းခြင်း )
6 - Strikethrough ( စာလုံးများကို အမှားအဖြစ် ပြုလုပ်ရန် မျဉ်းဖြတ်အဖြစ်သုံးသည်။)
7 – Small cap
8 – All cap
9 – Super-script
10 – Sub-script
11 – ( စာကြောင်း အစိတ်အကျဲ )
12 – ( စာလုံး၏ အကျယ် )
13 – ( စာလုံး၏အခြေခံမျဉ်းမှ အထက်အောက် အကွာအဝေး)
14 – ( စာလုံးအစိတ်အကျဲ )
15 – ( စာလုံးအစိတ်အကျဲ )
16 – ( စာလုံးအကြီးအသေး )
17 – ( စာလုံးပုံစံများ )
စာပိုဒ်များကို ချိန်ညှိပေးသော နေရာဖြစ်သည်။ စာပိုဒ်များကို ညာဘက်ညီခြင်း၊ အလည်ပို့ခြင်း၊ ညာဘက်ညီခြင်း၊ စာပိုဒ်များ ခွဲခြင်း၊ ပထမစာကြောင်းများ အတွင်းသို့ဝင်ခြင်း စသည်တို့ ပြင်နိုင်ပါသည်။
Color Box
ဆွဲသားလိုက်သော ပုံများ၏ line color များ၊ Fill color များ နှင့် Fill, line color များကိုပြောင်းနိုင်သည်။
Tint - သည် ရွေးထားပြီးသော အရောင်များကို ရာခိုင်နှုန်း (%) လျော့ပေးသည်။
အသင့်ပေးထားသော color များအပြင် အသစ်အသစ် များကိုလည်း ရယူနိုင်ပါသည်။
Short Cuts
Page Maker ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် Short cut များကို သုံးစွဲနိုင်သည်။ Menu bar ပေါ်က File, Edit, Layout စသည်များကို ကလစ်နှိပ်ကြည့်သောအခါ ကျလာသော box ကလေးများတွင် အသင့်သုံးရန် Short cut များပါဝင်ပေသည်။
မိမိတို့လိုသလို မှတ်သားပြီး အသုံးပြုနိုင်သည်။
toolsများရဲ့အသုံးဝင်မှုတွေကိုပဲ အကြမ်းသိထားရုံလေးပါ. နောက်များမှာအဆင်ပြေရင်တော့ လေ့ကျင့် ခန်းတွေနဲ့ အဆင်ပြေအောင် တင်ပေးပါ့မယ်..
အားလုံးအဆင်ပြေကြပါစေ...
1 comments:
စောင့်မျော်ဖတ်ရူနေပါတယ်ရှင့် ဆက်လက်ပြီး သင်ပြပေးပါနော်...
Post a Comment