Sunday, November 13, 2011

Microsoft Excel 2007 (4 )

Cells

စာရင်း၊ ဇယားကွက်တွေ ပြုလုပ်ရင်း နောက်ထပ် Row အတန်းနဲ့ Column ကော်လံတွေကို ထပ်တိုးတာတို့ ကိုလည်း စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။ အဲဒီအပြင် နောက်ထပ် Sheet တွေကိုလည်း ထပ်တိုးယူနိုင်ပါတယ်။

Home Menu => Cells => Insert ထဲက Command တွေကို အသုံးပြုနိုင်ပါတယ်။

အသုံးမလိုတော့ဘဲ ပိုနေတဲ့ Row နှင့် Column တွေကို ဖျက်ပစ်လိုရင် - Home Menu ထဲက Cells အကွက်ထဲမှာ ရှိတဲ့ Delete ကို အသုံးပြုပြီး ဖျက်ပစ်နိုင်ပါတယ်။


Cell အကွက်တစ်ကွက်ရဲ့ အမြင့် (Height)၊ အကျယ် (Width) စတာတွေကို အသေးစိတ် ပြင်ဆင်သတ် မှတ်လိုရင် Home => Cell => Format မှာရှိတဲ့ Command အကြောင်းအရာတွေနဲ့ ပြင်ဆင်နိုင်ပါတယ်။



Editing

Excel Program က စာရင်းဇယားနဲ့ ပတ်သက်တဲ့ တွက်ချက်မှုတွေကို အလွယ်ကူဆုံး တွက်ချက်ပေးနိုင်တဲ့ Program တစ်ခုပဲ ဖြစ်ပါတယ်။

ကိန်းဂဏန်းပမာဏ အားလုံးကို ပေါင်းခြင်းအပြင် တခြား အသုံးများတဲ့ ဖော်မြူလာတွေကို အသုံးပြုလိုရင် Auto Sum ဘေးမှာရှိတဲ့ မြှားနေရာမှာ တစ်ချက်နှိပ်လိုက်လျှင် Average ပျမ်းမျှခြင်းရှာခြင်း၊ Count Numbers နံပါတ်များ ရေတွက်ခြင်း၊ Max အများဆုံး ကိန်းဂဏန်းကို ဖော်ထုတ်ပေးခြင်း၊ Min အနည်းဆုံး ကိန်းဂဏန်းကို ဖော်ထုတ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။



Insert Menu Toolbar

Insert ဆိုတာကတော့ ရုပ်ပုံတွေ၊ Picture တွေ၊ table စတာတွေကို အစားသွင်းဖော်ပြတဲ့အခန်းပါ။

နှစ်သက်ရာ ဒီဇိုင်းများကို စိတ်ကြိုက် အစားသွင်း နိုင်ပါတယ်။



ရှုပ်ထွေးနေတဲ့ စာရင်းဇယားထဲက အရှင်းလင်းဆုံး ဖော်ထုတ်လိုတဲ့ ဇယားကွက်ကိုပဲ သီးခြားပြန်လည် ဖော်ထုတ်လိုတဲ့အခါ Insert Menu ထဲမှ Pivot ကို အသုံးပြုရပါတယ်။ Pivot မှာ Pivot Table နှင့် Pivot Chart ဆိုပြီး အကြောင်းအရာ ၂-မျိုး ရှိပါတယ်။





Sheet တစ်ခုအတွင်းမှာ ဇယားကွက်တစ်ခုကို ကြိုတင်သတ်မှတ်ပြုလုပ်လိုရင် Insert Menu အောက်က Tables အကွက်ထဲမှ Table ကိုနှိပ်ပြီး သတ်မှတ်ပြုလုပ်နိုင်ပါတယ်။ မိမိလိုသလောက် အတိုင်းအတာကို Select မှတ်ထားပြီး Insert ထဲမှ table ကို ကလစ်လုပ်ပါ။ OK နှိပ်ပါ။




Column များအလိုက် table တစ်ခု ကျလာမည်ဖြစ်သည်။

Filter တုံးလေးများပါ ပါလာမည်ဖြစ်သည်။


Insert Menu အောက်က Picture ကတော့ JPEG ဓါတ်ပုံ File အမျိုးအစားတွေကို Excel 2007 Program မှာ ထည့်သွင်းအသုံးပြုလိုတဲ့အခါမှာ အသုံးပြုရပါတယ်။



Inset Menu အောက်က ClipArt ကတော့ ကွန်ပျူတာထဲမှာ အသင့်သွင်းထားသော ပုံများကို စာရိုက်၍ရှာနိုင်သည်။


လိုချင်သော ပုံများ၏နာမည်ကို Search box တွင်ရိုက်ပါ။ Go ကိုကလစ် လုပ်ပါ။

သို့မဟုတ် Organize clips.. တွင်လည်းရှာနိုင်ပါသည်။

Organize clips ကို Clip လုပ်ပါ။ Office collection ကို Clip လုပ်ပါ။





Insert Tab >> Shapes




ကဲ.. ဒီနေ့တော့ ဒီလောက်ပဲနော်

အားလုံးအဆင်ပြေကြပါစေ











1 comments:

ကျေးဇူးပဲနော်ဖတ့် ပြီးမှတ့် သွားတယ်..နောက့် တခါလာဖတ့် ရင်စာအုပ်ပါယူလာမယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More