Wednesday, November 30, 2011

38 ဖြာမင်္ဂလာ

သုံးဆယ့်ရှစ်ဖြာမင်္ဂလာ
.

၁။ လူဆိုး လူမိုက်တို့ကို မမှီဝဲ မပေါင်းသင်းခြင်း။
1. Not to associate with fools.

၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းခြင်း။
To associate with wise.

၃။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း။
3. To honour those-worthy of honour.

၎။ သင့်လျော်သော အရပ် နေခြင်း။
4. To live in suitable region.

၅။ ရှေး ပြုဖူးသော ကောင်းမှုအထူး ရှိခြင်း။
5. To have accumulated on oneself.

၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
6. To be rightly concentrated on oneself.

၇။ အကြား အမြင် များခြင်း။
7. To have immensity of knowledge.

၈။ စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း။
8. To acquire skill in sciences.

၉။ လူ့ကျင့်ဝတ်ကို ကောင်းစွာ သင်ကြား နားလည်ခြင်း။
9. To be well-trained in discipline.

၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
10. To have pleasant speech.

၁၁။ အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း။
11. To serve one’s actions.

၁၂။ ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း။
12. To look after one’s family.

၁၃။ ရှုပ်ထွေးမှု ကင်းလျက် စနစ်တကျ ကြိုးစား စူးစိုက် လုပ်ကိုင်ခြင်း။
13. To be peaceful in one’s action.

၁၄။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။
14. To donate generously.

၁၅။ ကောင်းသော အကျင့်တရားကို ကျင့်ခြင်း။
15. To live the life of Dhamma.

၁၆။ ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း။
16. To help one’s relations.

၁၇။ အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
17. To abstain from immoral livelihood.

၁၈။ မကောင်းမှုကို စိတ်ဖြင့် ရှောင်ခြင်း။
18. To abstain from evil (mental).

၁၉။ မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ခြင်း။
19. To abstain from evil (physical).

၂၀။ မူးယစ်သေစာ မသောက်စားခြင်း။
20. To abstain from intoxicants.

၂၁။ ကုသိုလ်တရားတို့ မမေ့မလျော့ခြင်း။
21. To practice Dhamma deligently.

၂၂။ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း။
22. To be respectful.

၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း။
23. To be humble.

၂၄။ တင်းတိမ်ရောင့်ရဲခြင်း။
24. To be content.

၂၅။ သူ့ကျေးဇူးကို သိခြင်း။
25. To be grateful.

၂၆။ သင့်လျော်သောအခါ တရားနာခြင်း။
26. To listen Dhamma at appropriate time.

၂၇။ သည်းခံခြင်း။
27. To be tolerant.

၂၈။ ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း။
28. To be obedient.

၂၉။ ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း။
29. To see saintly people.

၃၀။ သင့်လျော်သောအခါ တရားစကားဆွေးနွေးမေးမြန်းခြင်း။
30. To discuss Dhamma at appropriate times.

၃၁။ ခြိုးခြံသော အကျင့်ကို ကျင့်ခြင်း။
31. To have ascetic practices.

၃၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
32. To observe celibacy.

၃၃။ သစ္စာလေးပါး တရားကို သိမြင်ခြင်း။
33. To brserve Noble Truths.

၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
34. To realize Nibbana.

၃၅။ လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း။
35. To remain equanimous while coming in contact with visicitudes of life.

၃၆။ ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခ ဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်း။
36. To remain free from sorrow.

၃၇။ လိုချင်တပ်မက်ခြင်း၊ ရာဂ စသော မြူအညစ်အကြေး မရှိခြင်း။
37. To remain free from impurity.

၃၈။ စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း။
38. To remain free from insecurity.

Tin Nyunt အင်္ဂလိပ်စာ သင်ယူမှုဆိုင်ရာ အခမဲ့ အွန်လိုင်း Website များ

အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကို သွားရဖို့ အကြောင်းပေါ်လာရင် အင်္ဂလိပ်လိုပြောနိုင် ဖို့ speaking skill ကို ကျွမ်းကျင်ချင်ကြတယ်။ ကျွမ်းကျင်မှုတစ်ခုဆိုတာ လေ့ကျင့်မှုမရှိဘဲ မဖြစ်နိုင်ပါဘူး။ ယနေ့ခေတ်ကြီးမှာ speaking သင်တန်းကောင်းကောင်းလေးများ မရှိဘူးလားလို့ မေးကြတယ်။ ကျွန်တော်ကတော့ အွန်လိုင်း သို့မဟုတ် အင်တာနက်ဟာ အကောင်းဆုံး သင်တန်းကြီးပဲလို့ပြောရင် လက်ခံနိုင်ကြပါ့မလား မသိဘူး။

အင်္ဂလိပ်စာသင်ယူမှုမှာ ဝိဝါဒကွဲတာ တွေအများကြီး။ နိုင်ငံခြားကလာတဲ့ foreigner နဲ့ သင်မှ တို့၊ နိုင်ငံခြား ကျောင်းတက်မှဆိုပြီးတော့ အမျိုးမျိုးပြောကြတယ်။ ပြည်တွင်းဖြစ်နိုင်ငံခြားဆရာတွေအနေနဲ့ အင်္ဂလိပ်စာကို မြန်မာလိုပြောပြီး၊ စာဖတ်ပြ သင်နေတာတွေလည်း တွေ့ရတယ်။ အဲဒီလို သင်တန်းတွေ သွားတက်မယ့်အစား အွန်းလိုင်းကပဲ လေ့လာတာ ပိုကောင်းဦးမယ်။

အင်္ဂလိပ်လိုပြောဖို့ ရေးဖို့ဆိုတာ အခြေခံရှိပြီးသူတွေမှာ practice တွေအများကြီးလိုတယ်။ ကိုယ်နဲ့အတူ practice လုပ်နေတဲ့သူက စာဖတ်ပြနေတဲ့သူတွေ ဆိုရင်တော့ ပေးကားပေး၏ မရဆိုသလို ဖြစ်နေလိမ့်မယ်။

ကျွန်တော်တို့မှာ ဆရာမပါဘဲ သင်ယူ လေ့လာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အင်္ဂလိပ်စာကို free သင်ပေးနေတဲ့ site တွေအများကြီး အွန်လိုင်းပေါ်မှာ တွေ့နိုင်တယ်။ အဲဒီ site တွေမှာ tutorial တွေ၊ games တွေနဲ့ အခြား လေ့လာသင်ယူ ချင်စရာ နည်းလမ်းပေါင်းစုံတွေပေးနေတယ်။ အဲဒီ site တွေကိုသွားကြည့်ပြီး ဆရာကို အားမကိုး၊ ကိုယ့်ကိုယ်ကို အားကိုးကြည့်ရင် ရနိုင်ကြောင်း အသိပေးချင်ပါတယ်။

Livemocha

http://www.livemocha.com/

Livemocha လိုင်းကကမ္ဘာ့ပထမဆုံး အွန်လိုင်း social language learning site လို့ပြောနိုင်တယ်။ ဒီ site ကိုလာတဲ့သူတိုင်း self-study ကို free လုပ်ခွင့်ပေးထားတယ်။ သင်ခန်းစာတွေ အများကြီးထည့်ထားပေးတယ်။ ကိုယ်နဲ့တွဲပြီး လေ့လာချင်တဲ့သူတွေကို ကမ္ဘာအရပ်ရပ်မှာ ရှာနိုင်တယ်။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံပေါင်း များစွာက သူငယ်ချင်းတွေက ကူညီဖို့ အသင့်စောင့်နေတယ်။ Livemocha မှာ video တွေ၊ audio တွေကို download ချယူနိုင်သေးတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေက ဆရာတွေရဲ့ ပို့ချချက်တွေ၊ အသုံးဝင်တဲ့ နည်းလမ်းလေးတွေလည်း လေ့လာနိုင်တယ်။

VerbaLearn

http://www.verbalearn.com/

အင်္ဂလိပ်စာ vocabulary ကြွယ်ဝချင်ရင် ဒီ site ကိုဝင်ပြီးလေ့လာသင့်တယ်။ လေ့လာသင်ယူစရာ နည်းလမ်းပေါင်းစုံနဲ့ လမ်းညွှန်ပေးထားတယ်။ အဲဒီနည်းလမ်းတွေအားလုံးဟာလည်း အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတွေလို့ ပြောနိုင်တယ်။ အခမဲ့ရနိုင်တဲ့ အထဲမှာ vocabulary builders, MP3 နဲ့ ရယူနိုင်တဲ့ list တွေအပြင်၊ RSS vocabulary list ကိုပါတွေ့ရတယ်။ အခြားလေ့လာစရာတွေ အများကြီး ထည့်ပေးထားပါတယ်။

1-Language.com

http://www.1-language.com/

အင်္ဂလိပ်စာလေ့လာရာမှာ နားထောင်ခြင်း (listening) ဟာ အခြားဘာသာစကား သင်ယူမှုထက် ကောင်းတယ်လို့ပြောနိုင်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ သူတွေ အတွက် ဒီ site မှာ အခမဲ့ audio သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ အများကြီး စီစဉ်ထားတယ်။ Tutorial အနေနဲ့ audio သင်ခန်းစာပေါင်း ၄ဝ လောက်ပေးထားတယ်။ လက်တွေ့လေ့ကျင့်နိုင်အောင် စကား ပြောတွေချည်းပေးထားတယ်။ Language ကို acadimic အနေနဲ့ လေ့လာနေတဲ့သူတွေ အမေရိကန် တက္ကသိုလ်တွေရဲ့သင်ခန်းစာတွေအတိုင်း လေ့လာနိုင်ပါလိမ့်မယ်။

BBC

http://www.bbc.co.uk/

BBC ရဲ့ ဘာသာစကားလေ့လာမှု website ဟာ ဘာသာစကားမျိုးစုံ လေ့လာဖို့အကောင်းဆုံး site တစ်ခုလို့ဆိုနိုင်တယ်။ အဲဒီအထဲမှာ အင်္ဂလိပ်လည်းပါတယ်။ Audio နဲ့ video course တွေကို အခမဲ့ပေးတယ်။ အွန်လိုင်း မှာ newsletters, language tips နဲ့ အခြား သင်ထောက်ကူတွေအစုံအလင် ပေးထားပါတယ်။

Using English.com

http://www.usingenglish.com/

အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ ကျောင်းသားတွေအတွက် အထူးအားထားလောက်တဲ့ site ဖြစ်ပါတယ်။ ဒီ site ထဲမှာ reference တွေ အများကြီးပေးထားတယ်။ ပြီးတော့ English glossary, ESL test, quizzes, worksheets, English usage article, ESL discussion forum ကဏ္ဍတွေက စိတ်ဝင်စားစရာကောင်းတယ်။ လေ့လာဖို့ ရင်းမြစ်တွေအစုံပဲ။ လေ့လာရာမှာ အခက်အခဲ တွေ့နေရင်လည်း "Ask an English Teacher" မှာ မေးလို့ရတယ်။ သိချင်တာတွေကို ပြန်ဖြေပေးနိုင်တယ်။

About.com

http://www.about.com/

အင်္ဂလိပ်စာကို second language အနေနဲ့ သင်ခန်းစာ ၈ ခု အခမဲ့ပေးထားတယ်။ အဲဒီ course တွေကို အီးမေးလ်ကတဆင့် ပို့ပေးတယ်။ လေ့လာနိုင်တဲ့ learning resources တွေကိုလည်း link တွေပေးထားတယ်။ Community forum မှာ ကျောင်းသားတွေ အနေနဲ့ ကိုယ်လေ့လာထားတာတွေကို ဆွေးနွေးနိုင်တယ်။

Learn English Online

http://www.learn-english-online.org/

အင်္ဂလိပ်စာကို နည်းနည်းပဲသိသူတွေ၊ skill နိမ့်သူတွေအတွက် ဝင်ပြီးလေ့လာသင့်တဲ့ site တစ်ခုဖြစ်တယ်။ ဒီ site ထဲမှာ အခန်း ၁၁ ခန်းနဲ့ အခြေခံအင်္ဂလိပ်စာကို သင်ပေးထားတယ်။ Unit တိုင်းမှာ သင်ခန်းစာတွေ အများကြီးထည့်ပေးထားတယ်။ စုစုပေါင်း သင်ခန်းစာ ၅ဝ လောက်ကို အခမဲ့လုပ်ကြည့်နိုင်တယ်။

Word2Word

http://www.word2word.com/

ဒီ site ကတော့ အခမဲ့ရယူနိုင်တဲ့ အွန်လိုင်း language directory တစ်ခုဖြစ်တယ်။ Free ပေးတဲ့ language course အတော်များများကို link တွေလုပ်ပေးထားတယ်။ အွန်လိုင်း dictionary တွေ၊ translator တွေ၊ YouTube ပေါ်မှာ လေ့လာနိုင်တဲ့ ဘာသာစကားတွေ၊ ဘာသာစကားကို chatting လုပ်နိုင်တဲ့ site တွေနဲ့ အခြား ဘာသာစကားသင်ယူမှုဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကအစ အားလုံး ညွှန်းထားပါတယ်။

Transparent Language

http://www.transparent.com/

ဒီ site ကတော့ ဘာသာစကားလေ့လာတဲ့ learning ဆော့ဖ်ဝဲတွေကို ရောင်းတဲ့ site ဖြစ်တယ်။ ကိုယ်တိုင်လေ့လာနိုင်တဲ့ self-learners build vocabulary တွေကိုလည်း ဘာသာစကားပေါင်း ၁ဝဝ ကျော် လောက်နဲ့ အခမဲ့ပေးထားတယ်။ သူတို့ပေးထားတဲ့ free resources တွေထဲမှာ games, articles နဲ့ free downloads တွေလည်းပါတယ်။

EnglishClub

http://www.englishclub.com/

အင်္ဂလိပ်စာကို သင်ယူချင်တဲ့သူတွေ၊ သင်ကြားချင်သူတွေအတွက် အားကိုးလောက်တဲ့ site တစ်ခုဖြစ်တယ်။ Videos, lesson, games, chat တွေအစုံအလင်နဲ့ လေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို practice လုပ်ဖို့ အကောင်းဆုံး site တစ်ခုအနေနဲ့ ညွှန်းချင်တယ်။

Italki

http://www.italki.com/

ကမ္ဘာ့ဘာသာစကားလေ့လာမှုအွန်လိုင်း အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။ Web 2.0 concept တွေနဲ့ အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားလေ့လာသူတွေကိုပါ အကူအညီပေးနေတယ်။ ဒီအဖွဲ့မှာ ဂလိုဘယ် partner တွေ၊ lessons, video, audio နဲ့ အခြား သင်ထောက်ကူတွေအများကြီးကို စီစဉ်ပေးထားတယ်။

A4esl.org

http://a4esl.org/

အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ဒီ site မှာလေ့လာနိုင်တယ်။ Level အသီးသီးကို ဘာသာစကားနှစ်မျိုး (bilngual) နဲ့ဖော်ပြထားတယ်။ အင်္ဂလိပ်စာ လှုပ်ရှားမှုဆိုတာ grammer quizzes, vocabulary quizzes, bilingual quizzes, crossword puzzles နဲ့ ESL podcasts တွေကို လေ့လာ ချင်စရာကောင်းအောင် စီစဉ်ပေးထားတယ်။

DigitalDialects

http://www.digitaldialects.com/

ဒီ site မှာပေးထားတဲ့ ဂိမ်းတွေက ဘာသာစကားကို လေ့လာချင်စိတ်ဖြစ်အောင်ကို ဆွဲဆောင်သွားပါလိမ့်မယ်။ ဘာသာစကား အမျိုးမျိုးလေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို အခမဲ့လေ့လာနိုင်တယ်။ ပထဝီဝင်ဆိုင်ရာ ဂိမ်းကိုလည်းထည့်ထားပေးတယ်။ အခြား သင်ယူရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ အခမဲ့ site တွေကိုလည်း link တွေ ပေးထားတယ်။

Radio Lingua Network

http://rlnvault.com/rln09/

အခမဲ့ အွန်လိုင်း audio lessons တွေကို ဘာသာစကား အမျိုးပေါင်း ၂ဝ နဲ့ သင်ကြားပေးပါတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်စာ လည်းပါတယ်။ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို download ချယူနိုင်တယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာမှာကိုယ်ပြန်ပြီး အေးအေးဆေးဆေးလေ့လာနိုင်တယ်။ MP3 player နဲ့လည်း အသံဖိုင်တွေကို ဖွင့်နားထောင်ပြီး လေ့လာနိုင်တယ်။

Vocabulix

http://www.vocabulix.com/

အင်္ဂလိပ်စာ၊ ပြင်သစ်နဲ့ စပိန် vocabulary တွေကို vocabulary builder ကတဆင့် လေ့လာနိုင်တယ်။ Verb drills နဲ့ bilingual dictionaries တွေလည်း ထည့်ပေးထားတယ်။ ဒီ site မှာ vocabulary သင်ခန်းစာပေါင်း ၉ဝ လောက်ထည့်ထားပေးတယ်။

Tuesday, November 29, 2011

Blog လုပ်နည်း အပြည့်အစုံ (7)

Add to Blog
C-Box အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျှင် ရှေ့က နာရီ၊
ပြက္ခဒိန်တို့ ထည့်သလိုပင် Blog Page Element တစ်ခုအဖြစ် Paste
လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။
HTML Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။
Configure Window ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။
ဥပမာ-မှာချင်တာလေးတွေရှိရင်မှာခဲ့ပါ။
Content ထဲတွင် Cursor ချပြီး (Ctrl+V) တွဲနှိပ်ပါ (သို့) Content
နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ကူးလာတဲ့ HTML Code
များ ဒီနေရာတွင် ပေါ်လာမည်။
Save Changes တွင် Click နှိပ်ပြီး Save လုပ်လိုက်ပါ။ View Blog တွင်
Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် C-Box ကို မြင်ကြရပါမယ်။ ဒါဆိုရင်
Blog တွင်းသို့ (C-Box) လို့ခေါ်တဲ့ စကားပြောခန်း (Chat Room) လေးတစ်ခု
ထည့်သွင်းပြီးသွားပါပြီ။
Manage Page Element
မိမိရဲ့ Blog မှာ ထည့်သွင်းထားသည့် Page Element တွေထဲက
ဘယ်ဟာတွေကိုတော့ အပေါ်ကထားမယ်။ ဘယ် Element တွေကိုတော့ အောက်မှာထားမယ်
အစရှိသဖြင့် လိုသလို နေရာချ လို့ရပါတယ်။
“ဥပမာ-ကဗျာရေးလေ့ရှိပါသလား” လို့ အမည်ပေးထားသည့် “Poll Element” ကို
အပေါ်ဆုံးမှာ ထားလိုတယ်ဆိုပါစို့။ Mouse Pointer ကို ထို Poll Element
ပေါ်ရွှေ့လိုက်ပါ။ Cursor သည် Drag ဆိုတဲ့ ဖိဆွဲလို့ရတဲ့
မြှားပုံလေးထောင့်လေး ပြောင်းသွားပါမည်။
အဲဒီအချိန်မှာ Mouse ဖြင့် Drag ဆွဲပြီး လိုသည့်နေရာရောက်လျှင်
လွှတ်လိုက်ပါ။ ဒါဆိုရင် ၄င်း Element သည် အပေါ်သို့ ရောက်သွားပါမည်။
စိတ်တိုင်းကျ ရွှေ့ပြီးးလျှင် Save တွင် Click နှိပ်ရန်မမေ့ပါနှင့်။
Edit (or) Delete Page Element
မိမိထည့်သွင်းထားခဲ့သည့် Page Element တွေထဲက အချို့ကို ပြန်လည်ပြင်ဆင်ခြင်းသို့တည်းမဟုတ်
မလိုအပ်တော့၍ ဖျက်ထုတ်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ကြပါတယ်။
ပြန်လည် ပြင်ဆင်တည်းဖြတ်လိုသော Page Element ၏ Edit ပေါ်တွင် Click
တစ်ချက်နှိပ်လိုက်ပါ။ Configure Window ပြန်ပွင့်လာပါလိမ့်မယ်။
ပြင်ဆင်လိုသည့် စာသားမျာကို ပြင်ဆင်နိုင်ပါပြီ။ အကယ်၍
များလုံးဝဖျက်ထုတ်လိုပါက Remove Page Element တွင် နှိပ်ပြီး
ဖျက်ထုတ်နိုင်ကြပါတယ်။
Edit Header
Header ဆိုတာဟာ Blog title နှင့် Description အဖြစ်ထည့်သွင်းထားသော
စာသားများရှိရာ နေရာ ဖြစ်သည်။ Header ရှိ Edit တွင် Click နှိပ်လိုက်ပါ။
Configuration Window ပွင့်လာပါမည်။
၎င်း Window ထဲတွင် Blog title နှင့် Description တို့ကို တွေ့ရပါမယ်။
ပြင်လိုက ပြင်နိုင်ပါတယ်။ ဒီနေရာမှာ Header ကို ထူးခြားအောင် လုပ်လို့ရတာက
နောက်ခံနေရာမှာ မိမိနှစ်သက်ရာ ပုံကို ပြောင်း ထည့်ထားနိုင်ခြင်းဖြစ်ပါတယ်။
Browse တွင် Click နှိပ်ပြီး Header နောက်ခံထားလိုသည့် ပုံဖိုင်လ်ကို
ရွေးပေးပါ။ စိတ်တိုင်းကျပြီဆိုရင် Save Changes တွင် Click နှိပ်ပြီး
သိမ်းဆည်းလိုက်ပါ။
ဒါဆိုရင် Blog ကို ပြန်ကြည့်ပါက Header နေရာမှာ ရှေ့ကလို နောက်ခံပလိတ်
မဟုတ်တော့ပဲ မိမိရွေးချယ်ထည့်သွင်းခဲ့တဲ့ ပုံနောက်ခံ ဖြစ်သွားပါလိမ့်မယ်။
Blogger ဖြင့် Blog ရေးရန်ဘာတွေလိုမလဲ
ပုံမှန်အားဖြင့် Blog ရေးချင်တဲ့ Website မှာ Register အရင်လုပ်ရတယ်။ ပြီးမှစရေးလို့ရတယ်။ ဆိုရရင် Multiply မှာရေးချင်ရင် www.multiply.com
ကို သွား၊ ထုံးစံအတိုင်း Email လိပ်စာပေးပြီး Registe လုပ်၊ ပြီးရင်
စရေးလို့ရပြီ Blogger မှာလည်း ယေဘုယျအားဖြင့် ထိုနည်းအတိုင်းပါပဲ။
သို့သော် မိမိမှာ Gmail Account တစ်ခုရှိရမယ်ဆိုရင်တော့ Blogger မှာ
Register လုပ်စရာမလိုပဲ တန်းရေးလို့ရတယ်။ သဘောက Blogger သည် Google ကပေးတဲ့
Service Gmail သည်လည်း Google ကပေးတဲ့ Service ဖြစ်သည့်အတွက် Gmail
Account ရှိသူတယောက်ဖြစ်ဖို့လိုပါသည်။
ဝါသနာပါသူများ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်စေလိုသောကြောင့်လည်းကောင်း၊
မူရင်းရေးသားသူ၏ ရေးသာချက်လေး ပြန့်ပွား လူ အသိများစေလိုသောကြောင့်
လည်းကောင်း ထပ်ဆင့်မျှဝေလိုက်ပါသည်။

1.
www.blogger.com

ထဲသို့ Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email
ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Pageလို့ခေါ်လိုက်ကျရအောင်။

2. Blog Send Address နေရာတွင် မိမိရဲ့ Emailလိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေ၇ာတွင်လျှို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။
လျှို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။
------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့်
အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျှို့ဝှက်လိပ်စာဖြစ်ရမှာ
ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ
ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ
လျှို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။

3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။

ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန်
အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို
ကြည့်လိုက်ရအောင်……..

1. To နေရာတွင် လျှို့ဝှက်လိပ်စာကို ထည့်သွင်းပါ။

2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။

3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ
စာသားများ ဖြစ်လာပါလိမ့်မယ်။ ရေးလိုသမျှ ရေးပြီးပြီဆိုရင် နောက်မှ
စာနောက်ဆုံးမှာ #end ဆိုတာလေးကိုထည့်ပေးလိုက်ပါ။ ဒီနေရာအထိပဲဆိုတဲ့
သဘောဖြစ်ပါတယ်။ အချို့ Email Program တွေမှာ ကိုယ်ရေးတာအပြင် “No Virus
Found” ဆိုတဲ့ စာသားတွေ၊ ကြော်ငြာတွေအလိုလိုပါသွား တတ်ပါတယ်။
အဲ့ဒါတွေမပါအောင် #end ကိုထည့်ရခြင်း ဖြစ်ပါတယ်။

စိတ်တိုင်းကျပြီဆိုလျှင် Send တွင် Click နှိပ်ပြီးပို့လိုက်ပါ။ ခဏအကြာ Blog ထဲမှာ Post သစ်တခုတိုးလာပါလိမ့်မယ်။

Blog ရေးနည်း

Blog တို့သည် Website များကဲ့သို့ပင် ဖြစ်ပါသည်။ ဆိုရရင် Website
များမှာကဲ့သို့ Blog တစ်ခုမှာလည်း အခြားမည်သည့် Blog တို့နှင့် မတူနိုင်တဲ့
ကိုယ်ပိုင်လိပ်စာ ( URL) တစ်ခုစီရှိကြပါတယ်။ Page တစ်ခုကနေ အခြား Page
တစ်ခုကို ကူးပြောင်းကြည့်ရူနိုင်တဲ့ Hyperlink တွေပါရှိကြတယ်။ ဒါက အခြေခံ
အကျဆုံး တူညီချက်တွေကို ပြောတာပါ။ သဘောတရားအားဖြင့်
အနည်းငယ်ကွဲလွဲမှုလေးတွေတော့ ရှိပါတယ်။

အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသော
အကြောင်းအရာတို့နှင့် ပတ်သက်ပြီး ၀င်ရောက်ဖတ်ရူ့သူများအနေနှင့်
ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ၀င်ရောက်ဖတ်ရူနိုင်ရုံသက်သက် ဖြစ်ပါတယ်။
သို့သော် Blog တွင် ပါဝင်ရေးသားချက်များပေါ်မှာ စိတ်ဝင်စားရင် ဖတ်ရူသူတို့
ကိုယ်တိုင် ဝေဖန်ဆွေးနွေး Comment ၀င်ရေးလို့ ရနိုင်ပါတယ်။
သိလိုသမျှကိုလည်း မေးမြန်းနိုင်ကြပါတယ်။

C-Box

C-Box ဆိုတာက Blog Page အတော်များများမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်း
(Chat room) လေးများပဲ ဖြစ်ပါတယ်။ အဲဒီ C-Box ထဲမှာ Post တွင်းပါ
အကြောင်းအရာတို့နှင့် ပတ်သက်ပြီး လွယ်လွယ်ကူကူ ဆွေးနွေးမေးမြန်းနိုင်ကြသလို
Blog ကိုလာရောက်လည်ပတ်သူတွေ အချင်းချင်းလည်း နှစ်သက်ရာ အကြောင်းအရာကို
ခေါင်းစဉ်တင် ဆွေးနွေးနိုင်ကြသည်။

သဘောက Blog ပိုင်ရှင်နှင့် ၀င်ရောက်ဖတ်ရူသူတို့အလွယ်တကူ ထိတွေ့
ဆက်ဆံနိုင်တဲ့ နေရာလေးပင် ဖြစ်ပါတယ်။ မိမိရဲ့ Blog မှာလည်း C-Box
ထားချင်ရင် အခကြေးငွေကုန်ကျမှုမရှိဘဲ ထည့်သွင်းထားနိုင်ပါတယ်။

Blog ထဲမှာ C-box ထည့်ခြင်းကို အောက်ဖော်ပြပါအတိုင်း ၃ပိုင်းခွဲ၍ ဖော်ပြသွားပါမယ်။

1) Create an C-Box Account

2) Configuring C-Box

3) Add to Blog

Create an C-Box Account

C-Box ထံမှ Account တစ်ခု၇ရှိရန် ထုံးစံအတိုင်း ပထမဦးစွာ Registration လုပ်ရမယ်။ ပြီးရင် Email မှတဆင့် Activative လုပ်ကြရပါမယ်။

1.
www.Cbox.ws

သို့သွားပါ။ ရောက်ပြီဆိုရင် Account သစ်တစ်ခုစဆောက်ရန် Signup တွင် Click နှိပ်လိုက်ပါ။

2. Username၊ Password အပါအ၀င် Email Address တို့ကိုဖြည့်ပြီး
Register လုပ်ရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Finish တွင် Click
တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် Registration လုပ်ခြင်း ပြီးဆုံးသွားပြိး
မိမိထည့်သွင်းပေးခဲ့သော Email လိပ်စာတွင်းသို့ C-Box မှ Mail
တစ်စောင်ပို့ထားပါလိမ့်မယ်။

3. C-Box တွင် Register လုပ်စဉ်အခါတုန်းက ပေးခဲ့သော Email အတွင်းသို့
Login ၀င်လိုက်ပါက C-Box မှပို့ထားသော Message အားတွေ့ရပါမယ်။ ၄င်း Mail
Message အားဖွင့်ဖတ်လိုက်ပါ။

4. ပွင့်လာသော Mail Message ထဲတွင်
www.cbox.ws

သို့ဝင်ရောက်တဲ့အခါ အသုံးပြုနိုင်မည့် Username နှင့် Password တို့ကို
တွေ့ရပါမယ်။ လိုအပ်ပါက ကူးယူမှတ်ထားလိုက်ပါ။ ထို့နောက် အပြာ ရောင်
Activation Link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ သီးခြား Window
တစ်ခုပွင့်လာပြီး
www.cbox.ws

သို့ ပြန်ရောက်သွားပါမယ်။

5. Activation လုပ်ရန်အတွက် Username နှင့် Password ကိုဖြည့်ပြီး
Login ၀င်ရပါမယ်။ (Username က ဖြည့်ပြီးသားဖြစ်ပါလိမ့်မယ်)။ Password
ဖြည့်ပြီး Login တွင် click နှိပ်လိုက်ပါ။ ဒါဆိုရင်
www.cbox.ws

သို့ Login ၀င်ရောက်သွားပြီး Activaiton လုပ်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။

Configuring you C-Box

C-box တွင် Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် လိုအပ်သလို Setting
အချို့ကို ပြင်ဆင်နိုင်ကြပါပြီ။ အထူးသဖြင့် C-Box အရွယ်အစား၊ စာလုံးအရောင်
အစရှိသဖြင့်ပေါ့။ စိတ်တိုင်းကျပြီဆိုမှ နာရီတွေ၊ ပြက္ခဒိန်တွေထည်သလိုပင်
HTML Code များအား Copy ကူးယူပြီး မိမိ Blog ထဲသွားထည့်ကြရပါမယ်။

1. C-Box အတွင်းဝင်ရောက်ပြိးပြီဆိုလျှင် မိမိရောက်ရှိနေသော နေရာသည်
Admin အောက်မှာ My Account ဆိုတဲ့ နေရာဖြစ်ပါတယ်။ (Page ၏ ဘယ်ဘက် Quick
Setup၊ Option အစရှိသည်တို့ထဲမှ My Account သည် High Light ဖြစ်နေပါမည်)။
C-Box Options တွင် Click နှိပ်လိုက်ပါ။

2. Options ထဲတွင် C-Box ရဲ့ အရွယ်အစားကို လိုသလို မြင်နိုင်ပါတယ်။ မှုလ အရွယ်အစားက 160*380 px ဖြစ်ပါတယ်။

3. အကယ်၍များ 200*400 px လို့များ ပြောင်းလိုက်ရင် C-Box သည်
ဘေးဘက်ပိုကျယ်လာမယ်။ အပေါ်အောက် ရှည်လာမယ်ပေါ့။ တစ်ခုခုပြင်ခဲ့တယ်ဆိုရင်
အရေးကြီးတာက Save တွင် Click နှိပ်ရပါမယ်။

မှတ်ချက်။ ။ စာလုံးအရောင်အရွယ်အစားတွေကို ပြောင်းလိုလျှင် Colours
& Fonts တွင် Click နှိပ်သွားရောက်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။
နောက်တခါ Smiles ထဲမှာဆိုရင် Keyboard ကနေဘယ်သေင်္ကတတွေတွဲရိုက်ပါက C-Box
ထဲမှာ ဘယ်လိုပုံ (Gesture) လေးတွေပေါ်မယ်ဆိုတာ မျိုးသွားရောက်လေ့လာ
ထားနိုင်ကြပါတယ်။

C-Box အတွင်းရေးသားထားသော Message များအား ဖျက်ထုတ်ခြင်း၊
ဘယ်သူတွေကိုတော့ ၀င်ရောက် ရေးသားခွင့် မပြုဆိုတာမျိုးတွေ ကန့်သတ်လိုပါက
Message Blocked user တို့ထဲမှာ လုပ်ဆောင် နိုင်ကြပါတယ်။ ယခုအဆင့်တင်
မလိုအပ်သေးပါ။

4. စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပြီ
ဆိုရင် မိမိ Blog တွင်
ထည့်သွင်းရန်အတွက် HTML Code များကို Copy ကူးယူရပါမယ်။ Quick setup တွင်
Click နှိပ်လိုက်ပါ။ မိမိရဲ့ C-Box အတွက် HTML Code များမြင်ကြရ ပါမယ်။

5. “Copy to Clipboard” တွင် Click နှိပ်လိုက်ပါက ၄င်း Code
များအားလုံးကို Copy ကူးယူပြီးသွားပါပြိ။ တစ်နေရာတွင် Paste (Ctrl+v)
လုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသော Message ပါသည့် Box ကျလာပါမည်။ OK တွင်
နှိပ်ပြိး ပိတ်လိုက်ပါ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More