Monday, August 29, 2011

paint ( window 7 )


Paint   ဆိုတာ window ထဲမှာ ရောင်စုံလှလှလေးတွေေ၇းဆွဲလို့၇အောင် ကူညီပေးတဲ့ Acessories folder ထဲက program တစ်ခုဖြစ်ပါတယ်။ paint ကို  sketch pad ပုံစံနဲ့ အသုံးပြုပြီး လွယ်ကူတဲ့ပုံတွေ၊ creative ပုံတွေကို ဆွဲလို့၇ပါတယ်။ ပုံတွေမှာလည်း စာထည့်ပေးနိုင်ပါတယ်။
Paint ကိုစတင် ဖွင့်တော့မယ်ဆိုရင်

Start>> Program>> Accessoris>>paint ကိုကလစ်လုပ်ပါ။
အောက်ပါပုံအတိုင်းမြင်ရမည်ဖြစ်သည်။ 

Paint တွင် Home နှင့်  View ဆိုပြီး အခန်းနှစ်ခန်းပါဝင်သည်။ Home သည် Paint တစ်ခုလုံးတွက် များစွာသော လုပ်ဆောင်ချက်များကို ပြုလုပ်ပေးမည်ဖြစ်သည်။ Home ထဲတွင် အခန်းခွဲငယ်ကလေးများ များစွာရှိပေသည်။

Paint Ribbon ရဲ့ဘယ်ဘက် အပေါ်ထိပ်နားတွင် Paint menu button တွင် file များကို အသစ်တောင်းခြင်း၊ ဖွင့်ခြင်း၊ သိမ်းခြင်း နှင့် အခြားသော လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်ပါသည်။
 
Tools Tab တွင် 
 
Shapes Tab တွင်မိမိဆွဲသားလိုသော ပုံများအား အလွယ်တကူဆွဲနိုင်ရန် ဖော်ပြထားသည်။



Outline သည် ပုံတစ်ခုအား ဆွဲသားလိုက်သည့်အခါမှသာ အရောင်လင်းလာမည်ဖြစ်သည်။ ထိုအခါ မိမိတို့၏ စိတ်ကြိုက် ပုံများကို တည်းဖြတ်နိုင်မည်ဖြစ်သည်။

Line size များသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ပုံတစ်ခုအား ဆွဲသားလိုက်သည့်အခါမှသာ မိမိတို့အသုံးပြုရန် အဆင်သင့်ဖြစ်လာမည်ဖြစ်သည်။ မိမိတို့စိတ်ကြိုက် Line size များကို ရွေးယူနိုင်မည်ဖြစ်သည်။
 
Colour Tab သည် မိမိဆွဲသားထားသော ပုံများအား အရောင်စုံ၊ အသွေးစုံ ပုံဖော်ပေးရန် အကောင်းဆုံးလုပ်ဆောင်ပေးသည်။ 
 
Color 1 သည် fore ground color ဖြစ်သည်။ မိမိတို့ ပုံများ၏ Line color, fill color များကို ပြောင်းလဲ အသုံးပြုရန်ဖြစ်သည်။

Color 2 သည်back ground color ဖြစ်သည်။ Drawing Area ၏ နောက်ခံအရောင်ဖြစ်သည်။

Edit Color သည် အရောင်များအား မိမိစိကြိုက် ပြုပြင်ပြောင်းလဲနိုင်သော အခန်းဖြစ်သည်။


စိတ်ကြိုက်အရောင်ကို အနု၊ အရင့် ဘားကို သုံးပြီး  ရွေးချယ်ပြီးပါက OK ကို ကလစ်ပါ။ ထိုအခါ Color box အောက်ခြေရှိ လွတ်နေသော အကွက်များတွင် အရောင်တစ်ရောင် ရောက်ရှိသွားမည်ဖြစ်သည်။

 
View Ribbon Tab

View Ribbon Tab.. သည် မိမိတို့ဆွဲသားထားသော ရုပ်ပုံများကို အကြီး၊ အသေး၊ စသည်ဖြင့် လိုရာပုံကို ကြည့်နိုင်ရန်ဖြစ်သည်။
 
 
Text Tool

Paint Ribbon ရှိ Tool tab ထဲမှ Text Tool သည် Drawing area ဖြစ်သော ဤနေရာတွင်၊ စာများ အလွယ်တကူ ရိုက်နိုင်ရန် စီမံပေးထားခြင်းဖြစ်သည်။
Text tool ကိုယူ၍ Drawing Area တွင် ကလစ်တစ်ချက် နှိပ်၍သော်လည်းကောင်း၊ လိုချင်သော ဧရိယာကို drag ဆွဲ၍သော်လည်းကောင်း မှတ်ပါ။
ထိုအခါ Paint Ribbon တွင် Text tool တစ်ခုပေါ်လာမည်ဖြစ်သည်။
ယင်း Text Tool သည်
စာလုံးများ ဒီဇိုင်းပြောင်းခြင်း၊ အရွယ်ပြောင်းခြင်းများနှင့် စာလုံးအရောင်၊ နောက်ခံအရောင်များ ပြောင်းလဲခြင်းများကိုပါ အသုံးပြုနိုင်သည်။

Opaque သည် Color 2 နှင့်တွဲ၍ Text ၏ နောက်ခံအရောင်အဖြစ် အသုံးပြုသည်။ ထိုနောက်ခံအရောင်ကို မလိုချင်ပါက  Transparent ကို အသုံးပြုနိုင်သည်။


ဒီလောက်ဆိုရင်တော့ နားလည်လောက်ပီလို့ထင်ပါတယ်နော်....



Share

Twitter Delicious Facebook Digg Stumbleupon Favorites More