Sunday, August 28, 2011

facebook ကို စတင်လေ့လာလိုသူများအတွက်

Mozilla firefox  ပေါ်က လိပ်စာ ဘားမှာ အပေါ်ကပုံကဲ့သို့ ရိုက်ပါ…. www.facebook.com ဟု ရိုက်ပါ… 



ထိုအခါ

ယခုကဲ့သို့ အသင်းဝင်ရန် box တစ်ခုကျလာလိမ့်မည်ဖြစ်သည်။  သင့်အမည်နှင့် မေးလိပ်စာများကို ရိုက်၍ signup ကိုနှိပ်ပါ….
 
တခါတလေ
 
ထိုကဲ့သို့ box များပေါ်တတ်ပါသည်။။ စာများကိုရိုက်ပါ။ sign up ကိုနှိပ်ပေးပါ။ ခဏစောင့်ပါ… မြန်မာပြည်ကွန်အတိုင်းရေးထားတာဖြစ်ပါသည်။ တခါတလေ နှစ်ခါပြန်ရေးရသည်များရှိတတ်ပါသည်။။ သည်းခံ၍စောင့်စေချင်ပါသည်။


Getting Started box ကျလာပါလိမ့်မည်။။   step 1 သည် သူငယ်ချင်းများကို ရှာရန်ဖြစ်သည် ။ ဖေ့ဘုတ်ဂရု ထဲေ၇ာက်မှ ရှာလျှင် ပိုကောင်းပါသည်။  step 2 သည် မိမိ၏ အကြောင်းအရာ အပြည့်အစုံကို ဖော်ပြရန်အတွက်ဖြစ်သည်။ step 3 သည် မိမိ၏ ကိုယ်စားပြုပုံကိုထည့်သွင်းရန်ဖြစ်သည်။  ထိုအဆင့်များကို တခါတည်းလုပ်ဆောင်ချင်၍လည်းရသည်။ အကယ်၍ ကျော်သွားချင်ပါက အောက်နားတွင် skip the step ဆိုတာကို တွေ့မည်ဖြစ်သည်။ နှိပ်လိုက်ပါ။ အဆင့် 3 ဆင့်အတွက် skip  ကိုသုံးခါနှိပ်ပါ။  အဆင့် 3 ဆင့်ကို ကျော်လွန်ပါက . မိမိသည် ဖေ့ဘုတ် ဂရုထဲသို့ေ၇ာက်ရှိပီဖြစ်သည်။

Face book စာမျက်နှာ အစတွင်….ဘယ်ဘက်ခြမ်းတွင်  Welcome  , News feed စသည်ဖြင့်တွေ့ရမည်ဖြစ်သည်။   new feed သည် အသစ်အသစ်များကို ဖော်ပြရန်ဖြစ်သည်။ မိမိတွင် မိတ်ဆွေများမရှိသေးသည့်အတွက် မည်သည့်အရာမျှ မြင်၇သေးမည်မဟုတ်ပေ။ မိမိသည်လည်း မန်ဘာအသစ်ဖြစ်သောကြောင့် မည်သည့်စာမျှ မရေးရသေးပေ။ စတင်၍ စာများရေးချင်ပါက newfeed ကို ကလစ်ပါ။ box တစ်ခုကျလာပါလိမ့်မည် ထိုအထဲတွင်ေ၇းပါ ပြီးလျှင် share ကိုနှိပ်ပါ။ မိမိတွင်သူငယ်ချင်းများရှိပါက ရေးလိုက်သောစာများသည် ထိုသူများထံသို့ ရောက်ရှိမည် ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေ၊သူငယ်ချင်းများကို ရှာ၍ အပ်နိုင်ပါသည်။ 


Search box တွင်မိမိ၏ သူငယ်ချင်းနာမည်ကိုရိုက်၍သော်၎င်း၊ အီးမေးလိပ်စာကို၎င်း ရိုက်ပါ။ enter ကိုနှိပ်ပါ။ 

အထက်ပါပုံကဲ့သို့ ကျလာပါလိမ့်မည်။  သူ့အကြောင်းကို ၀င်ကြည့်နိုင်ပါသည်။ ရုပ်ပုံကို ကလစ်ပါ။ ကြိုက်မှအပ်နိုင်သည်။ တစ်ချို့သောသူများသည် သူငယ်ချင်းဖြစ်မှသာ ၀င်ရောက်ကြည့်နိုင်ရန် ပြုလုပ်ထားတတ်ကြသည်။ ထို့ကြောင့်သူငယ်ချင်းအရင်လုပ်ရသည်။  Add as friend ကိုကလစ်ပါ။  send request box ကျလာပါလိမ့်မည့် ကလစ်ပါ။ တဖက်မှ လက်ခံပေးမှသာ သူငယ်ချင်းဖြစ်နိုင်သည်။

သူငယ်ချင်းများအပ်ပီးလျင်  မိမိကိုယ်ပိုင်ဖြစ်သော  home, profile, find friends Accouunt စသည်များသည် ညာဘက် အပေါ်ထိပ်နားတွင်ရှိသည်။


 
မိမိ၏ home ကိုသွားကြည့်ပါ။ ဖေ့ဘုတ်ကို စ ၀င်တုန်းကပုံစံမျိုးတွေ့လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်းများမ၇ှိလျှင် ကျန်သည့်လုပ်ဆောင်ချက်များကို မတွေ့ရတတ်ပေ။ ပီးလျှင်  profile ကိုသွားပါ။ profile သည် မိမိ၏ အကြောင်းအရာအစုံကို တည်ရှိရာဖြစ်သည်။

မိမိပြင်လိုသောအကြောင်းများ.၊ . တင်ချင်သောဓါတ်ပုံများ…၊ ထည့်သွင်းချင်သော သီချင်းများ၊ မိမိ၏အလုပ်၊  စသည်များကို Edit အခန်းသို့ဝင်၍ ထည့်နိုင်ပါသည်။ ပြီးလျှင် save changes ကိုနှိပ်ပါ။ 

နောက်တနေ့ထပ်ပြောပြပါမည်။ မိမိတွင်သူငယ်ချင်း၇လာသောအခါမှ အဆင်ပြေမည်ဖြစ်သည်။ ဖေ့ဘုတ်ထဲမှထွက်လိုပါက  Account ထဲမှ logout ကိုနှိပ်ပါ။။

ဖေ့ဘုတ် ကို မန်ဘာအသစ်တစ်ယောက်အတွက် ဒီလောက်ဆို အဆင်ပြေမည်ထင်ပါသည်။

နောက်ပိုင်း အဆင့်ဆင့်များကိုလည်း တင်ပြပေးသွားမှာပါနော်..
အဆင်ပြေတယ်ဆိုရင်တော့ ကောမက်လေး ထားခဲ့ကြပါနော်...

1 comments:

ခု့ မှပဲအဆင်ပြေသွားတယ်အစ်မရေ..ကျေးဇူးနော်..:)

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More